နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – ညနေခင်း သတင်းများ (၂၉/၉/၂၀၂၂)

စက်တင်ဘာ ၂၉ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂိုးတွေ အများကြီး သွင်းချင်သေးကြောင်း ဖွင့်ဟလာတဲ့ ဘန်ဇီမာ

စပိန် နာမည်ကြီး သတင်းစာ မာကာ က ပေးအပ်တဲ့ ဆု ၃ ခု အထိကို ရရှိခဲ့ပြီး လာလီဂါ ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာက ဂိုးတွေ အများကြီး သွင်းယူဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ သွင်းဂိုး ၄၄ ဂိုး အထိ ရရှိခဲ့ကာ လာလီဂါ ပီချီချီဆု၊ ဒီစတီဖာနိုဆုနဲ့ ပရိသတ်တွေ ပေးအပ်တဲ့ တန်ဖိုးအရှိဆုံး ကစားသမားဆုတွေကို လက်ခံရရှိခဲ့ပါတယ်။ ဆုပေးပွဲမှာ ဘန်ဇီမာက သူ့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပေးတဲ့ အပေါ် ကျေနပ်မိကြောင်းနဲ့ နောက်ထပ် ဂိုးတွေ အများကြီး သွင်းဖို့ ပစ်မှတ်ထားနေကာ အောင်မြင်မှုတွေ ထပ်ရဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ ပြင်သစ် တိုက်စစ်မှူးဟာ လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရပြီး ကလပ် အသင်း ပွဲစဉ် ၃ ပွဲနဲ့ နိုင်ငံတကာ ပွဲစဉ် ၂ ပွဲ လွဲချော်ထားပါတယ်။

“ ကျနော့်ရဲ့ စွမ်းဆောင်ရည် အတွက် အရမ်းဂုဏ်ယူမိတယ်၊ ဒီနှစ်က ခက်ခဲတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်၊ ဒီထက်မက ကျနော် ပိုပြီးတော့ လုပ်ချင်ပါတယ်၊ ဒီအတွက်လည်း ကြိုးစားသွားမှာ ဖြစ်ပြီး လာလီဂါ ချန်ပီယံဆုကို ကာကွယ်ဖို့ အပါအဝင် ဂိုးတွေလည်း အများကြီး သွင်းပြီး ကွင်းထဲမှာ ကိုယ့်အတွက်ကိုယ် ပျော်ရွှင်မှုလည်း ပေးချင်ပါတယ်” လို့ ဘန်ဇီမာက ဖွင့်ဟသွားခဲ့ပါတယ်။


လာမယ့်နှစ် မက်ဆီကို ပြန်ခေါ်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ဘာစီလိုနာ အတည်ပြု

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ စီးပွားရေးပိုင်ဆိုင်ရာ ဒုတိယ ဥက္ကဌ ဖြစ်သူ အက်ဒ်ဝက်ဒ် ရိုမီယူက လာမယ့် နွေရာသီမှာ မက်ဆီကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကမှ ပီအက်စ်ဂျီကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ မက်ဆီဟာ ပြင်သစ် ကလပ်နဲ့ ၂၀၂၃ မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ကတ်တာလန် ကလပ်က အလွတ်နဲ့ ပြန်လည်ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေတာပါ။

အာဂျင်တီးနား တိုက်စစ်မှူးကို ပီအက်စ်ဂျီက စာချုပ်သစ် ချုပ်ဆိုဖွယ် ရှိပေမယ့် ကစားသမား ဘက်ကသာ လက်မခံရင်တော့ လက်လွှတ်ခံရမှာ ဖြစ်ပါတယ်။ တဖက်မှာ ဘာစီလိုနာ ကလည်း ဘဏ္ဍာရေး အဆင်မပြေမှုတွေကို အတန်အသင့် ဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်နေလို့ မက်ဆီကို ပြန်လည် ခေါ်ယူကာ ပေါင်းစည်းရေး လုပ်ဆောင်ဖို့ကို အားစိုက် ကြိုးစားလို့ ရနေတဲ့ အနေအထားကို အခြေအနေ ဖြစ်ပါတယ်။

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ စီးပွားရေးပိုင်ဆိုင်ရာ ဒုတိယ ဥက္ကဌ ဖြစ်သူ အက်ဒ်ဝက်ဒ် ရိုမီယူက လာမယ့် နွေရာသီမှာ မက်ဆီကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ဖလား ပြီးမှ အနာဂတ်ကို ဆုံးဖြတ်မယ့် မက်ဆီ

ရိုမီယူက “ ဘဏ္ဍာရေးအရ ဖြစ်နိုင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ သူက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လာမှာ ဖြစ်လို့ပါ၊ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို နည်းပြအဖွဲ့နဲ့ ကစားသမားတွေက ဆုံးဖြတ်ရမှာပါ၊ ကျနော် ကတော့ ဝင်ပါမှာ မဟုတ်ပါဘူး၊ ဒါပေမယ့်လည်း ဒီကိစ္စက အသက်ဝင်ပါလိမ့်မယ်၊ ဘတ်ဂျက်ထဲမှာ ထည့်သွင်း လျာထားတာမျိုး မရှိပေမယ့်လည်းပေါ့” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။


ဘေယန်ကို ရှုံးတာကို အခုထိ မကျေမချမ်းဖြစ်နေတဲ့ လီဝမ်ဒေါစကီး

ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ အသင်းဟောင်း ဘေယန်မြူးနစ်ကို အရေးနိမ့်ခဲ့တဲ့ အပေါ် အခုထိ မကျေမနပ် ဖြစ်ပါတယ်။ မြူးနစ်မှာ ကစားခဲ့တဲ့ပွဲမှာ လီဝမ်ဒေါစကီးက အသင်းဟောင်းနဲ့ ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ခဲ့ရပြီး ၂-၀ နဲ့ အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

“ အဲဒီပွဲကို အနိုင်ရခဲ့သင့်တာပါ၊ အနည်းဆုံး သရေတော့ ဖြစ်ခဲ့သင့်တယ်၊ ဘေယန်နဲ့ ပွဲက ကျနော်တို့ အတွက် သင်ခန်းစာပါပဲ၊ ပွဲမတိုင်ခင်မှာ ကျနော်တို့ ပုံစံအတိုင်း ကစားနိုင်ဖို့နဲ့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ဖို့ကို မမျှော်လင့်ခဲ့ပါဘူး၊ ဒါပေမယ့် ကျနော်တို့ ဖန်တီးမှုတွေ အများကြီးကို ခက်ခဲတဲ့ ပွဲတပွဲမှာ လုပ်နိုင်ခဲ့တယ်၊ ကျနော်တို့ အမှား ကျူးလွန်ခဲ့ပေမယ့်လည်း ဒီပွဲကို ပြန်ကြည့်ချိန်မှာ အများကြီး စွမ်းဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်”

“ ဘေယန် ပရိသတ်တွေကို ကျနော် မကြောက်ပါဘူး၊ ဘာတွေ ဖြစ်လာမလဲဆိုတာ မျှော်လင့်ထားပြီးသားပါ၊ ဘာစီလိုနာနဲ့ စာချုပ်ချုပ်ပြီးနောက် ကျနော် မြူးနစ်ကို သွားတော့ ဘေယန် ပရိသတ်တွေနဲ့ တွေ့ခဲ့ပါတယ်၊ ဘေယန် ပရိသတ်တွေက ခင်ဖို့ ကောင်းပါတယ်၊ သတင်းစာတွေမှာ ရေးနေတာတွေနဲ့ တခြားစီပါ၊ ကျနော့်ကို ဘယ်လို ကစားသမားမျိုးလဲ ဆိုတာကို သူတို့ အမှတ်ရနေကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်