နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – မနက်ခင်း သတင်းများ (၂၉/၉/၂၀၂၂)

စက်တင်ဘာ ၂၉ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒဏ်ရာက သက်သာလာတဲ့ ဘန်ဇီမာ အိုဆာဆူနာနဲ့ ပွဲမှာ ပြန်လည် ပါဝင်လာဖွယ်ရှိ

ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ ကတော့ ဒဏ်ရာက ပြန်လည် သက်သာလာပြီးနောက် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဦးဆောင်နေတဲ့ ရီးရဲယ်မက်ဒရစ်ဟာ တနင်္လာနေ့မှာ အိုဆာဆူနာနဲ့ ကစားရဖို့ ရှိပြီး ဘန်ဇီမာ ကိုလည်း ပွဲထွက်လူစာရင်းမှာ ပြန်လည် မြင်တွေ့ရဖို့ ရှိနေတာပါ။

ဘန်ဇီမာက သူပြန်လည် သက်သာလာပြီ ဖြစ်တဲ့ အကြောင်းကို ကလပ်ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ် ကနေ “အသင်းနဲ့ ပြန်လာရတာကို ကျေနပ်မိပါတယ်။ ကျွန်တော် အရမ်း အဆင်ပြေပါတယ်။ တနင်္ဂနွေနေ့မှာ ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။”

“ကျွန်တော် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဘောလုံး မထိရသေးပေမယ့် ဒီနေ့ ကျနော် ပထမဦးဆုံး လေ့ကျင့်ပြန်ဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာလည်း ကျွန်တော် အပြေးနဲ့ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ အများကြီး လုပ်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ အခုနှစ် ဘောလုံးရာသီမှာ ရီးရဲယ်မက်ဒရစ် အတွက် ၆ ပွဲ ပါဝင် ကစားပေးထားပြီး ၄ ဂိုး သွင်းယူထားနိုင်သလို ပြီးခဲ့တဲ့ နှစ်တွေတုန်းက အတိုင်း သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ထိန်းထားနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဆဲလ်တစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီး မာယော့ကာ၊ လိုက်ပ်ဇစ်၊ အက်တလက်တီကို မက်ဒရစ် တို့နဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ် လက်ရွေးစင် အသင်း အတွက်လည်း ပါဝင် ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း ရီးရဲယ်မက်ဒရစ် ကတော့ ဘန်ဇီမာ မပါပေမယ့် ရိုဒရီဂို၊ ဗင်နီးစီးယပ်စ်၊ ဗယ်ဗာဒီ တို့ ခြေစွမ်းပြ ဂိုးတွေ သွင်းနေတာကြောင့် အခက်အခဲ မရှိ နိုင်ပွဲတွေ ရနေခဲ့ပါတယ်။ လက်ရှိမှာ ဘန်ဇီမာ ပြန်လည် ကစားနိုင်တော့မှာ ဖြစ်လို့ နည်းပြ အန်ဆယ်လော့တီ အတွက် စိတ်အေးစရာ ဖြစ်ခဲ့ပေမယ့် ကြံ့ခိုင်မှု အခြေအနေ အရတော့ လူစားဝင် ကစားသမား အဖြစ်ပဲ အသုံးပြုသွားမယ့် သဘော ရှိပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 1.86
ဂိုးပေါ် 2.50 @ 2.08
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့် ရာသီ မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ ဆိုလိုက်တဲ့ ဘာဆာ ဒုဥက္ကဌ

ပီအက်စ်ဂျီမှာရော၊ အာဂျင်တီးနား လက်ရွေးစင် အသင်းမှာပါ ငယ်မူပြန်ပြီး ခြေစွမ်းပြနေတဲ့ လီယွန်နယ် မက်ဆီကို ပြန်လည် ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း လာလီဂါ အသင်းဟောင်း ဘာစီလိုနာရဲ့ ဒုဥက္ကဌ အက်ဒ်ဝက်ဒ် ရိုမီယူက ပြောကြားလိုက်ပါတယ်။

အင်တာဗျူး တစ်ခုမှာ ရိုမီယူက “အလွတ် ပြောင်းရွှေ့ကြေးနဲ့ ဆိုရင် ဘာဆာက မက်ဆီကို ကျိန်းသေပေါက် ပြန်ခေါ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အသင်းရဲ့ နည်းစနစ်ပိုင်း ကိုလည်း ထည့်တွက်ရဦးမယ်လေ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာတို့ မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်သည့် တိုင်အောင် မက်ဆီရဲ့ လုပ်ခ လစာ မြင့်မားမှုက အကြီးမားဆုံး အခက်အခဲ့ ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြလျက် ရှိပါတယ်။

အသက် ၃၅ နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ပြင်သစ် ထိပ်သီး ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် အသင်း ဘက်ကတော့ တစ်ရာသီ သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ် ဆိုပြီးတော့လည်း သတင်းတွေ ထွက်နေပါသေးတယ်။ မက်ဆီ ကတော့ ကာတာ ကမ္ဘာ့ဖလား ပြီးမှပဲ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ သိရပြီး အကယ်၍ ပီအက်စ်ဂျီ ဘက်ကသာ သက်တမ်း မတိုးနိုင်ခဲ့ဘူး ဆိုရင် ဥရောပ ထိပ်သီး ကလပ် အများစုက အပြိုင်အဆိုင် ကမ်းလှမ်းလာဖို့တော့ ရှိနေပါတယ်။။


ရီးရဲယ်ရဲ့ အကြိမ်ကြိမ် ကမ်းလှမ်းခြင်း ခံခဲ့ရဖူးကြောင်း ထုတ်ဖော် ပြောကြားလာတဲ့ ယော်ရန်းတေး

လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် အသင်းက သူ့ကို ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း ဥရောပ ထိပ်သီး ကလပ် အများစုမှာ ကစားခဲ့ဖူးတဲ့ စပိန် တိုက်စစ်မှူး ဖာနန်ဒို ယော်ရန်းတေးက ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ယော်ရန်းတေးဟာ အက်သလက်တစ် ဘီလ်ဘာအို အကယ်ဒမီထွက် ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပါတယ်။ ဘီလ်ဘာအို အသင်းမှာ ပွဲပေါင်း ၃၀၀ ကျော် ကစားပြီး ဂိုး ၁၀၀ ကျော် သွင်းယူနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်သီး ကလပ် အများစုရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ အဲ့နောက် ဂျူဗင်တပ်စ်၊ ဆီဗီလာ၊ ဆွမ်ဆီးစီးတီး၊ တော့တင်ဟမ်ဟော့စပါး၊ နာပိုလီ၊ အူးဒီးနီးစ်နဲ့ အီဘာ အသင်းတွေမှာ ကစားခဲ့ဖူးပြီး လက်ရှိ မှာတော့ အသင်းလက်မဲ့ ဖြစ်နေသူပါ။

မာကာနဲ့ အင်တာဗျူးမှာ ယော်ရန်းတေးက “ကျနော် ရီးရဲလ်မက်ဒရစ် ကို ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်ခဲ့ဖူးပါတယ်။ ရီးယဲလ်မက်ဒရစ်က ကျနော့်ကို အလိုရှိတိုင်း ကျနော် ကလည်း ဘီလ်ဘာအိုနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။ ဘီလ်ဘာအိုက ကျနော့်ကို ဘယ်တော့မှ အသင်းပြောင်းခွင့် မပြုချင်ခဲ့သလို ရီးရဲလ်မက်ဒရစ် ကလည်း ကျွန်တော့်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ဘယ်တုန်းကမှ မပေးချင်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ ဂျူဗင်တပ်စ်က ခပ်မြန်မြန် ခေါ်သွားခဲ့တာပါပဲ။” “ကျနော် အခု ရှပ်အင်္ကျီ အဖြူကို ၀တ်ဆင်ချင်ပါတယ်၊ အခုအချိန်မှာ ရီးယဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း ဖြစ်ပြီး ချန်ပီယံလိဂ်မှာ သူတို့ လုပ်ပြနေတာတွေက မယုံနိုင်လောက်အောင်ပါပဲ။ ဖြစ်နိုင်ရင် မနက်ဖြန်တောင် သူတို့နဲ့ ပူးပေါင်းချင်ပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်