နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ – မနက်ခင်း သတင်းများ (၂၈/၉/၂၀၂၂)

စက်တင်ဘာ ၂၈ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာနဲ့ လေးနှစ် စာချုပ်ချုပ်ဖို့ နီးစပ်နေတဲ့ အဆန်စီယို

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံကစားသမား မာကို အဆန်စီယို ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ဖြစ်နေပြီလို့ သိရပါတယ်။ ရာသီကုန်မှာ ရီးရဲလ်နဲ့ စာချုပ် သက်တမ်း ကုန်တော့မယ့် အဆန်စီယိုကို အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းထားခြင်း မရှိသေးဘူးလို့ သိရပြီး အသင်းက ထွက်ခွာဖို့ အတွက် သေချာသလောက် ဖြစ်နေတာပါ။

ဒါကြောင့် ဘာစီလိုနာ ကလည်း သူတို့ရဲ့မဟာ ပြိုင်ဘက် ဆီကနေ အလွတ်နဲ့ ရနိုင်မယ့် ကစားသမား အတွက် ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အဆန်စီယို ကတော့ သူ့အနာဂတ်က ဘာမှန်း မသိသေးဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းက ဘာဆာ တသင်းတည်းသာ ရှိနေပြီး ထိပ်တန်းအဆင့် အသင်းလည်း ဖြစ်တာကြောင့် ရွေးချယ်ရ လွယ်ကူဖို့တော့ ရှိနေပါတယ်။

အသက် ၂၆ နှစ်အရွယ် စပိန်ကစားသမားကို လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ အေစီမီလန် တို့ကလည်း စိတ်ဝင်စားနေတယ်လို့ ကောလဟလ သတင်းတွေ ထွက်နေပေမယ့် အမှန်တကယ် စိတ်ဝင်စားနေတာက ကတ်တာလန် ကလပ် တစ်ခုသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီဆိုရင် အဆန်စီယိုက လာလီဂါ မဟုတ်တဲ့ အသင်းတွေနဲ့ စိတ်ကြိုက် ဆွေးနွေးခွင့်လည်း ရှိနေပြီး ဘာစီလိုနာက အကြို သဘောတူညီမှု ရဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။


ဘာစီလိုနာ အတွက် ရည်ရွယ်ပြီး အဲရစ်ခ် ဂါစီယာကို အိမ်ပြန် လွှတ်ခဲ့တဲ့ အင်းနရစ်

မနေ့က ပေါ်တူဂီနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ စပိန်အသင်း နည်းပြ လူး၀စ္စ အင်းနရစ်က နောက်ခံလူ အဲရစ်ခ် ဂါစီယာကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ ဘာစီလိုနာ နောက်ခံလူကို အခုလိုမျိုး ချန်လှပ်ခဲ့တာဟာ နိုင်ငံတကာပွဲတွေမှာ ဒဏ်ရာရ ကစားသမားတွေ များပြားခဲ့တဲ့ ဘာစီလိုနာကို နောက်ထပ် အခက်မတွေ့စေဖို့ အင်းနရစ်ခ်က ရည်ရွယ်ခဲ့တာလို့ အားလုံးက သုံးသပ်နေကြပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ တောင်ပံကစားသမား ရာဖင်ဟာ ကတော့ လက်ရွေးစင် အသင်း ဘရာဇီးလ် အတွက် တူနီးရှားနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။
တူနီးရှားကို ၁-၅ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ရာဖင်ညာ

အင်းနရစ်ဟာ ဘာစီလိုနာ နည်းပြဟောင်း ဖြစ်ပြီး တရာသီအတွင်း ဖလား ၆ လုံးအထိ ဆွတ်ခူးပေးခဲ့သူ ဖြစ်ပါတယ်။ အသင်းဟောင်းကို အင်းနရစ်က သံယောဇဉ် ကြီးမားနေဆဲ ဖြစ်ပြီး အခက်တွေ့နေချိန်မှာ သူ တတ်နိုင်တဲ့ ဘက်ကနေ ကူညီခဲ့တာလို့လည်း ယူဆရပါတယ်။

ဒါက ဘာစီလိုနာ အတွက် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရစေခဲ့ပြီး ဇာဗီ ကိုလည်း အနည်းငယ် အသက်ရှုချောင်စေခဲ့ပါတယ်။ ဘာစီလိုနာဟာ နိုင်ငံတကာပွဲတွေမှာ အာရူဂျို၊ ဒီပိုင်း၊ ဒီဂျောင် တို့လို ကစားသမားတွေ ဒဏ်ရာရခဲ့လို့ အခက်တွေ့နေတာပါ။ အာရူဂျိုက ခွဲစိတ် ကုသမှုပါ လုပ်ဆောင်ရမှာ ဖြစ်ပြီး အနည်းဆုံး ၁ လ အနားယူရတော့မှာလည်း ဖြစ်ပါတယ်။ လိဂ်ပွဲတွေ ပြန်လည် စတင်ချိန်မှာ ဘာဆာ အတွက် အခက်တွေ့မှာဖြစ်ပြီး အဲရစ်ခ် ဂါစီယာက ပွဲမကစားရလို့ အနားရခဲ့ပြီး ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။


ဘရာဇီးလ်မှာ ခြေစွမ်းပြခဲ့တဲ့ ရာဖင်ဟာ

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ တောင်ပံကစားသမား ရာဖင်ဟာ ကတော့ လက်ရွေးစင် အသင်း ဘရာဇီးလ် အတွက် တူနီးရှားနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ ရာဖင်ဟာက လှပတဲ့ ခေါင်းတိုက်ချက်၊ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူမှုတွေနဲ့ ဂိုးရရှိခဲ့ကာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ်နဲ့ လိုက်ပါ ခွင့်ရဖို့ သူ့မှာ အခွင့်အရေး ရှိတယ် ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂိုးဖန်တီးမှု တစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပြီး ဘာစီလိုနာမှာ ခြေစွမ်းပြနေတဲ့ အတိုင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဘရာဇီးလ် တိုက်စစ်ပိုင်းမှာ နေမာ၊ ရစ်ချာလီဆန် တို့နဲ့ တွဲဖက် ကစားခဲ့ရပြီး တူနီးရှား နောက်တန်းကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ရာဖင်ညာဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ် လိဒ်ယူနိုက်တက် ကနေ ဘာစီလိုနာကို ပေါင်သန်း ၅၀နဲ့ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

ဘာဆာမှာလည်း ဇာဗီရဲ့ အားကိုးရတဲ့ ကစားသမား ဖြစ်နေပြီး ဘယ်တောင်ပံနဲ့ ညာတောင်ပံ နေရာတွေမှာ လှည့်ကစားပေးနေရတာပါ။ သူ့ရဲ့ တဦးချင်း ကျော်ဖြတ်နိုင်စွမ်း၊ ဖန်တီးမှုနဲ့ ဂိုးဧရိယာထိပ်က ကန်သွင်းချက်တွေက အထင်ကြီးစရာ ကောင်းနေခဲ့ပြီး ကလပ် အသင်းမှာရော၊ လက်ရွေးစင် အသင်း မှာပါ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။.


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်