နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ – မနက်ခင်း သတင်းများ (၂၇/၉/၂၀၂၂)

စက်တင်ဘာ ၂၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးထက် အမ်ပိုလီနဲ့ ပွဲက ပိုခက်ခဲမယ်လို့ အေစီ နည်းပြဆို

အေစီမီလန် နည်းပြ စတီဖန်နို ပီအိုလီက ချဲလ်ဆီးနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲထက် အမ်ပိုလီနဲ့ ကစားမယ့် စီးရီးအေ ပွဲစဥ်ကို ပိုမို ပူပန်ရကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

အေစီမီလန်ဟာ လက်ရှိ နိုင်ငံတကာ ရက်သတ္တပတ် အပြီးမှာ အမ်ပိုလီနဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ အဲ့ဒီနောက် မှာတော့ ချန်ပီယံလိဂ် အဝေးကွင်းပွဲ အဖြစ် ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒီအပေါ်မှာ ပီအိုလီက “ပြည်တွင်းမှာ ကစားရတာနဲ့ ဥရောပမှာ ကစားရတာ အများကြီး ကွာခြားတယ်လို့ ကျနော် မထင်ပါဘူး။ ချန်ပီယံလိဂ်က ပိုမိုမြင့်မားတဲ့ အရှိန်လိုအပ်တာပေါ့” 

“ဒါပေမယ့် မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ ချဲလ်ဆီးနဲ့ ပွဲအတွက် မျှော်လင့်နေကြတာ ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အတွက် အခက်ခဲဆုံး ဖြစ်လာနိုင်တဲ့ အမ်ပိုလီနဲ့ ပွဲအတွက် ပြင်ဆင်ဖို့ လိုအပ်ပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆောင်းရာသီ ပစ်မှတ်တွေ အတွက် အခုတည်းက ကြိုတင် သတ်မှတ်ထားတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ် ဝုလ်ဗာဟမ်တန်ဝမ်းဒါးရားစ်က တောင်ပံ ကစားသမား အဒမ်မာ ထရာအိုရေး၊ ချဲလ်ဆီးရဲ့ တိုက်စစ်မှူး ခရစ္စတီယန် ပူလီဆစ်ခ် တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ 

လက်ရှိ စီးရီးအေမှာ ဂျူဗင်တပ်စ်က နိုင်ပွဲ ၂ ပွဲ သာ ရရှိထားပြီး ချန်ပီယံလိဂ် မှာလည်း ကစားပြီးခဲ့တဲ့ နှစ်ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ တိုက်စစ် အတွက် ဒူဆန် ဗလာဟိုဗစ်နဲ့ အိန်ဂျယ်လ် ဒီမာရီယာ တို့ ရှိနေပေမယ့် လုံလောက်မှု မရှိသေးပါဘူး ယူဆနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဝုလ်ဗ်နဲ့ ချဲလ်ဆီး တို့မှာ ပုံမှန်နေရာ ပျောက်ဆုံးနေတဲ့ ထရာအိုရေးနဲ့ ပူလီဆစ် တို့ကို လာမယ့်ဇန်နဝါရီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ်ဟာ ဂိုးသမား နေရာ အတွက် မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒက်ဟဲယားရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဒက်ဟဲယားနဲ့ ယူနိုက်တက်သာ စာချုပ် သက်တမ်း မတိုးဖြစ်ခဲ့ရင် အနာဂတ်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ 


ချဲလ်ဆီးရဲ့ စိတ်ဝင်စားခြင်း ခံရတဲ့ အပေါ် ဖွင့်ဟလာတဲ့ အင်တာမီလန် နောက်ခံလူ 

နယ်သာလန် လက်ရွေးစင် အတွက် အင်တာမီလန် ကလည်း ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) သတ်မှတ်ခဲ့ပေမယ့် ဒမ်းဖရီးစ် ကတော့ စီးရီးအေ ကလပ်မှာပဲ ဆက်ရှိနေခဲ့ပါတယ်။
ဒမ်းဖရီးစ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၆၀ သတ်မှတ်ထားတဲ့ အင်တာမီလန်

အင်တာမီလန် နောက်ခံလူ ဒန်ဇယ် ဒမ်းဖရီးစ်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ အပေါ် သူ့ရဲ့ခံစားချက်ကို ဖွင့်ဟ ပြောကြားလာပါတယ်။

ဒမ်းဖရီးစ်ဟာ ညာနောက်ခံလူ နေရာမှာတင် မကဘဲ ညာတောင်ပံ နေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ နယ်သာလန် လက်ရွေးစင် အတွက် အင်တာမီလန် ကလည်း ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) သတ်မှတ်ခဲ့ပေမယ့် ဒမ်းဖရီးစ် ကတော့ စီးရီးအေ ကလပ်မှာပဲ ဆက်ရှိနေခဲ့ပါတယ်။ 

ဒမ်းဖရီးစ်က “ချဲလ်ဆီးရဲ့ စိတ်ဝင်စားမှုက ကျနော့်ကို မြောက်ကြွမြောက်ကြွ ဖြစ်စေခဲ့တာ သေချာတာပေါ့။ ဒါပေမယ့် ကျနော့်ရဲ့ တစ်ခုတည်းသော အာရုံစိုက်စရာက အင်တာမီလန် ပါပဲ” “ကျနော်တို့ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ ရာသီမှာ ကျနော်တို့ ချန်ပီယံ ဖြစ်ခွင့်နဲ့ လွဲချော်ခဲ့လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။ ဒမ်းဖရီးစ်ကို ချဲလ်ဆီး အပြင် မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်