နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – ညနေခင်း သတင်းများ (၂၄/၉/၂၀၂၂)

စက်တင်ဘာ ၂၄ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂျူဗင်တပ်စ်နဲ့ ပွဲထက် အမ်ပိုလီပွဲကို ပိုအာရုံစိုက်နေတဲ့ အေစီမီလန် နည်းပြ ပီအိုလီ

စီးရီးအေ လက်ရှိ ချန်ပီယံ အေစီမီလန်ရဲ့ နည်းပြ စတီဖန်နို ပီအိုလီက နိုင်ငံတကာပွဲတွေ အပြီးမှာ ကစားရမယ့် ဂျူဗင်တပ်စ်နဲ့ ပွဲအတွက် အရမ်း အာရုံစိုက်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂျူဗီ ကတော့ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ အသင်း ဖြစ်ပြီး စီးရီးအေမှာ ၂ ပွဲတည်းသာ အနိုင်ရရှိထားသလို အမှတ်ပေးဇယား ထိပ်ဆုံး ၅ သင်းထဲကိုတောင်မှ မဝင်ရောက်နိုင် ဖြစ်နေပါတယ်။

အေစီမီလန် ကတော့ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အားထုတ်နေပြီး ဇယား ထိပ်ပိုင်းမှာ ရပ်တည်နေပေမယ့် သူတို့ အသင်း ကလည်း ဒီရာသီမှာ မနှစ်ကလောက် ခြေစွမ်းပိုင်း မမာကျောတော့ပါဘူး။ ဒါကြောင့်လည်း ပီအိုလီက ဂျူဗီကို ရင်ဆိုင်ရမယ့် ပွဲထက် အမ်ပိုလီကို ကစားရမယ့်ပွဲ အတွက်သာ ပိုပြီး အာရုံစိုက်ထားပြီး ထိပ်တန်း အသင်းတွေ ထက်တောင် ဒုက္ခပေးနိုင်မယ့် အသင်းလို့ ယူဆနေပါတယ်။

“မျှော်လင့်ချက်တွေကို ကျနော် နားလည်ပါတယ်၊ ဒါပေမယ့် အခက်ဆုံးပွဲက အမ်ပိုလီနဲ့ ဖြစ်မှာ သေချာပါတယ်၊ သူတို့ရဲ့ စိန်ခေါ်မှုက သိမ်မွေ့ပြီးတော့ ဂျူဗီ၊ ချယ်လ်ဆီးတို့နဲ့ ရင်ဆိုင်ရဖို့လည်း ရှိနေပေမယ့် အမ်ပိုလီက ပိုပြီး အန္တရာယ် ကြီးမားပါလိမ့်မယ်၊ ကျနော်တို့ကတော့ မြင့်မားတဲ့ အဆင့် ရှိပြီး ခိုင်မာတဲ့ အသင်းပါ၊ ဒါကြောင့် ဒါကို ထိန်းထားနိုင်မယ် ဆိုရင် ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ပါလိမ့်မယ်” လို့ ပီအိုလီက ပြောဆိုခဲ့ပါတယ်။


အယ်လီဂရီရဲ့ အနာဂတ်ကို ဆွေးနွေးဦးမှာ မဟုတ်သေးတဲ့ ဂျူဗီ ဘုတ်အဖွဲ့

ဒီနေ့မှာ ဂျူဗင်တပ်စ်က သူတို့ရဲ့ ဘုတ်အဖွဲ့ အစည်းအဝေးကို ပြုလုပ်သွားမှာ ဖြစ်ပြီး ဒီအစည်းအဝေး မှာတော့ ကိစ္စ အများပြားကို ဆွေးနွေးသွားဖို့ မရှိဘူးလို့ သိရပါတယ်။ အထူးသဖြင့် အသင်းကို ရလဒ်ကောင်းတွေ ရအောင် မစွမ်းဆောင်ပေးနိုင်တဲ့ နည်းပြ မက်စ် အယ်လီဂရီရဲ့ အနာဂတ်ကို ဆွေးနွေးဦးမှာ မဟုတ်သေးဘူးလို့ သိရပြီး အယ်လီဂရီ အတွက်တော့ အခွင့်အရေး ထပ်ရဖွယ်ရာ ရှိနေပါတယ်။

ဂျူဗီ ကတော့ စီးရီးအေ ၇ ပွဲ ကစား အပြီးမှာ ၂ ပွဲသာ အနိုင်ရထားတယ် ဆိုပေမယ့် တပွဲသာ အရေးနိမ့်ထားပြီး ၄ ပွဲ သရေကျထားတာပါ။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဂျူဗင်တပ်စ်

ဒီရာသီမှာ ဂျူဗီက ရုန်းကန်နေရပြီး အယ်လီဂရီလည်း ဝေဖန်မှုတွေ ခံနေရတာပါ။ ဒါပေမယ့်လည်း အသင်းဘက်က သူ့ကို ထောက်ခံမှုတွေ ပြုလုပ်ထားဆဲ ဖြစ်ပြီး ရာထူးက ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆန်ထားပါတယ်။ ဘုတ်အဖွဲ့ အစည်းအဝေးမှာ အယ်လီဂရီရဲ့ အနာဂတ်ကို ဆွေးနွေး အဖြေထုတ်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် အခုတော့ မဟုတ်သေးဘူးလို့ ဆိုခဲ့တာပါ။

လတ်တလောမှာ ဒါက အရေးတကြီး ကိစ္စ မဟုတ်ဘူးလို့ အသင်းဘက်က ရှုမြင်ထားပြီး သူတို့ အသင်း အခြေအနေကို စောင့်ကြည့်သွားဖွယ် ရှိနေပါတယ်။ ဂျူဗီ ကတော့ စီးရီးအေ ၇ ပွဲ ကစား အပြီးမှာ ၂ ပွဲသာ အနိုင်ရထားတယ် ဆိုပေမယ့် တပွဲသာ အရေးနိမ့်ထားပြီး ၄ ပွဲ သရေကျထားတာပါ။ ဒါပေမယ့်လည်း အမှတ်ပေးဇယား ထိပ်ဆုံးက နာပိုလီနဲ့ ၇မှတ် အထိ ပြတ်တောက်နေပါတယ်။


ကွာဒရာဒိုကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ အင်တာမီလန်

စီးရီးအေ ထိပ်သီး ကလပ် အင်တာမီလန်ဟာ လိဂ်ပြိုင်ဘက် ဂျူဗင်တပ်စ် အသင်းရဲ့ တောင်ပံ ကစားသမား ဂျူအန် ကွာဒရာဒိုကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကွာဒရာဒိုက ပြီးခဲ့တဲ့ ရာသီတုန်းက ဂျူဗီ အတွက် ခြေစွမ်း အပြနိုင်ဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် ရှိနေခဲ့ပြီး ပွဲကစားခွင့် အလုံအလောက်ရရှိခဲ့ခြင်းက အသင်းနဲ့ စာချုပ်သစ်ကိစ္စ ကိုလည်း အဆင်ပြေစေခဲ့ပါတယ်။

ဒီရာသီမှာလည်း ကွာဒရာဒိုက ပုံစံကောင်း ပြသနိုင်လိမ့်မယ်လို့ နည်းပြ အယ်လီဂရီက ယုံကြည်ခဲ့ပေမယ့် လက်ရှိ မှာတော့ ပုံမှန် ခြေစွမ်းအောက်ကို ရောက်ရှိနေခဲ့ပါတယ်။ ဖီအိုရင်တီးနား မှာလည်း ကစားခဲ့ဖူးတဲ့ ကွာဒရာဒိုဟာ စီးရီးအေ အတွေ့အကြုံရင့် ကစားသမား ဖြစ်ပြီး လက်ရှိမှာ ပုံစံကောင်း မပြသနိုင်ပေမယ့်လည်း အင်တာမီလန် ကတော့ ကစားသမားက စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ရင် အရ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

အသက် ၃၄ နှစ် အရွယ် ကွာဒရာဒိုဟာ ဒီရာသီမှာ အသင်း အတွက် ပြိုင်ပွဲစုံ ၈ ပွဲ ကစားပေးပြီးချိန်မှာ သွင်းဂိုး တစ်ဂိုးမှ မရသေးဘဲ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေမှာ သူက ဂျူဗီ အတွက် အနည်းဆုံး ပွဲပေါင်း ၄၀ အထိ ကစားပေးခဲ့ရပြီး လက်ရှိ မှာတော့ စာချုပ်သစ် ကလည်း အဆင်မပြေ ဖြစ်နေသလို ခြေစွမ်းလည်း မပြနိုင်တာကြောင့် ထွက်ခွာဖွယ်ရာ ရှိနေတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်