နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | မန်ချက်စတာယူနိုက်တက် – အာဆင်နယ် (ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် – အာဆင်နယ် 

အခုတစ်ပတ် စူပါဆန်းဒေး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်ပြီး လက်တလော နိုင်ပွဲဆက်နေတဲ့ နှစ်သင်း ကစားမယ့် ပွဲစဉ် ဖြစ်တာကြောင့်လည်း ထင်ထားတာထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲစဉ် ဖြစ်လာဦးမှာ သေချာပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် ရှုံးခဲ့ပေမယ့် ၃ ပွဲဆက် ပြန်လည် အနိုင်ရပြီး ဇယား ထိပ်ပိုင်းကို ပြန်လည် ရောက်ရှိလာပါတယ်။ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ကစားသမားသစ်တွေ တောက်လျောက် ခေါ်ယူထားပြီး အပြောင်းအရွှေ့ မပိတ်ခင် ကတ်စ်မဲရိုး၊ အန်တိုနီ တို့နဲ့ ထပ်ပြီး အားဖြည့်နိုင်ခဲ့တာကြောင့်လည်း ယူနိုက်တက်တို့ ပိုပြီး တောင့်တင်းသွားတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်ကို ၂-၁၊ ဆောက်သမ်တန်နဲ့ လက်စတာ တို့ကို ၀-၁ ရလဒ် တွေနဲ့ အနိုင်ရခဲ့တဲ့ ပွဲတွေက ယူနိုက်တက်ရဲ့ ခြေစွမ်းကို ပြန်ကြည့်ရင် သိပ်ပြီး အားရစရာတော့ မရှိပါဘူး။ တစ်ပွဲ တစ်ဂိုးနှုန်းလောက်ပဲ ရထားတဲ့ တိုက်စစ်နဲ့ အာဆင်နယ်ရဲ့ ခံစစ်ကို ဘယ်လို ကျော်ဖြတ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ဗာရန်း-မာတီနက်ဇ် အတွဲက ခံစစ်ကို ပိုပြီး လုံခြုံသွားစေပေမယ့် ကွင်းလယ်နဲ့ တိုက်စစ် ကတော့ ချိတ်ဆက်မှုတွေ အားနည်းနေဆဲပါ။ တန်ဟက်ဂ် အနေနဲ့ အခုပွဲမှာလည်း ရော်နယ်ဒို၊ ကတ်စ်မဲရိုးနဲ့ အန်တိုနီ တို့ကို အရန်ခုံမှာပဲ ထိုင်ခိုင်းဦးမယ့် သဘော ရှိပါတယ်။ မာစီရယ်၊ ပယ်လီစတရီ တို့ကတော့ ဒဏ်ရာကြောင့် ကျိန်းသေပေါက် လွဲချော်ဖို့ ရှိပြီး လင်ဒီလော့ဖ်၊ လုခ်ရှော၊ ဘစ်ဆာခါ တို့ကတော့ ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

၅ ပွဲ ကစားပြီး ၅ ပွဲစလုံး အနိုင်ရထားတဲ့ အခုနှစ် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် တာထွက်က အရမ်း လှပနေတယ်လို့ ပြောလို့ ရပါတယ်။
ရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်

၅ ပွဲ ကစားပြီး ၅ ပွဲစလုံး အနိုင်ရထားတဲ့ အခုနှစ် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် တာထွက်က အရမ်း လှပနေတယ်လို့ ပြောလို့ ရပါတယ်။ အဲ့ဒီ ၅ ပွဲမှာ ၁၃ ဂိုး သွင်းထားတဲ့ အာဆင်နယ်ရဲ့ တိုက်စစ်က အားရစရာ ကောင်းနေသလို ၄ ဂိုးပဲ ပြန်ပေးထားရတဲ့ ခံစစ် ကလည်း မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ပြောရရင် ဖူလ်ဟမ်နဲ့ တစ်ပွဲပဲ ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့ပေမယ့် နိုင်ပွဲတော့ ရအောင် ယူနိုင်ခဲ့ပါတယ်။ ဒီအချက်က အာဆင်နယ် အတွက် ချီးကျူးချင်စရာ ဖြစ်ပါတယ်။ ဒီပွဲက အာဆင်နယ် အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်လို့ မီခဲလ် အားတေးတား အနေနဲ့ ဘယ်လိုမျိုး နည်းဗျူဟာတွေ ထုတ်သုံးလာဦးမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ ပြသနာက ရာသီစပြီး ဘယ်လောက်မှ မကြာသေးတဲ့ အချိန်မှာပဲ အဓိက ကစားသမားတွေ ဒဏ်ရာ ပြသနာတွေ ကြုံနေတာ ဖြစ်ပါတယ်။ အာတေးတားရဲ့ ပြောကြားချက်အရ အိုဒီဂတ်နဲ့ ရမ်းစ်ဒေးလ်ရဲ့ ဒဏ်ရာကို ပြန်လည် စစ်ဆေးရဦးမယ်လို့ သိရပြီး ဇင်ချန်ကိုနဲ့ ပါတေး ကတော့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ညာနောက်ခံလူ နေရာမှာ တိုမီယာဆုကို ပွဲထုတ်ပြီး ဘန်ဝှိုက်ကို ကွင်းလယ် ခံစစ်နေရာ တက်ကစားခိုင်းမလား။ ဒါမှမဟုတ် ဗီလာနဲ့ ပွဲမှာ အမှား အနည်းဆုံး ကစားသွားတဲ့ ဆမ်ဘီ လိုကွန်ဂါ ကိုပဲ ချာကာနဲ့ တွဲပြီး ယုံယုံကြည်ကြည် ထပ်မံ ပွဲထုတ်လာမလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။  


ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာယူနိုက်တက် – ဒက်ဟဲယား၊ ဒါလော့တ်၊ ဗာရန်း၊ မာတီနက်ဇ်၊ မလာဆီယာ၊ တော်မီနေး၊ အဲရစ်ခ်ဆင်၊ ဖာနန်ဒက်စ်၊ ဆန်ချို၊ အီလန်ဂါ၊ ရက်ရှ်ဖို့ဒ်

အာဆင်နယ် – ရမ်းစ်ဒေးလ်၊ ဂါဘရီရယ်၊ ဆယ်လီဘာ၊ တီယာနေး၊ တိုမီယာဆု၊ ချာကာ၊ ဝှိုက်၊ ရိုးဝ်၊ မာတင်နယ်လီ၊ ဆာကာ၊ ဂျေဆုစ်

ပရီးမီးယား လိဂ်
အဲဗာတန်
လီဗာပူးလ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲမှာ ၁၇ ပွဲအထိ မရှုံးခဲ့ပါဘူး။ ဒီနှစ်သင်း နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၇ ကြိမ် မှာတော့ ယူနိုက်တက်က ၁၂ ကြိမ် နိုင်ပြီး အာဆင်နယ်က ၈ ကြိမ် အနိုင်ရခဲ့ပါတယ်။ သရေပွဲ ၇ ပွဲ ရှိခဲ့ပြီးတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ၃ ကြိမ် အနိုင်ရပြီး မန်ချက်စတာယူနိုက်တက် ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာတော့ ယူနိုက်တက်က အိမ်ရှင် ဖြစ်ပေမယ့် ၂.၅၄ ဆ ကြေးဖွင့်ပေးထားပြီး ဧည့်သည် အာဆင်နယ် အတွက် ကိုတော့ ၂.၆၃ ဆ ဖွင့်လှစ်ပေးထားပါတယ်။ သရေ ကတော့ ၃.၄၀ ဆ ပါ။ ယူနိုက်တက် ကလည်း ပြန်ပြီး နိုင်ပွဲ ဆက်နေသလို အာဆင်နယ် ကလည်း ပုံစံကောင်း တစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်လို့ ကြေးဖွင့်လှစ်မှု အနေအထား သိပ်ပြီး ကွာဟမှု မရှိတာ ဖြစ်ပါတယ်။ ဒီလို ပွဲမျိုးက ခန့်မှန်းရခက်ပြီး အမှား အသေးအဖွဲလေး လုပ်မိရင်တောင် လုပ်မိတဲ့ အသင်းက ရမှတ် ဆုံးရှုံးနိုင်ပါတယ်။ ယူနိုက်တက် လူစုံနေပြီး အာဆင်နယ် ကတော့ ဒဏ်ရာပြသနာ များနေပါတယ်။ ဒီအချက်ကြောင့် ဂန်းနားတို့ အရင် ပွဲတွေလောက် ဖိဖိစီးစီး ကစားနိုင်ပါ့မလား ဆိုတာတော့ စိုးရိမ်စရာ ရှိပါတယ်။ ဒါပေမယ့် စိတ်ဓာတ် တက်ကြွနေပြီး အသင်းကြီးတွေနဲ့ တွေ့ရင် ပိုပြီး အားစိုက် ရုန်းတတ်တဲ့ ဂန်းနား လူငယ်တွေ တစ်ခုခု လုပ်ပြနိုင်မယ်လို့ ထင်နေတာကြောင့် အပြန်အလှန် သွင်းဂိုး တချို့နဲ့ ဧည့်သည် အသင်း ဘက်က အရဲစွန့် ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၁-၂ အာဆင်နယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်