နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၁/၉/၂၀၂၂)

စက်တင်ဘာ ၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ထောင့်ကန်ဘော ကနေ တိုက်ရိုက် ဂိုးသွင်းနိုင်ခဲ့ပြန်တဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်

အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ဟာ အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ အသင်း အတွက် ချေပဂိုးကို ထောင့်ကန်ဘော ကနေ တိုက်ရိုက် ကန်သွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်က ၁-၀ နဲ့ အနိုင်ရနေချိန်မှာ ညာထောင့်ကန်ဘောကို လူးဝစ်ဇ်က တိုက်ရိုက် ကန်သွင်းပြီး ချေပဂိုး ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က အနိုင်ဂိုး ထပ်သွင်းခဲ့လို့ ဗီလာတို့ အဝေးကွင်းမှာ အရေးနိမ့်ခဲ့ရပါတယ်။ 

လူးဝစ်ဇ်ဟာ ဩဂုတ်လ ၂၆ ရက်နေ့က ကစားခဲ့တဲ့ ဘော်လ်တန်နဲ့ ခရာဘောင်ဖလားပွဲ မှာလည်း ထောင့်ကန်ဘော ကနေ တိုက်ရိုက် ဂိုးသွင်းယူခဲ့ပါသေးတယ်။ လေ့ကျင့်ရေးကွင်းမှာ ထောင့်ကန်ဘော ကနေ တိုက်ရိုက် ဂိုးသွင်းတာကို ကြိမ်ဖန် များစွာ လေ့ကျင့်ထားတဲ့ လူးဝစ်ဇ်က တကယ်တမ်း ကစားချိန်မှာလည်း လေ့ကျင့်ထားတဲ့ အတိုင်း ဂိုးရယူနိုင်ခဲ့ကာ တစ်ပတ် အတွင်း မှာပဲ ၂ ကြိမ်တိတိ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘောလုံးက မျဉ်းကွေးတစ်ခုလို ဝေ့ဝိုက်ကာ ဂိုးပေါက်ထဲ တည့်တည့် မတ်မတ် ဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ် ဂိုးသမား ရမ်းစ်ဒေးလ်က လိုက်ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရှေ့မှာ ဗီလာ ကစားသမား တစ်ဦးက ရှိနေခဲ့လို့ ဖမ်းယူဖို့ ခက်ခဲခဲ့ပါတယ်။ ကွင်းလယ်ဒိုင် ကတော့ VAR ပြန်ကြည့်ခဲ့ပေမယ့် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ လူးဝစ်ဇ် အနေနဲ့ တစ်ပတ်ထဲမှာပဲ ထောင့်ကန်ဘော ကနေ ၂ ကြိမ် အထိ ဂိုးသွင်းနိုင်ခဲ့လို့ လာမယ့် ပွဲတွေမှာ ဗီလာတို့ ထောင့်ကန်ဘော ရပြီရင် သတိကြီးကြီးထားရတော့မှာလည်း ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ကို လယ်သမားလိဂ် ဖြစ်အောင် လုပ်နေတဲ့ ဟာလန်း

ပြီးခဲ့တဲ့ တစ်ပတ်က ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဟက်ထရစ်ရခဲ့တဲ့ ဟာလန်းက မနေ့ညက ပွဲမှာလည်း ဟက်ထရစ် ထပ်ရသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးက နော့တင်ဟမ်ဖော်ရက်စ်ကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့ရာမှာ ဟာလန်းက ပထမပိုင်း မှာတင်ပဲ ဟက်ထရစ် သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီနွေရာသီမှ ပရီးမီးယားလိဂ်ကို ရောက်လာခဲ့တဲ့ ဟာလန်းက ၅ ပွဲ ကစားပြီး ၉ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ် သမိုင်းမှာတော့ ပထမဆုံး အကြိမ် ၅ ပွဲ ကစားပြီး ဂိုး အများဆုံး သွင်းနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့တာပါ။ မန်စီးတီး တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးတောင်မှ ပထမဆုံး ၅ ပွဲမှာ ၈ ဂိုးသာ ရရှိခဲ့ပြီး ဟာလန်းက ၁ ဂိုး အသာရခဲ့ကာ သူ့ရဲ့ ခြေစွမ်းက ဘယ်လောက် အထိ ကောင်းမွန်နေလဲ ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ 

ပရီးမီးယား လိဂ်
ဘရန့်ဖို့ဒ် FC
လိဒ် ယူနိုက်တက်
1X2 သရေ (Draw) @ 3.45
ဂိုးပေါ် 2.75 @ 2.05
ဂိုးပေါင်း 0-1 @ 3.75
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရိသတ်တွေ ကတော့ ဟာလန်းက ပရီးမီးယားလိဂ်ကို လယ်သမားလိဂ် ဖြစ်အောင် လုပ်နေပြီလို့ တင်စားခဲ့ကြပါတယ်။ ဂိုးသွင်းရတာ လွယ်ကူလွန်းပြီး ကစားရတာလည်း သက်တောင့် သက်သာ ရှိလွန်းနေတာကို ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။ နော်ဝေ တိုက်စစ်မှူးဟာ ဒေါ့မန် ကနေ ရောက်လာချိန်မှာ မန်စီးတီး အတွက် ဘယ်လောက် အထိ လုပ်ပြနိုင်မလဲ ဆိုတာ မျက်စိ ဒေါက်ထောက် ကြည့်ခံနေရတာ ဖြစ်ပြီး အခုတော့ သူ့အစွမ်းအစကို အကောင်းဆုံး ထုတ်ဖော် ပြသထားနိုင်ပြီလည်း ဖြစ်ပါတယ်။ 


မန်စီးတီးရဲ့ ထာ၀ရ အကောင်းဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဟာလန်းကို ချီးကျူးလိုက်တဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီး အသင်း နည်းပြ ဂွာဒီယိုလာ ကတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ ဟက်ထရစ် သွင်းပြီး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပထမပိုင်းမှာပဲ ဟာလန်းက ဟက်ထရစ် သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီရာသီမှာ ၅ ပွဲ ကစားပြီး ၉ ဂိုး အထိ ရရှိထားပြီး ဖြစ်ကာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် အကောင်းဆုံး စိန်နိုင်စွမ်း ရှိနေပြီလည်း ဖြစ်ပါတယ်။ 

ဂွာဒီယိုလာက အသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူးဟောင်း အဂွဲရိုးနဲ့လည်း ဟာလန်းကို ခိုင်းနှိုင်းခဲ့ပါတယ်။ အဂွဲရိုး ကတော့ မန်စီးတီးရဲ့ ထာ၀ရ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ မန်စီးတီးရဲ့ အောင်မြင်မှုတွေမှာ အဓိက နေရာ ကနေ ပါဝင်ခဲ့သူ ဖြစ်ပြီး အသင်းရဲ့ သမိုင်းကြောင်းကို ဖော်ဆောင်ခဲ့ရာမှာ သူ့ရဲ့ သွင်းဂိုးတွေက အရေးပါခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ်လည်း စာရင်းဝင်ခဲ့ပါတယ်။ 

“ ဆာဂျီယိုဟာ ဂန္ထဝင် တစ်ဦးပါ၊ မန်စီးတီး ပရိသတ်တွေရဲ့ နှလုံးသားထဲက သူ့အတွက် နေရာကို ဘယ်သူကမှ မဖျက်ဆီးနိုင်ပါဘူး၊ ခေတ်သစ် ဘောလုံးသမိုင်းမှာ သူက အသင်း အတွက် အရေးအပါဆုံး ဂိုးတွေကို သွင်းပေးခဲ့တာပါ၊ ဟာလန်းက အဲဒီလို အရည်အချင်းမျိုး ရှိနေပါတယ်၊ ဆာဂျီယို လုပ်ခဲ့တာက အံ့အားသင့်စရာပါ၊ ဒါပေမယ့် ဟာလန်း ကလည်း အဲဒီလိုပါပဲ၊ နော်ဝေ၊ ဩစတြီးယားနဲ့ ဂျာမနီမှာ သူ ဒီလိုတွေ လုပ်ပြဖို့ ကြိုးစားခဲ့ပြီးပါပြီ၊ သူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဂိုးတွေ ဆက်သွင်းနေမယ်လို့ မျှော်လင့်ပါတယ်၊ သူက မန်စီးတီးရဲ့ ထာ၀ရ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာပါလိမ့်မယ်” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်