နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၂၃/၈/၂၀၂၂)

ဩဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားတဲ့ စီးရီးအေ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရိုးမား နိုင်ပွဲဆက်ပြီး ဂျူဗင်တပ်စ် နိုင်ပွဲ ပျောက်ခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၂)

အီတလီ စီးရီးအေ ပွဲစဉ် ၂ မှာတော့ မော်ရင်ဟိုရဲ့ ရိုးမား ကတော့ တန်းတက် အသင်း ခရီမွန်နီစီကို အိမ်ကွင်းမှာ ၁-၀ ရလဒ် နဲ့ အနိုင်ယူပြီး နှစ်ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ဂိုးကန်သွင်းခွင့်တွေ အများအပြား ရခဲ့ပေမယ့် ဒုတိယပိုင်း ၆၅ မိနစ်မှာ စမောလင်း သွင်းယူခဲ့တဲ့ ၁ လုံးတည်းသော ဂိုးနဲ့သာ အနိုင်ရခဲ့တာပါ။

ရိုးမားက ဂိုးကန်သွင်းခွင့် ၂၇ ကြိမ်အထိရှိခဲ့ပြီး ၁၂ ကြိမ်ဂိုးပေါက်တည့်ခဲ့ပေမယ့် ၁ ဂိုးတည်းသာရခဲ့တာပါ။ နှစ်ပွဲ ဆက်တိုက် ဒီရလဒ်နဲ့ပဲ အနိုင်ရခဲ့ပြီး မော်ရင်ဟိုရဲ့ အသင်း ကတော့ ရမှတ်အပြည့်စုဆောင်းထားနိုင်ခဲ့ပါတယ်။

တဖက် မှာတော့ ဂျူဗီက ဆမ်ဒိုရီးယားကွင်းမှာ ဂိုးမရှိ သရေနဲ့ ကျေနပ်ခဲ့ရပါတယ်။ ဆမ်ဒိုရီးယားက ခံစစ်ကို အခိုင်အမာတည်ဆောက်ပြီး ဂျူဗီဆီက အမှတ်ရအောင် ကစားနိုင်ခဲ့ကာ ဒီရာသီ ပထမဆုံး ရမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ဂျူဗီကတော့ ရာသီအစမှာပဲ နာပိုလီ၊ အင်တာ၊ ရိုးမားတို့နဲ့ ရမှတ် ၂ မှတ်ကွာဟသွားခဲ့ပါပြီ။

လာမယ့် တပတ်မှာတော့ ရိုးမားနဲ့ ဂျူဗင်တပ်စ်တို့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ပေါ်လို ဒီဘားလား ကတော့ အသင်းဟောင်းနဲ့ စောစောစီးစီး ပြန်လည် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မော်ရင်ဟိုရဲ့ အသင်းက ပေးဂိုး မရှိပေမယ့် တိုက်စစ်က ၂ ဂိုးသာ သွင်းယူထားနိုင်သေးပြီး ဂျူဗီ ကလည်း ပေးဂိုး မရှိ စံချိန် ရရှိထားကာ ၃ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။


နာပိုလီ အတွက် သွင်းဂိုး စရသွားတဲ့ တောင်ကိုရီးယားသား ကင်မင်ဂျေး

တူရကီ ကလပ် ဖီနာဘာချီ ကနေ နာပိုလီကို ပြောင်းရွှေ့လာခဲ့တဲ့ တောင်ကိုရီးယား ကစားသမား ကင်မင်ဂျေး ကတော့ သူ့အတွက် ပထမဆုံး စီးရီးအေ သွင်းဂိုးကို ပွဲစဉ် ၂ မှာတင်ပဲ ရယူနိုင်ခဲ့ပါတယ်။ မွန်ဇာနဲ့ ကစားခဲ့ရတဲ့ အိမ်ကွင်း ပွဲစဉ်မှာ ကင်မင်ဂျေးက ဇီလင်စကီးရဲ့ ထောင့်ကန်ဘောကနေ တဆင့် နာကျင် အချိန်ပိုမှာ ခေါင်းတိုက် သွင်းယူနိုင်ခဲ့ကာ စီးရီးအေမှာ ပထမဆုံးဂိုး ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နာပိုလီမှာ ပုံမှန်ကစားခွင့် ရနေတဲ့ ကင်မင်ဂျေး ကလည်း ဒီသွင်းဂိုးဟာ သူ့ရဲ့ ဇနီး အတွက် ဖြစ်တယ်လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ တောင်ကိုရီးယား ခံစစ် ကစားသမားဟာ အထင်ကြီးစရာ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး တပွဲတည်းမှာပဲ ကြားဖြတ် လုယူမှု ၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဗီရိုနာနဲ့ ပွဲမှာလည်း ခြေစွမ်းပြခဲ့ပြီး မွန်ဇာနဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့နောက် နာပိုလီ နည်းပြ လူစီယာနို စပယ်လက်တီက “ သူ့အတွက် ပွဲကစားခွင့်တွေ ပိုပြီး ရဖို့ လိုအပ်ပါတယ်၊ သူ ပိုကောင်းအောင် ကစားနိုင်ပါသေးတယ်” လို့ ချီးကျူးခဲ့ပါတယ်။ နာပိုလီကတော့ ကင်မင်ဂျေးကို ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ကူလီဘာလီရဲ့ နေရာ အတွက် အစားထိုး ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ သူတို့ရဲ့ ခေါ်ယူမှုက မှန်ကန်နေတယ် ဆိုတာကို ပြသနေပါတယ်။

လာလီဂါ
UD အဲလ်မာရီးရား
ဆီဗီလာ FC
1X2 ဆီဗီလာ FC @ 2.17
ဆီဗီလာ FC အာရှ ဟန်းဒီးကပ် -0.50 @ 2.17
ဂိုးပေါ် 2.25 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အယ်လီဂရီကို ထုတ်ပယ်ဖို့ ဂျူဗီ ပရိသတ်တွေ တောင်းဆိုနေ

ဆမ်ဒိုးရီးယားနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဂျူဗင်တပ်စ် ပရိသတ်တွေဟာ အသင်း နည်းပြ မက်စ် အယ်လီဂရီကို ရာထူး ကနေ ထုတ်ပယ်ဖို့ အတွက် တောင်းဆိုနေကြပါတယ်။ “ စျေးကွက်ထဲမှာ အသင်း အတွက် တကယ် လိုအပ်တဲ့ နည်းပြတယောက်ကို ငါတို့ ရနိုင်မလား’ လို့ ပရိသတ်တွေက ပြောဆိုခဲ့ကြပြီး ဂိုးမရှိ သရေကျခဲ့တဲ့ အပေါ် မကျေမနပ်ကြောင်း ပြသခဲ့ကြပါတယ်။

ဂျူဗင်တပ်စ်ဟာ အဖွင့်ပွဲမှာ ဆာဆူအိုလိုကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့်လည်း ပွဲစဉ် ၂ မှာတော့ သရေသာ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးကန်သွင်းခွင့်လည်း မရသလောက် နည်းပါးခဲ့ပြီး အသင်းရဲ့ ခြေစွမ်းက အားရစရာ မရှိခဲ့တာကြောင့် ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပြီး အယ်လီဂရီကို နောက် တစ်ကြိမ် ဘယ်တော့ ထုတ်ပယ်မှာလဲလို့ မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အီတလီသား နည်းပြရဲ့ ဂျူဗီ နည်းပြ ထိုင်ခုံက ရာသီအစမှာပဲ  လှုပ်ခတ်လာပြီ ဖြစ်ပါတယ်။

ပရိသတ်တဦးက “ အချိန်နှစ်နာရီလောက်ကို ဘယ်လိုများ ဖြုန်းတီးခဲ့တာလဲ” လို့ ရေးသားခဲ့သလို နောက်တစ်ဦး ကလည်း “ အယ်လီဂရီရဲ့ စာချုပ် သက်တမ်းကုန်မှပဲ ငါဂျူဗင်တပ်စ်ပွဲ ပြန်ကြည့်တော့မယ်၊ ငါ့ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ရမယ်” လို့ ရေးသားခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်လူ ရာဘီယော့တ် ဂိုးသွင်းခဲ့ပေမယ့်လည်း ဗလာဟိုဗစ်က လူကျွံနေခဲ့လို့ ဂိုးမရခဲ့ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်