နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၂၁/၈/၂၀၂၂)

ဩဂုတ်လ ၂၁ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


ကက်စ်မဲရိုးကို ရောင်းရငွေနဲ့ ဘယ်လင်ဂမ်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းမယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူ ကက်စ်မဲရိုး အတွက် မန်ချက်စတာယူနိုက်တက် ဆီက ရရှိထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၇၀) ကို ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဂမ် အတွက် ပြန်လည် အသုံးပြုသွားဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် (၁၉) နှစ်အရွယ် ဘွန်ဒက်စ်လီဂါ ကွင်းလယ်လူ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ချဲလ်ဆီး အပါအဝင် ဥရောပ ထိပ်တန်း အသင်းကြီး အများအပြား ကလည်း စိတ်ဝင်စားနေတာပါ။

ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ကွင်းလယ်ကို သွေးသစ်လောင်းချင်နေပြီး အစောပိုင်းမှာ ချူအာမန်နီ၊ ကာမာဗင်ဂါ တို့လို လူငယ် ကြယ်ပွင့်တွေ ကိုလည်း ခေါ်ယူထားပါတယ်။ ဘယ်လင်ဂမ် အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အထိ သတ်မှတ်ထားပါတယ်။

ဒါပေမယ့် ဒီကစားသမားကို လက်ရှိ နွေရာသီမှာ ကြိုးစားကြမှာ မဟုတ်ဘဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှသာ အပြိုင်အဆိုင် ကြိုးစားသွားဖွယ် ရှိနေကြောင်း စပိန် အခြေစိုက် မာကာ သတင်းစာက ဖော်ပြထားပါတယ်။


ဒေါ့မန်က ထွက်ဖြစ်ရင် ယူနိုက်တက်ထက် ဘာစီလိုနာ ကိုသာ ပိုသွားချင်နေတဲ့ မူနီယာ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ နောက်ခံလူ သောမတ်စ် မူနီယာဟာ မန်ချက်စတာယူနိုက်တက်ထက် ဘာစီလိုနာ ကိုသာ ပိုမို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။
ဒေါ့မန် ကနေ ထွက်ခွာ ဖြစ်ရင် ယူနိုက်တက်ထက် ဘာစီလိုနာ ကို ပြောင်းရွှေ့ချင်နေတဲ့ မူနီယာ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ နောက်ခံလူ သောမတ်စ် မူနီယာဟာ မန်ချက်စတာယူနိုက်တက်ထက် ဘာစီလိုနာ ကိုသာ ပိုမို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

ဒီကစားသမားဟာ နောက်ဆုံး (၂) နှစ် အတွင်းမှာ ဒေါ့မန် အသင်းရဲ့ အဓိက,ကစားသမားတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ လက်ရှိ နွေရာသီ မှာတော့ မူနီယာ အသင်းပြောင်းလိုက ပြောင်းနိုင်ကြောင်း ဒေါ့မန် ဘက်က လမ်းဖွင့်ပေးထားပြီး ဘာစီလိုနာနဲ့ ယူနိုက်တက် တို့က အပြိုင် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

တချို့ သတင်းတွေ မှာတော့ ဒေါ့မန် ဘက်က မူနီယာကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောကြားထားပေမယ့် ယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် (၁၂.၅) သန်း ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းဖွယ် ရှိတယ်လို့လည်း ဖော်ပြနေပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင်က ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းသွားဖွယ် ရှိပြီး စပိန်မြေကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။


လိုက်ပ်ဇစ် ကွင်းလယ်လူကို လက်ရှိ နွေရာသီမှာ ခေါ်ယူတော့မှာ မဟုတ်တဲ့ ဘေယန်မြူးနစ်

လာလီဂါ
UD အဲလ်မာရီးရား
ဆီဗီလာ FC
1X2 ဆီဗီလာ FC @ 2.17
ဆီဗီလာ FC အာရှ ဟန်းဒီးကပ် -0.50 @ 2.17
ဂိုးပေါ် 2.25 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ်ဟာ လက်ရှိ နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် လိုက်ပ်ဇစ် ကွင်းလယ်လူ ကွန်ရက်ဒ် လိုင်မာကို ခေါ်ယူတော့မှာ မဟုတ်ဘဲ လာမယ့် နွေရာသီမှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖွယ် ရှိကြောင်း သိရပါတယ်။

လိုင်မာဟာ လိုက်ပ်ဇစ်နဲ့ စာချုပ် သက်တမ်း နောက်ဆုံးနှစ် အတွင်း ရောက်ရှိနေသည့် တိုင်အောင် အသင်း ဘက်က လက်ရှိ အချိန်မှာတော့ လက်လွှတ်လိုခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ လိုက်ပ်ဇစ်ဟာ သြစတြီးယား ကွင်းလယ်လူ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀) အထိ အလိုရှိနေတာ ဖြစ်ပါတယ်။

ကစားသမားနဲ့ ဘေယန်မြူးနစ် အကြား ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပေမယ့် လိုင်မာ အတွက် ဘေယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်စလုံးကို လိုက်ပ်ဇစ်ဘက်က ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ၁၁ နှစ်ဆက် ချန်ပီယံ ဖြစ်ရေး တာဆူနေတဲ့ ဘေယန်မြူးနစ် ကလည်း လက်ရှိ နွေရာသီမှာ ကစားသမားသစ် ခေါ်ယူတော့မှာ မဟုတ်ဘဲ အသင်းမှာ ရှိတဲ့ ကစားသမားတွေ ကိုပဲ အရင်ဆုံး ရှင်းထုတ်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အစောပိုင်းက ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်