နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၁၃/၈/၂၀၂၂)

အေစီမီလန်မှာပဲ ဆက်နေချင်တဲ့ တိုနာလီ၊ ရာဘီယော့တ် ထွက်ရင် ပါရီဒက်စ်နဲ့ အစားထိုးမယ့် ဂျူဗီ စတဲ့ သတင်းတွေ အပါအဝင် စီးရီးအေ နောက်ဆုံးရ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အေစီမီလန် မှာပဲ ဆက်နေချင်တယ်လို့ ပြောလာတဲ့ တိုနာလီ

အီတလီ ကွင်းလယ်လူ ဆန်ဒရို တိုနာလီက သူ့အနေနဲ့ အေစီမီလန် အသင်းမှာသာ ဆက်နေလိုကြောင်း သူ့ရဲ့ ဆန္ဒကို အတည်ပြု ဝန်ခံပြောကြားလာခဲ့ပါတယ်။ တိုနာလီဟာ ပရီးမီးယားလိဂ် ထိပ်သီး အသင်း တစ်သင်းကို ပြောင်းရွှေ့လိုနေကြောင်း ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာကြောင့် အခုလိုပဲ ပြန်ရှင်းသွားခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၂) နှစ်အရွယ် ကွင်းလယ် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ရာသီကမှ ဘရက်ရှား ကနေ အေစီမီလန်ကို အငှားနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ရာသီလုံး စီးရီးအေ ပွဲစဉ် ၂ ပွဲသာ လွဲချော်ခဲ့ပြီး အေစီမီလန် ကွင်းလယ် အတွက် အရေးပါခဲ့သလို ကစားသမားဘဝ သက်တမ်း တစ်လျှောက် ပထမဦးဆုံး အကြိမ် စကူဒက်တို ချန်ပီယံဆု ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တိုနာလီက “အေစီမီလန်ကို ပြောင်းရွှေ့ခဲ့တာက ကျွန်တော့် အတွက် မှန်ကန်တဲ့ အရာတစ်ခု ဖြစ်ပြီး ကျွန်တော်ရဲ့ ခြေစွမ်း ကိုလည်း သိသိသာသာ တိုးတက်စေခဲ့ပါတယ်။ အသင်းမှာ အမြဲတမ်း ရှိနေရတာနဲ့ အငှား ကစားရတာ မတူပါဘူး။” လို့ ဆိုပါတယ်။

“အငှားသွားကစားတဲ့ အသင်းမှာ ပုံစံကောင်း မပြနိုင်ရင် ခင်ဗျား အတွက် စိုးရိမ်စရာပါ။ ဒါပေမယ့် ကျွန်တော် အေစီမီလန်ကို အချိန်ကောင်းမှာ ရောက်လာခဲ့ပြီး ဒီမှာပဲ ဆက်နေချင်ပါတယ်” ဆိုပြီးလည်း ပြောကြားသွားခဲ့ပါတယ်။

ဘန်ဒက် လီဂါ
ဘိုင်ယန်မြူးနစ်
ဝုဖ်ဘတ်
1X2 ဘိုင်ယန်မြူးနစ် @ 1.13
ဘိုင်ယန်မြူးနစ် အာရှ ဟန်းဒီးကပ် -2.50 @ 1.95
ဂိုးပေါ် 4.0 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဖရန့်ဖတ်ကို အငှားနဲ့ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဂျူဗင်တပ်စ် နောက်ခံလူ

ဂျူဗင်တပ်စ် ဘယ်နောက်ခံလူ လူကာ ပယ်လီဂရီနီဟာ ဖရန့်ဖတ် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒီကစားသမား အတွက် ကလပ် နှစ်ခု အကြား ဆွေးနွေးမှုတွေ ကလည်း အဆင်ပြေနေပြီး မကြာခင်မှာပဲ ဆေးစစ်မှု ခံယူဖွယ် ရှိနေတာပါ။

လက်ရှိ ဂျူဗင်တပ်စ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ် ကနေ ခေါ်ယူထားတဲ့ ဖိလစ် ကော့စတစ် ရောက်ရှိလာခဲ့တာကြောင့် ပယ်လီဂရီနီ အနေနဲ့ အလှည့်ကျ ပွဲထွက်ခွင့်တောင် ရဖို့ မသေချာ ဖြစ်နေသူပါ။ လက်တလော စီးရီးအေ ထိပ်သီး ကလပ်ရဲ့ ဘယ်နောက်ခံလူနေရာမှာ မာသီးယပ်စ် ဒီဆစ်ဂ်လီယိုနဲ့ အဲလက်စ် ဆန်ဒရို၊ ညာနောက်ခံလူ နေရာမှာ ဒန်နီလိုနဲ့ ဂျူအန် ကွာဒရာဒိုတို့ ရှိနေပါတယ်။

ဂျူဗင်တပ်စ် ဘက်ကလည်း ပယ်လီဂရီနီကို လက်လွှတ်ဖို့ ဆန္ဒရှိနေပေမယ့် တစ်နှစ် လုပ်ခ ယူရို ၆ သန်း ဆိုတဲ့ ပမာဏက ခေါ်ယူချင်တဲ့ အသင်းတွေကို လက်တွန့်နေစေတာ ဖြစ်ပါတယ်။


ရာဘီယော့တ်ကို ရောင်းဖြစ်ရင် ပါရီဒက်စ်ကို ပြန်လည် ခေါ်ယူမယ့် ဂျူဗင်တပ်စ်

ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ်ကို မန်ချက်စတာယူနိုက်တက် အသင်းထံ ရောင်းချဖြစ်ခဲ့ရင် ဂျူဗင်တပ်စ်တို့ ပီအက်စ်ဂျီ ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ကို ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အာဂျင်တီးနား ကွင်းလယ်လူ ပါရီဒက်စ်ဟာ စီးရီးအေ ကလပ်ရဲ့ ကာလရှည် ပစ်မှတ်ကစားသမား ဖြစ်ပြီး လက်ရှိ နွေရာသီမှာလည်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ဘက်ကလည်း ဒီကစားသမားအတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းချသွားမှာ ဖြစ်ပြီး ဘဏ္ဍာရေး အခြေအနေကြောင့် အသင်းရဲ့ နောက်ထပ် ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ အာသာ မယ်လို ကိုလည်း ရောင်းထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ရာဘီယော့တ်သာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ ဂျူဗင်တပ်စ်တို့ ယူရို သန်း (၂၀) ဝန်းကျင် ရရှိနိုင်ပြီး အဲ့ဒီ ပြောင်းရွှေ့ကြေးနဲ့ ပါရီဒက်စ်ကို သေချာပေါက် ပြန်လည် ခေါ်ယူလိမ့်မယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်