နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၁၂/၈/၂၀၂၂)

တစ်နှစ် လုပ်ခ ပေါင် ၆ သန်း လိုချင်တဲ့ ရာဘီယော့တ်တို့ သားအမိ၊ ဖရီအူလာကို ခေါ်ယူနိုင်ခဲ့တဲ့ ဖောရက်စ် စတဲ့ သတင်းတွေ အပါအဝင် စီးရီးအေ နောက်ဆုံးရ သတင်းတချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တစ်နှစ် လုပ်ခ ပေါင် ၆ သန်းကျော် လိုချင်နေတဲ့ ရာဘီယော့တ်တို့ သားအမိ 

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ်ရဲ့ အပြောင်းအရွှေ့ ကတော့ လုပ်ခ လစာ ညိနှိုင်းမှု အပိုင်းမှာ အဆင်မပြေတာကြောင့် ပျက်ပြယ်သွားဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူကို မန်ချက်စတာယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် ၁၅.၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်သလို ဂျူဗင်တပ်စ် ကလည်း လိုလိုလားလား ထွက်ခွာခွင့်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရင် ညှိနှိုင်းတဲ့ အခါမှာတော့ ရာဘီယော့တ်နဲ့ သူ့ရဲ့ မိခင် (အေးဂျင့်) တို့က တစ်နှစ် လုပ်ခ ပေါင် ၆ သန်းထက် ပိုပြီး လိုချင်နေတာကြောင့် သဘောတူညီမှု ရဖို့ ခက်ခဲနေတာ ဖြစ်ကြောင်း Sportmediaset က ဖော်ပြခဲ့ပါတယ်။

တူရင် ကလပ်ရဲ့ ပရိသတ်တွေ ကလည်း ရာဘီယော့တ် ထွက်ခွာမယ် ဆိုတဲ့ သတင်းကြောင့် စိတ်လှုပ်ရှားနေပြီး အပြောင်းအရွှေ့ မြန်မြန်ဆန်ဆန် ပြီးမြောက်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ Tuttosport ရဲ့ ဖော်ပြချက်အရ ဆိုရင် ရာဘီယော့တ်ဟာ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ ဖုန်းပြောဆိုမှုတွေ ရှိထားသလို ပုံမှန် ပွဲထွက်ခွင့် အတွက် အာမခံထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ တန်ဟက်ဂ်ဟာ အစောပိုင်းက ဒီယောင် တစ်ဦးတည်း ကိုပဲ ပစ်မှတ်ထားလာခဲ့ပေမယ့် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ တော့ ချက်ချင်းပဲ ရာဘီယော့တ်ကို ကမ်းလှမ်းဖို့ အသင်း တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။


ပြင်သစ် အတွက် ပေါ့ဘာနဲ့ ကန်တေ ရှိနေဖို့ အရေးကြီးတယ်လို့ ဆိုခဲ့တဲ့ ဒက်စ်ရွှမ့်စ်

ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ကမ္ဘာ့ဖလား ကစားမယ့် ပြင်သစ် အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်တယ်လို့ နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်က ပြောကြားလိုက်ပါတယ်။ 

ပေါ့ဘာဟာ အသင်းဟောင်းကို ပြန်ရောက်ရောက်ချင်း ရာသီကြို ခြေစမ်းပွဲ ခရီးစဥ်မှာ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ စီးရီးအေ ရာသီအဖွင့် ပွဲစဉ် တချို့ကို လွဲချော်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း ပေါ့ဘာဟာ ခွဲစိတ် ကုသမှု ခံယူဦးမှာ မဟုတ်တဲ့ အတွက် ကမ္ဘာ့ဖလား အမီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ မသေချာဘူး ဆိုပြီးလည်း ဖော်ပြမှုတွေ ရှိနေပါတယ်။

စီးရီးအေ
အေစီမီလန်
အူဒီးနီးစ်
1X2 သရေ (Draw) @ 4.60
ဂိုးပေါ် 2.75 @ 1.97
ဂိုးပေါင်း 0-1 @ 3.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီအခြေအနေအပေါ်မှာ ဒက်ရွှမ့်စ် က “ပေါ့ဘာနဲ့ ကန်တေလား။ ကမ္ဘာ့ဖလားမှာ သူတို့ ရှိနေဖို့ အရေးကြီးတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အတွက် ဘယ်အရာမှ သေချာတယ် ဆိုတာ မရှိပါဘူး။ ဒီတော့ လူငယ်ကစားသမားတွေ ကိုလည်း ပိုပြီး ပြင်ဆင်ပေးထားဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။

“ကျနော် ပေါ့ဘာနဲ့ အဆက်အသွယ် ရှိပြီး သူ့ အနေနဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ ဆိုတာ မေးခွန်းထုတ်ဖို့ လိုမယ် မထင်ပါဘူး။” လို့လည်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။


အတ္တလန္တာ ကွင်းလယ်လူကို ပေါင်၉ သန်းနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဖောရက်စ်

ပရီးမီးယားလိဂ် တန်းတက် ကလပ် နော့တင်ဟမ်ဖောရက်စ် ကတော့ ဆွစ်ဇာလန် ကွင်းလယ်လူ ရိမို ဖရီအူလာ ကို ခေါ်ယူဖို့ အတ္တလန္တာနဲ့ စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်လူ ကတော့ အတ္တလန္တာရဲ့ သံစုံတီးဝိုင်း ခေါင်းဆောင် လို့တောင် တင်စားခံထားရသူ ဖြစ်ပြီး စီးရီးအေ ကလပ် အတွက် ပွဲပေါင်း ၂၆၀ ကစားပေးထားသူ ဖြစ်ပါတယ်။

ဖရီအူလာရဲ့ အပြောင်းအရွှေ့ အတွက် ကလပ် နှစ်ခု အကြား ရက်သတ္တပတ်တွေ အများကြီး ဆွေးနွေးခဲ့ရပေမယ့် နောက်ဆုံး မှာတော့ ပေါင် ၉ သန်းနဲ့ သဘောတူညီမှု ရဖို့ နီးစပ်နေခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ နော့တင်ဟမ်ဖောရက်စ် တရားဝင် ပေ့ချ် မှာတော့ ဆွစ်ဇာလန် လက်ရွေးစင်ဟာ ဆေးစစ်မှု ခံယူဖို့ အတွက် အင်္ဂလန်ကို လာနေပြီလို့ ဖော်ပြထားပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ စုစုပေါင်း ၁၁ ဦး ခေါ်ယူထားပြီး ဖြစ်ပေမယ့် ထပ်မံ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဖောရက်စ်တို့ ပဲလေ့စ် ကွင်းလယ်လူ ချိတ်ခ်ကူး ကိုယာတေး၊ ဝက်ဖို့ဒ် တောင့်ပံ ကစားသမား အီမန်နျူရယ် ဒေးနစ်၊ ဝုဗ်က မော်ဂန် ဂစ်ဘ် ဝှိုက်နဲ့ ဗီလာရီးရဲယ်က အက်စတူပီနန် တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်