နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နံနက်ခင်း သတင်းများ (၃၁/၇/၂၀၂၂)

ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ခင်း အချိန်ထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီးကို ပြောင်းရွှေ့ချင်ကြောင်း အသင်းကို တောင်းဆိုလိုက်တဲ့ ကူကာရယ်လာ

စပိန် ဘယ်နောက်ခံလူ မက်ကူကာရယ်လာ ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်းထံ ပြောင်းရွှေ့ ကစားခွင့်ရဖို့ အတွက် ဘရိုက်တန် အသင်းကို တောင်းဆိုမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဗြိတိန် အခြေစိုက် Guardian သတင်းစာရဲ့ ဖော်ပြချက်အရ ဆိုရင် မန်စီးတီး အသင်းဟာ ကူကာရယ်လာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်ပေမယ့် ဘရိုက်တန် အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ လိုအပ်နေသေးတာကြောင့် ကစားသမား ကိုယ်တိုင်က အသင်းရဲ့ တာဝန်ရှိသူတွေကို တောင်းဆိုလာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

မန်စီးတီးက လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကိုကို အာဆင်နယ် အသင်းဆီ လက်လွှတ်ထားခဲ့ရတာကြောင့် ကူကာရယ်လာနဲ့ ပြန်ပြီး အစားထိုးဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ စီးတီးတို့ ကူကာရယ်လာကို ယူရို သန်း ၃၀+အပိုဆုကြေးတွေနဲ့ ပထမတစ်ကြိမ် ကမ်းလှမ်းထားပေမယ့် ဘရိုက်တန် ဘက်က ငြင်းဆန်ပယ်ချထားခဲ့ပါတယ်။

သတင်းတွေအရ ဘရိုက်တန်က သူတို့ရဲ့ ကစားသမား အတွက် အနည်းဆုံး ပေါင် သန်း ၅၀ လိုချင်နေပြီး မန်စီးတီး ကတော့ အများဆုံး ပေါင်သန်း ၄၀ အထိသာ သုံးစွဲချင်တာကြောင့် အပြောင်းအရွှေ့ အထမြောက်ဖို့ ခဲယဉ်းနေခဲ့တာလည်း ဖြစ်ပါတယ်။


ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ လိုလားနေတဲ့ ပါဗက်

ဘေယန်မြူးနစ် ညာနောက်ခံလူ ဘင်ဂျမင် ပါဗက်က အကယ်၍ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကသာ ကမ်းလှမ်းလာခဲ့ရင် ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ ဂျာမန် အခြေစိုက် Sport BILD မဂ္ဂဇင်းနဲ့ ဘေယန်မြူးနစ်ရဲ့ သတင်းထောက် ခရစ္စရှန် ဖော့ခ်က အတည်ပြုပေးထားတာကြောင့် အလားအလာရှိတဲ့အပြောင်းအရွှေ့လို့ သတ်မှတ်လို့ ရပါတယ်။

ချဲလ်ဆီးက ဂျူးလ်စ် ကွန်ဒေးကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် ခံစစ်မှူး တစ်ဦး ထပ်မံ ရှာဖွေနေပြီး အသက် ၂၆ နှစ် အရွယ် ပြင်သစ် လက်ရွေးစင်ကို စတန်းဖို့ဒ်ဘရစ်ချ်ဆီ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ဘက်ကလည်း သူတို့ရဲ့ ကစားသမား အတွက် ပေါင် သန်း ၃၀ ဝန်းကျင် ရရင် လက်လွှတ်ပေးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 မန်ချက်စတာ ယူနိုက်တက်@ 1.55
ဂိုးပေါ် 2.50 @ 2.00
မန်ချက်စတာ ယူနိုက်တက် အာရှ ဟန်းဒီးကပ် -1.00 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လက်တလော ဘေယန်မြူးနစ်မှာ ညာနောက်ခံလူတွေ များနေတာကလည်း ပါဗက် အသင်းပြောင်းဖို့ တွန်းအား တစ်ခု ဖြစ်လာနိုင်ပြီး ချဲလ်ဆီး သာ အမှန်တကယ် ကြိုးစားမယ် ဆိုရင်တော့ ခေါ်ယူရ မခက်ခဲနိုင်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးတို့ ပါဗက်ကို ခေါ်ယူဖို့ ဆိုရင်တော့ ယူနိုက်တက်၊ အက်တလက်တီကို၊ ဂျူဗင်တပ်စ် တို့နဲ့ အပြိုင်အဆိုင် ကမ်းလှမ်းရဖွယ်တော့ ရှိနေပါတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီးတို့ နောက်ထပ် ပြင်သစ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဝက်စ်လေ ဖိုဖာနာကို ချိတ်ဆက်နေပေမယ့် လက်စတာစီးတီးက ပေါင်သန်း ၇၀ လိုချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် တူချယ်ရဲ့ အသင်းက ပီအက်စ်ဂျီက ပရက်စ်နဲလ် ကင်မ်ပမ်ဘီ ကိုလည်း လက်မလျှော့သေးသလို အင်တာမီလန်က ရှက်ခရီနီယာနဲ့ ဒမ်းဖရီးစ်တို့ နှစ်ဦးကိုလည်း ပေါင် သန်း ၁၀၀ နီးပါး သုံးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။


ပေါင် ၃၈ သန်းတန် ကွင်းလယ်လူကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

အီတလီ ကလာတဲ့ သတင်းတွေ အရ မန်ချက်စတာယူနိုက်တက် အသင်းဟာ နာပိုလီ ကွင်းလယ်လူ ဖေဘီယန် ရူအစ်ဇ် ကို ခေါ်ယူဖို့ စတင် ချိတ်ဆက်နေပြီလို့ သိရပါတယ်။

အခုနွေရာသီမှာ ကွင်းလယ် ကစားသမား တစ်ဦး ရှာဖွေနေတဲ့ ပရီးမီးယားလိဂ် ကလပ်ဟာ အစောပိုင်းမှာ ဘာစီလိုနာက ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ အလားအလာ ကောင်းခဲ့တာပါ။ ဒါပေမယ့်လည်း ထင်သလောက် မရိုးရှင်းတဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်နေခဲ့ခြင်းနဲ့ အတူ နောက်ဆုံး မှာတော့ ယူနိုက်တက်တို့ နောက်ထပ် ကစားသမား တစ်ဦး ထပ်မံ ရှာဖွေနေခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက် ကလည်း ယူနိုက်တက်တို့ လာဇီယို ကွင်းလယ်လူ မီလန်ကိုဗစ် ဆာဗစ်နဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

အသက် ၂၆ နှစ် အရွယ် စပိန် ကွင်းလယ် ကစားသမား အတွက် နာပိုလီ ဘက်က ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်း သတ်မှတ်ထားပြီး လက်ရှိမှာ ယူနိုက်တက် ဘက်က ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီလို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ ဖေဘီယန် ရူအစ်ဇ်ဟာ စီးရီးအေ ကလပ်နဲ့ မကြာခင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး နာပိုလီ ဘက်ကလည်း လာမယ့် ရာသီမှာ အလွတ် ထွက်ခွာခွင့်ပေးရမှာထက် အခုနွေရာသီမှာ တန်ကြေး တစ်ရပ်နဲ့ ရောင်းထုတ်ဖို့ကို လိုလားနေတာ ဖြစ်ပါတယ်။

ဖေဘီယန် ရူအစ်ဇ်ဟာ ၂၀၁၈ ခုနှစ်က လာလီဂါ ကလပ် ရီးရဲယ်ဘက်တစ် ကနေ နာပိုလီကို ပြောင်းရွှေ့လာခဲ့ပြီး နေပဲလ် ကလပ် အတွက် ၄ ရာသီ အတွင်း ၁၆၆ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းယူပေးထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်