နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ ညနေခင်း သတင်းများ (၂၉/၇/၂၀၂၂)

အခု တစ်ခါ မှာတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၉ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်ကြောင်း ဂျူဗင်တပ်စ်ကို အသိပေးထားတဲ့ ချဲလ်ဆီး  

ချဲလ်ဆီး ကတော့ သူတို့ အသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်ကြောင်း စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို အသိပေး ကမ်းလှမ်းထားတယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ အီတလီ လက်ရွေးစင်ဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူလည်း ဖြစ်ပါတယ်။ 

ဒီကစားသမားကို ချဲလ်ဆီးဘက်က စာချုပ်သစ် ကမ်းလှမ်းဖို့ စိတ်ကူးမရှိတော့ဘဲ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်သာ ခေါ်ယူလိုတယ်ဆိုရင် ခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဂျူဗင်တပ်စ် ကလည်း ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေတာကြောင့် ကစားသမားသစ် ရှာဖွေနေရတာ ဖြစ်ပါတယ်။ လက်တလော မှာတော့ မက်စ် အယ်လီဂရီရဲ့ အသင်းက ကစားသမားဟောင်းတွေ ဖြစ်တဲ့ ပီယာနစ်နဲ့ အာသာ မယ်လို တို့ကို ပြန်လည် ခေါ်ယူသွားဖွယ် ရှိနေတယ် ဆိုပြီး လည်း သတင်းတွေ ထွက်နေပါသေးတယ်။ 

ချဲလ်ဆီး ကတော့ ဂျော်ဂျင်ဟို အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရတာနဲ့ ရောင်းထုတ်သွားမှာ ဖြစ်ပြီး ဂျူဗင်တပ်စ်ဆီက ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ 


ပြင်သစ်မှာ မပျော်တော့လို့ အီတလီကို ပြန်ချင်နေတဲ့ နာဗက်စ်

ပီအက်စ်ဂျီ ဂိုးသမား ကေလာ နာဗက်စ် ကတော့ ပြင်သစ်မြေမှာ မပျော်ရွှင်တော့တာကြောင့် အီတလီ စီးရီးအေကို ပြန်လည် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ နာဗက်စ်ဟာ ပီအက်စ်ဂျီမှာ ဒွန်နာရမ်မာရဲ့ နောက် ဒုတိယဂိုးသမား အဖြစ်သာ သတ်မှတ်ခံထားရတာပါ။ 

ပရီးမီးယား လိဂ်
အဲဗာတန်
ချဲလ်ဆီး
1X2 သရေ (Draw) @ 3.50
ဂိုးပေါ် 2.50 @ 2.03
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အသက် ၃၅ နှစ် အရွယ် ကော်စတာရီကာ ဂိုးသမားကို ခေါ်ယူဖို့ စီးရီးအေ ကလပ် နာပိုလီက စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့် နာပိုလီ အတွက် အဓိက ပြဿနာ ဖြစ်လာနိုင်တဲ့ အချက်က နာဗက်စ်ရဲ့ လုပ်ခလစာ ဖြစ်ပါတယ်။ နာဗက်စ်ဟာ ပီအက်စ်ဂျီမှာ တစ်နှစ် လုပ်ခ ယူရို ၇ သန်း နီးပါး ရရှိနေပြီး ဒီလစာ ပမာဏကို ပေးချေဖို့ နာပိုလီ အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ 

နာပိုလီ ကတော့ နာဗက်စ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် ချဲလ်ဆီး ဂိုးသမား ကီပါ အရစ်ဇာဘလာဂါကို ခေါ်ယူဖို့ ပြင်ဆင်ထားပြီး စပိန် ဂိုးသမားရဲ့ လုပ်ခလစာ ကတော့ နာဗက်စ်ထက် လျော့ပါးတယ်လို့ သိရပါတယ်။


ဒီယောင်ကို မရလို့ မီလန်ကိုဗစ် ဆာဗစ်ကို ပြောင်းကြိုးစားမယ့် ယူနိုက်တက်

ဒီဂျောင်ကို ခေါ်ယူဖို့ မျှော်လင့်ချက် နည်းသထက် နည်းလာတဲ့ ယူနိုက်တက် ကတော့ စီးရီးအေ ကလပ် လာဇီယို ကွင်းလယ်လူ မီလန်ကိုဗစ် ဆာဗစ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

လာဇီယို ဘက်ကတော့ မီလန်ကိုဗစ် ဆာဗစ်ကို ပြောင်းရွှေ့ကြေးကို ပေါင် ၅၉ သန်းနီးပါး ရရင် ရောင်းထုတ်လိုပြီး သတင်းတွေအရ ဆိုရင် ဆာဗစ်ရဲ့ အေးဂျင့်က လာမည့် ဩဂုတ် လဆန်းပိုင်းမှာ စီးရီးအေ‌ ကလပ် မငြင်းနိုင်လောက်တဲ့ ကမ်းလှမ်းမှု တစ်ရပ်ကို ယူနိုက်တက်ဆီက ယူဆောင်လာဖို့ ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မီလန်ကိုဗစ် ဆာဗစ်ဟာ လာဇီယိုရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်ပြီး အကယ်၍ ရောင်းထုတ်ဖြစ်ရင်လည်း ပရိသတ်တွေရဲ့ ကျေမနပ်ဖြစ်မှုကို ခံရနိုင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့် နောက်ထပ် အရည်အသွေးရှိတဲ့ ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူဖို့ သေချာသလောက် ရှိတဲ့ အချိန်မှပဲ ဆာဗစ်ကို ရောင်းထုတ်သွားဖို့ ရှိနေတယ််လို့လည်း သုံးသပ်နေကြပါတယ်။ 

မီလန်ကိုဗစ် ဆာဗစ်ဟာ ဗဟိုကွင်းလယ် အဖြစ် သာမက လိုအပ်ရင် နည်းဗျူဟာပေါ်မူတည်ပြီး တစ်ကွင်းလုံး နေရာစုံ ရွေ့လျားကစားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဆားဘီးယား ကွင်းလယ်လူဟာ ၂၀၁၅ ခုနှစ်မှာ ဂန့်ခ် ကနေ လာဇီယိုကို ပြောင်းရွှေ့လာခဲ့ပြီး ၇ ရာသီ အတွင်း ၂၉၄ ပွဲ ကစားကာ ၅၈ ဂိုး သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်