နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

ဇွန်လ ၁၉ ရက်နေ့ ညပိုင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်း တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဆက်လက် ဖော်ပြပေးချင်ပါတယ်။
ကူကာရယ်လာကို ပစ်မှတ်ထားလာတဲ့ မန်စီးတီး

ဇင်ချန်ကို,ကို အာဆင်နယ်ဆီ ရောင်းထုတ်ဖို့ သဘောတူညီခဲ့ပြီးနောက် မန်ချက်စတာစီးတီး အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ဘရိုက်တန် အသင်းရဲ့ ဘယ်နောက်ခံလူ မက် ကူကာရယ်လာကို ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဘရိုက်တန် အတွက် ထူးရှယ် ခြေစွမ်းပြခဲ့တဲ့ ကူကာရယ်လာကို ပရီးမီးယားလိဂ် အသင်းကြီး တော်တော်များများက မျက်စိကျနေကြတာ ဖြစ်ပါတယ်။

ကူကူရယ်လာက ဘာစီလိုနာရဲ့ နာမည်ကြီး လာမာဆီယာ အကယ်ဒမီထွက် ဖြစ်ပြီး သက်တမ်း အလိုက် စပိန် လူငယ်အသင်းတွေမှာ တောက်လျှောက် ကစားပေးနေခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေ ထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ကူကူရယ်လာဟာ အသင်းကြီး အများစုရဲ့ အာရုံစိုက်မှု ခံနေရပေမယ့် ဘရိုက်တန် ကတော့ သူတို့ရဲ့ ကစားသမားကို လက်လွှတ်ခံမှာ မဟုတ်ဘူးကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

ဒါပေမယ့် မန်စီးတီး ဘက်ကသာ အမှန်တကယ် ကမ်းလှမ်းလာခဲ့မယ် ဆိုရင်တော့ ဘရိုက်တန်တို့ ကစားသမားကို ဆက်ထိန်းထားဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။ ကူကာရယ်လာဟာ ခံစစ်မှာ အကောင်းဆုံး ကစားနိုင်သလို တိုက်စစ်လည်း လိုက်ပါနိုင်စွမ်းလည်း ရှိသူ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ဂွာဒီယိုလာ သဘောကျတဲ့ ကစားသမား ဖြစ်နေတာကြောင့် ဘယ်အချိန် အပြောင်းအရွှေ့ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။


ရော်နယ်ဒိုဟာ ရောင်းဖို့ မဟုတ်ဘူးလို့ ထပ်ပြောလိုက်တဲ့ တန်ဟက်ဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အဲရစ်တန်ဟက်ဂ်က ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရောင်းချဖို့ မဟုတ်ဘူးလို့ နောက်တကြိမ် ထပ်မံ ပြောဆိုလိုက်ပါတယ်။
အသင်းကို စွန့်ခွာချင်နေတဲ့ ရော်နယ်ဒိုကို သက်တမ်းပါ တိုးချင်နေတဲ့ အဲရစ်ခ် တန်ဟက်ဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အဲရစ်တန်ဟက်ဂ်က ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရောင်းချဖို့ မဟုတ်ဘူးလို့ နောက်တကြိမ် ထပ်မံ ပြောဆိုလိုက်ပါတယ်။ ဘန်ကောက်မှာ လီဗာပူးလ်နဲ့ ခြေစမ်းပွဲ မတိုင်ခင် ကလည်း တန်ဟက်ဂ်က အလားတူ ပြောဆိုထားခဲ့ပြီးတော့ အခုအခါ မှာလည်း ပေါ်တူဂီ တိုက်စစ်မှူးကြီး အပေါ် သူ ဘယ်လို သဘောထားသလဲ ဆိုတာကို နောက်ထပ် တစ်ကြိမ် လှစ်ဟပြသွားခဲ့တာ ဖြစ်ပါတယ်။

“ ရော်နယ်ဒို အခြေအနေက ဘာမှမပြောင်းလဲပါဘူး။ ဘန်ကောက်မှာ ကျနော် ပြောခဲ့သလိုပါပဲ၊ သူက ထိပ်တန်း အဆင့် ပရော်ဖက်ရှင်နယ် ကစားသမားပါ၊ သူ တစ်ဦးတည်း လေ့ကျင့်ခန်းတွေ လုပ်နေပါတယ်၊ ကြံ့ခိုင်မှုလည်း ပြည့်၀နေမှာပါ။ သူ့အနေနဲ့ ကျွန်တော့် ကစားကွက် အောက်မှာ လိုက်ကစားနိုင်စွမ်း ရှိပြီး ဒါကိုလည်း သူ့ကစားသမားဘ၀ တလျှောက်လုံး သက်သေပြထားပြီးပါပြီ” လို့ တန်ဟက်ဂျ်က ဆိုပါတယ်။

ဒါ့အပြင် တန်ဟက်ဂ်က ရော်နယ်ဒိုကို နောက်ထပ် စာချုပ်သစ်ချုပ်ဆိုနိုင်တယ် ဆိုတဲ့ ပုံစံမျိုး ပြောခဲ့တာ ကလည်း အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက ယူနိုက်တက် ကနေ ထွက်ခွာမယ်လို့ ပြောဆိုထားပြီး မိသားစုကိစ္စ အကြောင်းပြကာ အသင်းနဲ့ ပူးပေါင်းခြင်းလည်း မရှိသေးပါဘူး။ ဒါပေမယ့် တန်ဟက်ဂ် ကတော့ လာမယ့်ရာသီ သူ့ရဲ့ စီမံကိန်းတွေထဲမှာ ရော်နယ်ဒို ပါဝင်တယ်လို့ အခိုင်အမာကို ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။


ဇင်ချန်ကို,ကို ခေါ်ယူနိုင်ခဲ့ပြန်တဲ့ အာဆင်နယ်

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 ဘရိုက်တန် @ 5.40
မန်ချက်စတာ ယူနိုက်တက် အာရှ အကျောပေး -1.00 @ 2.01
ဂိုး‌အောက် 2.25 @ 2.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ပြိုင်ဘက် မန်စီးတီး အသင်းရဲ့ နောက်ခံလူ ဇင်ချန်ကို,ကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သတင်းတွေမှာ အခိုင်အမာ ဖော်ပြလျက် ရှိပါတယ်။ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ဂန်းနားတို့ ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်ကို ခေါ်ယူပြီးနောက် မန်စီးတီးရဲ့ နောက်ထပ် ကစားသမားတစ်ဦး ဖြစ်တဲ့ ဇင်ချန်ကို, ကိုပါ ထပ်မံ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မီခယ်အာတေးတား အသင်းရဲ့ လက်တလော အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက အရင်ကနဲ့ ဘာမှမဆိုင်တော့သလို ပရိသတ်တွေ ကိုယ်တိုင်က အာဆင်နယ်မှ ဟုတ်ပါရဲ့လားတောင် ပြန်မေးရတဲ့ အထိ အားရစရာ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ဆုံး သဘောတူညီမှု ရခဲ့တဲ့ ယူကရိန်းသား ဇင်ချန်ကို ဟာလည်း မန်စီးတီးရဲ့ ဘောလုံး ဦးနှောက် အရှိဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ် အရင် ကတည်းက သတ်မှတ်ခံထားရတာကြောင့် ဂန်းနားတွေ အတွက် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့လည်း သုံးသပ်နေကြပါတယ်။

ဇင်ချန်ကိုဟာ နောက်တန်း ဘယ်အစွန်မှာ သာမက ကွင်းလယ် မှာလည်း ကစားနိုင်သူဖြစ်လို့ နည်းပြ အာတေးတား အတွက် ရွေးချယ်စရာ ပိုများသွားခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ အရည်အသွေး ရှိပေမယ့် ဂျာအို ကန်ဆယ်လိုကြောင့် အရန် အဖြစ်နဲ့သာ အချိန်ကုန်နေတဲ့ ဇင်ချန်ကို, ကို အာဆင်နယ်က မြန်မြန်ဆန်ဆန်ပဲ ကမ်းလှမ်းခဲ့ပြီး အချိန်တို အတွင်းမှာ သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကစားသမား ကိုယ်တိုင် ကလည်း ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်း တစ်သင်းဆီ ပြောင်းချင်နေခဲ့ပြီး နောက်ဆုံး မှာတော့ အာဆင်နယ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဇင်ချန်ကိုရဲ့ အပြောင်းအရွှေ့ ကိုတော့ အာဆင်နယ်တို့ လာမယ့် ရက်ပိုင်း အတွင်း တရားဝင် ကြေညာသွားဖို့လည်း ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်