နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၈/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၈ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူးကို ကမ်းလှမ်းပြီး ပစ်မှတ် ကစားသမားကို အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းဦးမယ့် ချဲလ်ဆီး

ချဲလ်ဆီး အသင်း အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါင် ၁၄ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို ဘာစီလိုနာက ဖရန်ကီ ဒီယောင် ကိုလည်း ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ အင်္ဂလန် မီဒီယာတွေက ဖော်ပြပါတယ်။ 

ရော်နယ်ဒိုဟာ အကြောင်းပြချက် မျိုးစုံနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါခဲ့ခြင်း မရှိသလို အေးဂျင့် ဂျော့ချ် မန်းဒက်စ် ကလည်း သူ့ရဲ့ ကစားသမား အသင်း‌ ပြောင်းရွှေ့နိုင်ရေး အစွမ်းကုန် ကြိုးစားနေတာ ဖြစ်ပါတယ်။ မန်းဒက်စ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ် ဘိုလေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အခုလို နောက်ဆက်တွဲ သတင်းတွေ တောက်လျောက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

ချဲလ်ဆီးဟာ ရိုမယ်လူ လူကာကူကို အင်တာမီလန် အသင်းထံ အငှားနဲ့ ထွက်ခွာခွင့်ပေးခဲ့ရပြီးနောက် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ လိုအပ်နေပြီး ရော်နယ်ဒို ကလည်း ချန်ပီယံလိဂ် ကစားချင်နေတာကြောင့် လန်ဒန်ကို ပြောင်းရွှေ့ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။ တော့ဒ်ဘိုလေဟာ ချဲလ်ဆီးကို ဝယ်ယူခဲ့ပြီးနောက် အသင်းကို ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်လိုနေပြီး ရော်နယ်ဒိုလို ပုံရိပ်မြင့်မားတဲ့ ကစားသမားကို စတန်းဖို့ဒ်ဘရစ်ချ်ဆီ အရ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ရော်နယ်ဒိုဟာ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်နိုင်ချေ ရှိမရှိကို နည်းပြ တူချယ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

စပိန် ကလာတဲ့ သတင်းတွေ မှာတော့ ချဲလ်ဆီး တို့ မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ငွေသား အပြင် အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ် အလွန်ဆို ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ စုစုပေါင်း ၅၁ သန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပြီး ဘာစီလိုနာ ကတော့ ပေါင်သန်း ၇၀ကို ငွေသား သက်သက်ပဲ အလိုရှိနေတယ်လို့  သိရပါတယ်။ 

ချဲလ်ဆီးဟာ ပိုင်ရှစ်သစ် လက်ထက်မှာ ကစားသမား တစ်ဦးမှ မခေါ်ယူနိုင်သေးသလို မန်ချက်စတာယူနိုက်တက် ကလည်း လက်ရှိ အပြောင်းအရွှေ့ ကာလမှာ မလာဆီယာ တစ်ဦးတည်းကိုသာ ခေါ်ယူ အားဖြည့်ထားနိုင်ပါသေးတယ်။ 

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဝူဗာဟမ်တမ်
1X2 သရေ (Draw) @ 3.20
ဂိုးပေါ် 2.50 @ 2.00
ဂိုးပေါင်း 0-1 @ 3.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကျောနံပါတ် ၈ ပြောင်း ဝတ်မယ့် ဖာနန်ဒက်စ်၊ ကျောနံပါတ် ၁၂ ဝတ်မယ့် ကစားသမားသစ် မလာဆီယာ

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် အနေနဲ့ အခုနှစ် ဘောလုံး ရာသီမှာ ကျောနံပါတ် ၈ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပြီး ကစားသမားသစ် တိုင်ရဲလ် မလာဆီယာ ကတော့ ကျောနံပါတ် ၁၂ ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ 

ပေါ်တူဂီ လက်ရွေးစင် ဘရူနို ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်း ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီက စလို့ ယူနိုက်တက်မှာ ကျောနံပါတ် ၁၈ ကို ဝတ်ဆင်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားကာ ဂိုး ၅၀ သွင်းယူထားသူလည်း ဖြစ်ပါတယ်။ ကျောနံပါတ် ၈ ကို ယခင်က စပိန် ကွင်းလယ်လူ မာတာ ဝတ်ဆင်ခဲ့ပြီး ဖာနန်ဒက်စ် အနေနဲ့ မာတာ ထွက်ခွာသွားချိန်မှာ ပြောင်းလဲ ဝတ်ဆင်ခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ နံပါတ် ၈ ဟာ ဖာနန်ဒက်စ်ရဲ့ စိတ်ကြိုက်နံပါတ် ဖြစ်ပြီး ညာဘက် လက်ဖျံမှာ တက်တူးထိုးထားတဲ့ အထိ သဘောကျတယ်လို့ သိရပါတယ်။ 

ဘရူနို ဖာနန်ဒက်စ်ဟာ ၁၉၉၃-၉၄ ခုနှစ် နောက်ပိုင်း ပေါလ်အင့်စ်၊ နစ်ကီဘတ်၊ ဝိန်း ရူနီ၊ အန်ဒါဆင်၊ မာတာ တို့ပြီးနောက် ကျောနံပါတ် ၈ ကို ဝတ်ဆင်မယ့် ၆ ယောက်မြောက် သရဲနီ ကစားသမား ဖြစ်လာဖို့ ရှိပြီး လစ်ဗာပူးလ်နဲ့ ထိုင်းနိုင်ငံမှာ ကစားမယ့် ရာသီကြို ခြေစမ်းပွဲမှာ စတင် ဝတ်ဆင် ကစားမယ်လို့လည်း သိရပါတယ်။ 

ဖီယင်နော့ဒ် ကနေ ၄ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန် ဘယ်နောက်ခံလူ တိုင်ရဲလ် မလာဆီယာ ကတော့ ကျောနံပါတ် ၁၂ ကို ဝတ်ဆင်မှာ ဖြစ်ပြီး ခရစ္စ စမောလင်း ထွက်ခွာသွားပြီးနောက် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ နောက်ပိုင်း လစ်လပ်နေတဲ့ နံပါတ်ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။


ရက်ပိုင်းအတွင်း အဖြေပေါ်လာနိုင်တဲ့ ရာဖင်ညာရဲ့ အပြောင်းအရွှေ့

အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တောင်ပံ ကစားသမား ရာဖင်ညာဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ်ကို စွန့်ခွာဖို့ စိတ်အားထက်သန်နေပြီး အာဆင်နယ်၊ ချဲလ်ဆီး၊ ဘာစီလိုနာ အသင်းတွေနဲ့ သတင်းကြီးခဲ့ပေမယ့် လက်ရှိအချိန် အထိတော့ ဘယ်အသင်းကိုမှ မရောက်ရှိသေးပါဘူး။
ပရီးမီးယားလိဂ် ရာသီသစ် အတွက် လုံလောက်တဲ့ ကစားသမား အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ထားနိုင်တဲ့ လိဒ်စ်

ရာဖင်ညာဟာ အသင်း ကနေ အလောတကြီး ထွက်ခွာချင်နေပြီး ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်ကိုလည်း လွဲချော်ဖွယ် ရှိနေတယ်လို့ နည်းပြ ဂျက်ဆီမက်ရှ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တောင်ပံ ကစားသမား ရာဖင်ညာဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ်ကို စွန့်ခွာဖို့ စိတ်အားထက်သန်နေပြီး အာဆင်နယ်၊ ချဲလ်ဆီး၊ ဘာစီလိုနာ အသင်းတွေနဲ့ သတင်းကြီးခဲ့ပေမယ့် လက်ရှိအချိန် အထိတော့ ဘယ်အသင်းကိုမှ မရောက်ရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ချဲလ်ဆီးကို ပေါင်သန်း ၆၀နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ရာဖင်ညာရဲ့ ငြင်းဆန်မှုကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ရာဖင်ညာဟာ သူ့ရဲ့ ငယ်ဘဝ အိမ်မက် ဖြစ်တဲ့ ဘာစီလိုနာ အသင်း မှာသာ ကစားဖို့ ဆန္ဒရှိနေပြီး ဘာဆာ ဥက္ကဌ လာပေါ်တာ ကလည်း ရာဖင်ညာဟာ နူးကမ့်ပ်ကို လာချင်နေကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။ 

လိဒ်စ်ယူနိုက်တက် နည်းပြ ဂျက်ဆီမက်ရှ် ကတော့ ရာဖင်ညာဟာ အလောတကြီး အသင်းပြောင်းရွှေ့ဖို့ ကြိုးပမ်းနေပြီး လာမယ့် တစ်ရက် နှစ်ရက် အတွင်း အဖြေပေါ်လာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ အခု နွေရာသီဟာ ရာဖင်ညာ အတွက် လွယ်ကူတဲ့ အချိန်တစ်ခု မဟုတ်သလို ဆွေးနွေးမှုတွေ အများကြီးလည်း ပြုလုပ်သွားဖို့ ရှိနေသေးကြောင်း လက်ရှိ အချိန်ထိတော့ လိဒ်စ် ကစားသမား ဖြစ်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ရာဖင်ညာဟာ ကြာဿပတေးနေ့က လိဒ်စ်ယူနိုက်တက်နဲ့ ရာသီကြို လေ့ကျင့်ခန်းဆင်းဖို့ ရောက်ရှိလာခဲ့ပေမယ့် ဘလက်ပူးလ်ကို ၄ ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ဘရာဇီးလ်သား အနေနဲ့ တနင်္ဂနွေနေ့မှာ စတင်မယ့် ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်မှာ ပါဝင်ဖို့ မသေချာသေးဘူးလို့လည်း သိရပါတယ်။ လက်တလောမှာ လိဒ်စ်တို့ ဖီယင်နော့ဒ် တောင်ပံ ကစားသမားကို ပေါင် ၂၁.၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ရာဖင်ညာရဲ့ အပြောင်းအရွှေ့ဟာ မကြာခင် အချိန်အတွင်း အတည်ပြုနိုင်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေက ဆက်တိုက် ဖော်ပြလျက် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်