နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ နောက်ဆုံးရ သတင်းများ (၆/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကနေ ထွက်ခွာခွင့်ရဖို့ တောင်းဆိုထားတဲ့ ဇီယက်ချ်

အေစီမီလန်က စိတ်ဝင်စားနေတဲ့ ဟာကင်မ် ဇီယက်ချ် ကတော့ အသင်း ကနေ ထွက်ခွာခွင့်ရဖို့ တောင်းဆိုမှုတွေ ပြုလုပ်ထားကြောင်း အီတလီ သတင်းစာ La Gazzetta dello Sport က ဖော်ပြလာပါတယ်။ စီးရီးအေ ထိပ်သီး အေစီမီလန် အသင်း အနေနဲ့ လိုင်လီက ရီနာတို ဆန်းချက်စ်နဲ့ ဆဗန် ဘော့တ်မန်း တို့ကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတဲ့နောက် ဇီယက်ချ်ကို ပစ်မှတ်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။

ဇီယက်ချ်ဟာ အသင်းဖော်ဟောင်း ရိုမယ်လူ လူကာကူရဲ့ လမ်းစဉ်အတိုင်း လိုက်ဖို့ ပြင်ဆင်နေပြီး အသက် ၂၉ နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမား အနေနဲ့ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ လက်တလောမှာ အေစီမီလန်တို့ ဇီယက်ချ်ကို ခေါ်ယူဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး ချဲလ်ဆီးမှာ ရရှိနေတဲ့ တစ်နှစ် လုပ်ခ ယူရို ၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတနယ်လို့ သိရပါတယ်။

ချဲလ်ဆီး ကတော့ ဇီယက်ချ်ကို အငှားနဲ့သာ လက်လွှတ်ချင်နေတာကြောင့် ဇီယက်ချ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ဆိုရင် အေစီမီလန်တို့ လန်ဒန် ကလပ်နဲ့ အချိန်ယူ ဆွေးနွေးသွားရဖွယ် ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ တချို့သတင်းတွေ မှာလည်း ချဲလ်ဆီးနဲ့ အေစီမီလန် တို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု တည်ဆောက်ထားနိုင်တာကြောင့် ဇီယက်ချ်ရဲ့ အပြောင်းအရွှေ့ဟာ မကြာခင် အကောင်အထည် ပေါ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။


လစာ လျှော့ယူပြီး အေစီမီလန်နဲ့ တစ်ရာသီ သက်တမ်းတိုးဖို့ ဆုံးဖြတ်ထားတဲ့ ဇလာတန်

ဆွီဒင် နတ်ဘုရားကြီး ဇလာတန် အီဗရာဟီမိုဗစ်ချ် ကတော့ စီးရီးအေ ချန်ပီယံ အေစီမီလန် အသင်းနဲ့ နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း Sky Sports မှာ ဖော်ပြထားပါတယ်။
ဒူးဒဏ်ရာကြောင့် ၇ လကြာ အနားယူရဦးမယ့် ဇလာတန် အီဗရာဟီမိုဗစ်ချ်

ဆွီဒင် နတ်ဘုရားကြီး ဇလာတန် အီဗရာဟီမိုဗစ်ချ် ကတော့ စီးရီးအေ ချန်ပီယံ အေစီမီလန် အသင်းနဲ့ နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း Sky Sports မှာ ဖော်ပြထားပါတယ်။ အသက် ၄၀ အရွယ် တိုက်စစ်မှူးကြီး မိုဗစ်ချ်ဟာ လုပ်ခလစာ လျှော့ယူပြီး အေစီမီလန်နဲ့ စာချုပ် သက်တမ်း တိုးချင်နေတာ ဖြစ်သလို အသင်းဘက်ကလည်း လက်ခံသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဆွီဒင် လက်ရွေးစင် တိုက်စစ်မှုးကြီး အီဗရာဟီမိုဗစ်ချ်ဟာ ၂၀၂၀ ခုနှစ်က မေဂျာလိဂ် ကလပ် အဲလ်အေဂလက်ဆီ ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အေစီမီလန်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကို အတိုင်းအတာ တစ်ခု အထိ ဆက်ထိန်းထားနိုင်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုဗစ်ချ် အနေနဲ့ လက်တလော ဒူးဒဏ်ရာရထားပြီး အနည်းဆုံး ၇ လလောက် အနားယူရဖို့ ရှိနေသလို လာမယ့်ရာသီ ပွဲစဉ် တော်တော်များများကို လွဲချော်ဖို့ ရှိနေပါတယ်။

ဒီအခြေအနေတွေကြောင့်ပဲ မိုဗစ်ချ်ဟာ လုပ်ခလစာ လျှော့ယူကာ အေစီမီလန်နဲ့ တစ်ရာသီ သက်တမ်းတိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး ကလပ် ဘက်ကလည်း ဒီဗော့ခ် အိုရီဂီကို ခေါ်ယူထားပေမယ့် အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားတောင့်တင်းဖို့ မိုဗစ်ချ်ကို ဆက်လက် ထိန်းသိမ်းထားချင်နေတယ်လို့ သိရပါတယ်။


ဘာနက်ဒက်ရှီကို အပြိုင်ကြိုးပမ်းမယ့် အက်တလက်တီကို၊ နာပိုလီနဲ့ တိုရွန်တို

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
ပထမပိုင်း 1X2 ဘိုင်ယန်မြူးနစ် @ 2.00
ဖရန့်ဖတ် အာရှ ဟန်းဒီးကပ် +1.00 @ 2.25
ဂိုးပေါ် 3.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားတဲ့ အီတလီ တောင်ပံ ကစားသမား ဖက်ဒရစ်ကို ဘာနက်ဒက်ရှီ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မေဂျာလိဂ် ကလပ် တိုရွန်တို အက်ဖ်စီလည်း ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၈ နှစ် အရွယ် တောင်ပံ ကစားသမားကို အက်တလက်တီကိုမက်ဒရစ်နဲ့ နာပိုလီ အသင်းတွေ ကလည်း စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော် သတင်းထောက် ဂျီယန်လူကာ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ကနေဒါ အခြေစိုက် မေဂျာလိဂ် ကလပ်ဟာ ခရစ်ဆီတို၊ လော်ရန်ဇို အင်ဆစ်ဂ်ညီတို့ ပြီးနောက် နောက်ထပ် အီတလီ ကစားသမား အဖြစ် ဘာနက်ဒက်ရှီကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တိုရွန်တို အနေနဲ့ တစ်သင်းကို ၃ ဦးပဲ ခေါ်ယူခွင့် ရှိတဲ့ ဘက်ခမ်း စည်းမျဉ်းကြောင့် အပြင် အသင်းမှာ ရှိတဲ့ ကစားသမား ဦးရေကို အရင်ဆုံး လျှော့ချဖို့ လိုအပ်နေတာကြောင့် ဘာနက်ဒက်ရှီကို ခေါ်ယူဖို့ ခက်ခဲနိုင်ဖွယ်တော့ ရှိနေပါတယ်။

ဘာနက်ဒက်ရှီဟာ တူရင်ကလပ် ဂျူဗင်တပ်စ်မှာ ၅ နှစ် အတွင်း ၁၈၃ ပွဲသာ ပွဲထွက်ကစားခွင့် ရခဲ့သလို ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး အက်တလက်တီကိုမက်ဒရစ်နဲ့ စီးရီးအေ ကလပ် နာပိုလီ တို့က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ့် ဘာနက်ဒက်ရှီကို အရ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်