နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၄/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လီဝမ်ဒေါစကီး နူးကမ့်ပ်ကို လာချင်နေတဲ့ အတွက် ဂုဏ်ယူမိတယ်လို့ ဆိုလာတဲ့ လာပေါ်တာ

ရောဘတ်လီဝမ်ဒေါစကီး အနေနဲ့ နူးကမ့်ပ်ကို လာချင်နေတဲ့ အတွက် ကျေးဇူးလည်း တင်သလို ဂုဏ်လည်းယူမိတယ်လို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက ပြောကြားလိုက်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ပိုလန် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ လက်ရှိ အပြောင်းအရွှေ့မှာ ဘေယန်မြူးနစ် ကနေ ထွက်ခွာပြီး လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ချင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမယ့် အခုအချိန်မှာ ထွက်ခွာခွင့် ပေးလိုက်ခြင်းဟာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ကြောင်း လီဝမ်ဒေါစကီးက ပြတ်ပြတ်သားသား ပြောဆိုထားပါသေးတယ်။

စပိန် နာမည်ကြီး သတင်းစာ မာကာနဲ့ အင်တာဗျူးမှာ လာပေါ်တာက “လီဝမ်ဒေါစကီးဟာ ဘေယန်မြူးနစ် ကစားသမား ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဘေယန်မြူးနစ် အသင်းကို လေးစားမှု ရှိပြီး တခြား ကလပ်ရဲ့ ကစားသမားနဲ့ ပတ်သတ်လို့ ဘာမှမပြောသွားမှာ မဟုတ်ပါဘူး။ သူ့ အနေနဲ့ ဘာဆာကို လာချင်နေတဲ့ အတွက် ကျေးဇူးတင်သလို ဂုဏ်လည်းယူမိပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်း အနေနဲ့ မကြာသေးတဲ့ အချိန်က လီဝမ်ဒေါစကီးကို ယူရို သန်း ၄၀နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် ဘေယန်မြူးနစ် ဘက်က ပယ်ချထားပြီး ယူရို သန်း ၆၀ လောက် ရမှ လက်လွှတ်ပေးချင်နေတဲ့ သဘောမှာ ရှိနေပါတယ်။ တစ်ဖက် မှာတော့ လီဝမ်ဒေါစကီးရဲ့ အပြောင်းအရွှေ့ဟာ ယူရို သန်း ၅၀ လောက်နဲ့ သဘောတူညီမှု ရှိသွားနိုင်ဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။


ကတ်ဆေးနဲ့ ခရစ္စတန်ဆန်ကို မကြာခင် မိတ်ဆက်မယ့် ဘာစီလိုနာ

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဆောက်သမ်တမ်
ပထမပိုင်း 1X2 ဆောက်သမ်တမ် @ 5.60
တော့တင်ဟမ် ဟော့စပါး အာရှ ဟန်းဒီးကပ် -1.50 @ 2.19
ဂိုးပေါ် 3.00 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တစ်ဆက်တည်းမှာပဲ ဘာစီလိုနာ ဥက္ကဌ ဂျိုအန် လာပေါ်တာက အပြောင်းအရွှေ့ တချို့နဲ့ ပတ်သတ်လို့ အတည်ပြုသွားခဲ့ပါတယ်။ လာပေါ်တာရဲ့ အဆို အရ ဘာစီလိုနာတို့ အေစီမီလန်က ကတ်ဆေးနဲ့ ချဲလ်ဆီးက အန်ဒရီရာ ခရစ္စတန်ဆန် တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီး အပြီးသတ် လက်မှတ်ထိုးဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ကစားသမား နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ရာသီ အကုန်က သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် နူးကမ့်ပ်ကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့သူတွေ ဖြစ်ပါတယ်။ ကတ်ဆေးဟာ အေစီမီလန် အတွက် ၅ ရာသီ ကစားခဲ့ပြီး စကူဒက်တို အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။ ခရစ္စတန်ဆန် ကတော့ ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုတွေ ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ ကတ်ဆေးကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ခရစ္စတန်ဆန်ကို နောက်တစ်ရက် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းတွေအရ လာပေါ်တာဟာ တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီကို စာချုပ်သစ် ကမ်းလှမ်းမှုကို လက်ခံရင် လက်ခံ လက်မခံရင် အသင်း ပြောင်းဖို့ ပြောကြားထားတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီ ကိုတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းက အဓိက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


အမ်ဘာပေးရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး တစ်သက်လုံး မမုန်းကြဖို့ မိုဒရစ် တိုက်တွန်း

ဒီဖြစ်စဉ်ကို အစပြုပြီး လာလီဂါ အဖွဲ့ချုပ် ကလည်း ယူအီးအက်ဖ်အေထံ တိုင်ကြားစာ ပေးပို့ခဲ့ပါသေးတယ်။
အမ်ဘာပေးကို မမုန်းကြဖို့ တိုက်တွန်းလိုက်တဲ့ လူကာ မိုဒရစ်

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတို့ခဲ့တဲ့ ကီလီရန် အမ်ဘာပေးရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမှာ ဖြစ်ပြီး အမ်ဘာပေးဟာ အနာဂတ်မှာ ရီးရဲယ်မက်ဒရစ် ကစားသမား ဖြစ်လာနိုင်ကြောင်း ဝါရင့် ကွင်းလယ်လူ လူကာမိုဒရစ်က ပြောကြားလိုက်ပါတယ်။

လူကာ မိုဒရစ်က အမ်ဘာပေး အခုလို ဆုံးဖြတ်ခဲ့တဲ့ အတွက် တစ်သက်လုံးစာ မမုန်းတီးကြဖို့နဲ့ အနာဂတ်မှာ ရီးရဲယ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လာဖို့လည်း တံခါးဖွင့်ထားပေးတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မိုဒရစ်က “အမ်ဘာပေးက သူကြိုက်သလို ဆုံးဖြတ်သွားတာပဲ။ ရီးရဲမက်ဒရစ်က အမ်ဘာပေး တကယ် ရောက်လာမယ်လို့ ထင်ခဲ့ကြတာ ဟုတ်ပါတယ်။ ဒီကိစ္စတစ်ခုတည်းကြောင့်တော့ အမ်ဘာပေးကို မုန်းလိုက်လို့ မရပါဘူး။ သူဟာ သိပ်ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက ဘယ်ကစားသမားမှ အသင်းထက် ပိုပြီး အရေးမကြီးပါဘူး။ ရီးရဲမက်ဒရစ်ဟာ ဘယ်ကစားသမားထက် မဆို ပိုပြီး ကြီးကျယ်တဲ့ အသင်း ဖြစ်ပါတယ်။ မနက်ဖြန် ဘာဖြစ်လာမယ် ဆိုတာပဲ မသိတဲ့ ဘောလုံးလောကမှာ နောက် ၄ နှစ်လောက်မှာ ဘာဖြစ်မလဲ ဆိုတာ ဘယ်သူက သိမှာမို့လို့လဲ။ အချိန်က စကားပြောလာပါလိမ့်မယ်”လို့ ဆိုခဲ့တာပါ။

အမ်ဘာပေးဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲယ်မက်ဒရစ် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာမယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့ ၃ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုသွားခဲ့တာကြောင့် ရီးရဲယ် တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေက တော်တော်လေး မကျေမနပ် ဖြစ်နေကြတာပါ။ ဒီဖြစ်စဉ်ကို အစပြုပြီး လာလီဂါ အဖွဲ့ချုပ် ကလည်း ယူအီးအက်ဖ်အေထံ တိုင်ကြားစာ ပေးပို့ခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်