နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၃၀/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၃၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ခြေသံလုံလုံနဲ့ ထိထိရောက်ရောက် လှုပ်ရှားနေတဲ့ စပါး

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ တိတ်တဆိတ်နဲ့ သွက်သွက်လက်လက် လှုပ်ရှားနေတဲ့ အသင်းလို့ပဲ ဆိုရမှာပါ။ အစောပိုင်းမှာ အိုင်ဗန် ပယ်ရီဆစ်၊ ရီဗက်စ် ဘစ်ဆူးမား၊ ဖရေဆာ ဖော်စတာ တို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့ ကွန်တီရဲ့ အသင်းဟာ လက်ရှိ မှာလည်း အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆင်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သလို ဘာစီလိုနာ နောက်ခံလူ လန်းဂ်လတ် ကိုလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ 

သတင်းတွေ အရ ဆိုရင် ရစ်ချာလီဆင်ရဲ့ အေးဂျင့် ဖြစ်သူနဲ့ စပါး အသင်းတို့ အကြား သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး အဲဗာတန်နဲ့ ဆက်လက် ညှိနှိုင်းဖို့သာ ကျန်တော့တယ်လို့ သိရပါတယ်။ စပါးတို့ အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး အတွက် အနည်းဆုံး ပေါင်သန်း ၆၀ ပေးချေရဖွယ် ရှိပြီး ကာလရှည် စာချုပ်ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။ လန်းဂ်လတ် ကိုတော့ တစ်ရာသီ အငှားနဲ့ အရင်ဆုံး ခေါ်ယူပြီး စာချုပ်ထဲမှာ အပြီးသတ် ဝယ်ယူခွင့်ပါ ပါဝင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ကွန်တီ အနေနဲ့ ကိန်း၊ ဆွန်တို့ရှိနေတဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းလိုနေပြီး အစောပိုင်းမှာ ဂါဘရီရယ် ဂျေဆုစ်ကို ကမ်းလှမ်းခဲ့သေးပေမယ့် မြောက်လန်ဒန် ပြိုင်ဘက် အာဆင်နယ်က လက်ဦးမှု ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ရစ်ချာလီဆင်ရဲ့ အပြောင်းအရွှေ့ မှာတော့ စပါးတို့ မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို အသာရခဲ့တာ ဖြစ်ပြီး အချိန်တိုတွင်းမှာပဲ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ရစ်ချာလီဆင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ လက်တလောမှာ တရားဝင် ထုတ်ပြန် ကြေညာချက်တွေ မထွက်လာသေးပေမယ့် ကစားသမား ကိုယ်တိုင်က သူ့ရဲ့ တွစ်တာ အကောင့်ကနေ ပျော်ရွှင်စွာ နေရစ်ပါ သူငယ်ချင်း ဆိုပြီး နှုတ်ဆက်စာ ရေးတင်ထားတာ တွေ့ရပါတယ်။

ဂျေလိဂ်
ဆာဂန် တိုစု
ဗစ်ဆယ် ကိုဗီ
1X2 သရေ (Draw) @ 3.05
ဂိုးပေါ် 2.25 @ 2.07
ဂိုးပေါင်း 0-1 @ 2.51
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရွှေရောင်နေ့ရက်တွေကို ပြန်ရောက်တော့မယ်လို့ ယုံကြည်နေတဲ့ ဖာနန်ဒက်စ်

မကြာခင်မှာ မန်ချက်စတာယူနိုက်တက်တို့ ရွှေရောင်နေ့ရက်တွေကို ပြန်လည် ရောက်ရှိတော့မယ်လို့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ယုံကြည်နေပါတယ်။ ဖာနန်ဒက်စ်က ယူနိုက်တက်ဟာ ပြန်လည် တည်ဆောက်မှု အောက်မှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပေမယ့် ပရိသတ်တွေ အနေနဲ့ သရဲနီတွေရဲ့ အကောင်းဆုံး ပုံစံကို ပြန်မြင်ရဖို့ နောက်ထပ် တစ်ရာသီတော့ စောင့်ကြည့်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲလည်း တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီ ကတော့ ၁၉၉၀ နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်က အသင်းနဲ့ စာချုပ်သစ် လက်မှတ်ရေးထိုး အပြီးမှာ “ကလပ် ဟာ သူတို့ ရှိနေရမယ့် နေရာကို ပြန်ရောက်လာတော့မှာပါ။ ကျွန်တော် ကလပ်နဲ့ စကားတွေ အကြာကြီး ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်သစ် အကြောင်းတော့ မဟုတ်ပါဘူး။ ကလပ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့တာပါ။ ဘာကြောင့်လဲ ဆိုတော့ ကလပ်မှာ ဆက်ရှိနေပြီး အစိတ်အပိုင်း တစ်ခု ဖြစ်ချင်တယ်လေ” လို့ ဆိုပါတယ်။ ဆက်လက်ပြီး လာမယ့်ရာသီမှာ ယူနိုက်တက်ဟာ သူတို့ လိုချင်တဲ့ စံနှုန်း အတိုင်း မဖြစ်နိုင်သေးပေမယ့် တစ်ဆင့်ပြီး တစ်ဆင့် ခမ်းနားတဲ့‌ နေ့ရက်တွေကို ပြန်လည် ရောက်ရှိလာလိမ့်မယ်လို့ ဖာနန်ဒက်စ်က ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက ၁၀ ဂိုး သွင်းကာ ၆ ဂိုး ဖန်တီးပေးခဲ့ပြီး ရော်နယ်ဒို ပြီးရင် ယူနိုက်တက် အတွက် ဂိုးအများဆုံး သွင်းထားခဲ့သူလည်း ဖြစ်ပါတယ်။


အသင်းပြောင်းရမယ် ဆိုရင်တောင် ပရီးမီးယားလိဂ်ကို မလာချင်တဲ့ နေမာ

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့နဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာ ကတော့ ပီအက်စ်ဂျီ ကနေ မဖြစ်မနေ ထွက်ခွာခဲ့ရရင်တောင် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ စိတ်ကူးမရှိဘူးလို့ ဗြိတိန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။ 

အဓိက ကတော့ နေမာ ဟာ ရာသီဥတု အရမ်းအေးတဲ့ အင်္ဂလန် နိုင်ငံထက် အခြားနိုင်ငံက ထိပ်သီး လိဂ်တွေမှာသာ ပြောင်းရွှေ့ ကစားလိုနေပြီး ပီအက်စ်ဂျီ ကသာ အမှန်တကယ် မလိုအပ်ရင် နေမာ အနေနဲ့ သေချာပေါက် အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ် နေမာဟာ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးပေမယ့် အသင်း ဘက်ကတော့ နေမာရဲ့ မြင့်မားတဲ့ လုပ်ခ လစာကို လျှော့ချချင်တာကြောင့် ရောင်းထုတ်ဖို့ အထိ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ပီအက်စ်ဂျီ တာဝန်ရှိသူတွေ အနေနဲ့ နေမာကို ရောင်းချဖို့ အတွက် ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ထံ ဆက်သွယ်ထားပြီး နှစ်သင်းစလုံး ကလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာ ကနေ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး ၁၄၄ ပွဲ ကစားရာမှာ ဂိုး ၁၀၀ သွင်းထားနိုင်ပေမယ့် မကြာခဏ ဒဏ်ရာရတတ်တာကြောင့် ပြင်သစ် ကလပ် တာဝန် ရှိသူတွေက စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်