နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၂၉/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၂၉ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒေါ့မန် ကြယ်ပွင့် ဘယ်လင်ဂမ်ကို ပစ်မှတ်ထားနေတဲ့ ရီးရဲယ်မက်ဒရစ်

လာလီဂါနဲ့ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲယ်မက်ဒရစ် ကတော့ ရာသီသစ် အတွက် ကစားသမား ဖြည့်တင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပြီး လက်ရှိ မှာတော့ ဒေါ့မန် ကွင်းလယ်ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်ကို မျက်စိကျနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် ၁၉ နှစ် အရွယ် အင်္ဂလန် ကွင်းလယ် ကစားသမား ဘယ်လင်ဂမ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်နဲ့ စာချုပ် ဖျက်သိမ်းကြေး သတ်မှတ်ထားခြင်း မရှိပေမယ့် ၂၀၂၅ ခုနှစ် အထိ သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဒေါ့မန် ဘက်က ဘယ်လင်ဂမ် အတွက် အနည်းဆုံး ယူရို သန်း ၁၀၀ အလို ရှိနေတယ်လို့ သိရပြီး လာလီဂါ ထိပ်သီးတို့ အပြင် ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လက်ရှိ ရီးရဲယ်မက်ဒရစ် ကွင်းလယ်ကို ဦးဆောင်နေတဲ့ တိုနီခရူးစ်၊ လူကာမိုဒရစ်၊ ကတ်ဆီမီရို တို့ဟာ အသက်အရွယ် ရလာတာကြောင့် ဥက္ကဌ ပီရက်ဇ် အနေနဲ့ လူငယ် ကြယ်ပွင့်တွေနဲ့ အစားထိုးချင်နေပြီး ကာမာဗင်ဂါနဲ့ ချူအာမန်နီ ပြီးနောက် ဘယ်လင်ဂမ်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ ၂၀၂၀ ခုနှစ်က ဒေါ့မန် အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၉၀ ကစားထားကာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ၁၅ ပွဲ ပွဲထွက်ခွင့်ရထားခဲ့သူ ဖြစ်ပါတယ်။

ဂျေလိဂ်
ဆန်ဖရက်ကီ ဟီရိုရှီးမား
ဂျူဗီလို အီဝါတာ
1X2 ဂျူဗီလို အီဝါတာ @ 7.40
ဆန်ဖရက်ကီ ဟီရိုရှီးမား အာရှ အကျောပေး -1.25 @ 2.07
ဂိုး‌အောက် 2.25 @ 2.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘန်ဇီမာထက် ပိုကောင်းကြောင်း သက်သေပြဖို့ ဘာဆာကို ပြောင်းချင်နေတဲ့ လီဝမ်ဒေါစကီး

ဘေယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး အနေနဲ့ လာလီဂါ ကလပ် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ပြီး ရီးရဲယ်မက်ဒရစ်က ကာရင်မ် ဘန်ဇီမာ ထက် ပိုကောင်းတယ် ဆိုတာ သက်သေပြချင်နေတယ်လို့ ကစားသမားရဲ့ အေးဂျင့် ဖြစ်သူ ကူချားစကီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် ၃၃ နှစ် အရွယ် ပိုလန် တိုက်စစ်မှူးကြီး လီဝမ်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ် ကနေ ထွက်ခွာလိုကြောင်း တရားဝင် ကြေညာထားခဲ့သူ ဖြစ်ပြီး ဘာစီလိုနာ နည်းပြ ဇာဗီ ကလည်း အသည်းအသန် လိုချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာဆာတို့ လီဝမ်ဒေါစကီးကို ပြောင်းရွှေ့ကြေး ပေါင် ၃၄.၅ သန်းနဲ့ နောက်ဆုံး တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိပြီး ကစားသမား ကိုယ်တိုင် ကလည်း လာလီဂါ ထိပ်သီး အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လျက် ရှိတယ်လို့ သိရပါတယ်။

ဘေယန်မြူးနစ် ကတော့ အစောပိုင်းမှာ ဆာဒီယို မာနေးကို ခေါ်ယူထားခဲ့ပေမယ့် လီဝမ်ဒေါစကီး ကိုလည်း ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပြီး ဘာစီလိုနာ ကတော့ ငွေကြေး ကြပ်တည်းနေသည့် တိုင်အောင် လီဝမ်ဒေါစကီးကို လိုချင်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒီအခြေအနေတွေကို လီဝမ်ဒေါစကီး အနေနဲ့ တော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ သိရပြီး ဘာဆာ ဥက္ကဌ လာပေါ်တာ ကိုလည်း ဇူလိုင်လ ၁၂ ရက်နေ့ မတိုင်ခင် အမြန်ဆုံး အပြီးသတ်ဖို့ ကြိုးစားပေးရန် တောင်းဆိုထားတယ်လို့ သိရပါတယ်။


ဖရန်ကီ ဒီယောင်ကို ချီးကျုးမှုတွေ ပြုလုပ်နေတဲ့ အင်္ဂလိပ် မီဒီယာများ

မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ပေါင် ၆၉ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်နေပါတယ်။
ယူနိုက်တက်ကို ပေါင်သန်း ၇၀ နီးပါးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတဲ့ ဖရန်ကီ ဒီယောင်

မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ပေါင် ၆၉ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်နေပါတယ်။ အင်္ဂလန် မီဒီယာတွေ ကတော့ ဒီယောင်ကို စတင် ချီးမွမ်းမှုတွေ ပြုလုပ်နေကြပြီး ဒက်ချ် ကွင်းလယ်လူ အနေနဲ့ ယူနိုက်တက်ကို အရင်လို ပုံစံ ပြန်ရအောင် ကူညီပေးနိုင်ခဲ့မယ် ဆိုရင်တော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့လူ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်း ကွင်းလယ်လူ နဲ့လည်း နှိုင်ယှဉ် သုံးသပ်လျက်ရှိပြီး ဒီကလန် ရိုက်စ်ဟာ ပေါင် သန်း ၁၅၀ တန်တယ် ဆိုရင် ဒီယောင် အတွက် ပေါင်သန်း ၇၀ လောက်ပဲ သုံးခဲ့ရတဲ့ ယူနိုက်တက်တို့ ပေါချောင်ကောင်း ရလိုက်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ နယ်သာလန် ဂန္တဝင် ကလွိုင်ဗက် ကလည်း ဖရန်ကီ ဒီယောင်ဟာ ကစားသမား တစ်ဦးထက် ပိုတဲ့သူ ဖြစ်ပြီး သူ့ကို ရောင်းချလို့ ငွေကြေး အမြောက်အမြား ရနိုင်ပေမယ့် ဘာစီလိုနာ အနေနဲ့ ဒီယောင်ကို ဆက်ထိန်းထားဖို့ ကြိုးပမ်းသင့်ကြောင်း ပြောကြားထားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်တို့ ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီး မကြာခင်မှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီချက်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် နယ်သာလန် ကွင်းလယ်လူ ၂၀၁၉ ခုနှစ်မှာ အေဂျက်စ် ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၁၄၀ အထိ ကစားကာ ကတ်တာလန် ကလပ် အတွက် အရေးပါတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်