နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၂၄/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲယ်မက်ဒရစ်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ပါနေတဲ့ ဆွန်ဟောင်မင်

လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် အသင်း အနေနဲ့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်ကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ် အရွယ် တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ၂၃ ဂိုးသွင်းပြီး လစ်ဗာပူးလ် တိုက်စစ်မှူး မိုဆာလာနဲ့ ပူးတွဲ ရွှေဖိနပ်ဆု ရရှိခဲ့သူ ဖြစ်ပါတယ်။

စပိန် သတင်းထောက် ရူဒီ ဂယ်လက်တီရဲ့ အဆိုအရ ရီးရဲယ်မက်ဒရစ်ရဲ့ စောင့်ကြည့်နေတဲ့ တိုက်စစ် ကစားသမား စာရင်းမှာ ဆွန်ဟောင်မင် ပါဝင်နေပြီး နည်းပြ ကားလို့စ် အန်ဆယ်လော့တီ အနေနဲ့ ဘေးလ်၊ အစ္စကို တို့ မရှိတော့တဲ့ တိုက်စစ် အတွက် အင်အားဖြည့်တင်းမှု ပြုလုပ်ချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ မားကို့စ် အဆန်စီရို အသင်း ကနေ ထွက်ခွာဖွယ် ရှိနေသလို ပစ်မှတ်ထားခဲ့တဲ့ အမ်ဘာပေး ကလည်း ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ ရှိနေတာကြောင့် ရီးရဲယ်တို့ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက် အရ ဆိုရင် စပိန် ထိပ်သီးတို့ ဘေယန်မြူးနစ် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂနာဘရီကို ပစ်မှတ်ထားနေသလို စာရင်းထဲမှာ ယူနိုက်တက်ရဲ့ လူငယ် ကြယ်ပွင့် ဂနာချို၊ အဲဗာတန်က ရစ်ချာလီဆင်နဲ့ မန်စီးတီးက ဂါဘရီရယ် ဂျီဆုစ် တို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။


ဘီလ်ဘာအိုရဲ့ တကျော့ပြန် နည်းပြ ဖြစ်လာဖို့ ရှိနေတဲ့ မာဆယ်လို ဘီရဲယ်ဆာ

ဘီလ်ဘာအို အသင်းရဲ့ ဥက္ကဌလောင်း အင်နာကီ အာချာဘလက်တာက သူ့အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရင် မာဆယ်လို ဘီရဲယ်ဆာကို နည်းပြ အဖြစ် ခန့်အပ်သွားမှာ ဖြစ်ပေမယ့် အက်တလက်တီကို မက်ဒရစ် တိုက်စစ်မှူး အန်တွမ် ဂရစ်ဇ်မန်းကို ခေါ်ယူဖို့တော့ မဖြစ်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
လက်စတာ စီးတီး
1X2 လက်စတာ စီးတီး @ 4.40
အာရှ အကျောပေး:+0.75 Leicester City @ 2.11 အာရှ အကျောပေး +0.75 @ 2.11
ဂိုး‌ပေါ်် 3.00 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြင်သစ် လက်ရွေးစင် အန်တွမ် ဂရစ်ဇ်မန်းဟာ ဘီလ်ဘာအိုရဲ့ မြို့ခံ ပြိုင်ဘက် ရီးရဲယ်ဆိုစီဒက်စ်ရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်နေချိန်မှာ အာချာ ဘလက်တာက အခုလိုပဲ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လက ဘာစီလိုနာ ကနေ အက်တလက်တီကို မက်ဒရစ် အသင်းထံ နှစ်ရာသီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့ပေမယ့် ဒဏ်ရာပြသနာတွေကြောင့် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသူလည်း ဖြစ်ပါတယ်။ သူ့ အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၃၆ ပွဲသာ ကစားခဲ့ရပြီး အခြား တိုက်စစ်မှူးတွေ ဖြစ်တဲ့ အိန်ဂျယ် ကော်ရီယာ (၄၉ ပွဲ)၊ လူးဝစ် ဆွာရက်ဇ် (၄၅ ပွဲ)၊ မားသီးယက်စ် ကွန်ဟာ (၃၇ ပွဲ) တို့ထက် ပွဲထွက်ခွင့် နည်းခဲ့တာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက် အသင်း နည်းပြဟောင်း မာဆယ်လို ဘီရဲယ်ဆာ ကတော့ ၂၀၁၁ ကနေ ၂၀၁၃ ခုနှစ် အထိ ဘီလ်ဘာအိုရဲ့ နည်းပြ အဖြစ် တာဝန်ယူခဲ့ဖူးပြီး လက်ရှိ အချိန်မှာတော့ နောက်ထပ် တစ်ကြိမ် ကိုင်တွယ်ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


ဗင်နီးစီးယပ်စ်ဟာ ဘယ်လွန်ဒေါဆုကို စိန်ခေါ်နိုင်စွမ်း ရှိသူလို့ ဆိုလိုက်တဲ့ ရီဗယ်ဒို

ရီးရဲယ်မက်ဒရစ် အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဗင်နီးစီးယပ်စ် ဂျူနီယာဟာ ဘယ်လွန်ဒေါဆုကို စိန်ခေါ်နိုင်စွမ်း ရှိသူ ဖြစ်တယ်လို့ ဘရာဇီးလ် ဂန္တဝင် ရီဗယ်ဒိုက ချီးကျူးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရီးရဲယ်မက်ဒရစ်တို့ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလား ရရှိဖို့ အဓိက အခန်းကဏ္ဉက စွမ်းဆောင်ပေးခဲ့တဲ့ ဗင်နီးစီးယပ်စ် ကတော့ ပြီးခဲ့တဲ့ ရက်ကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

ရီဗယ်ဒိုက “ရီးရဲမက်ဒရစ်နဲ့အတူ တစ်ရာသီလုံး ခြေစွမ်းပြပြီး ချန်ပီယံလိဂ်မှာ အနိုင်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ဘရာဇီး လူငယ်တိုက်စစ်မှူးဟာ ဆက်ပြီး တိုးတက်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူဟာ ဂိုးရှေ့မှာ လုပ်နိုင်စွမ်းတွေ ပိုပြီးတိုးတက်လာတယ်။ ဒီအတိုင်းသာ သူဆက်ကစားနိုင်မယ် ဆိုရင် ရီးရဲမက်ဒရစ်ရဲ့ ကြယ်ပွင့် ဖြစ်လာပါလိမ့်မယ်။ ဘန်ဇီမာ ကလည်း တစ်နေ့တော့ အနားယူရမယ်လေ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ရီဗယ်ဒိုက ၂၀၂၃ အတွက် ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံးကို အခုအချိန်မှာ ထုတ်ပြောဖို့ ခက်ကြောင်း ဒါပေမယ့် ဗီနီးဆီးယက်စ်ရဲ့ အနေအထားက အမ်ဘာပေး၊ ဒီဘရိုင်းနား တို့ထက် နောက်ကျနေခြင်း မရှိကြောင်း၊ ပါဝင်ကစားတဲ့ အသင်း ရရှိတဲ့ အောင်မြင်မှုက ဘယ်လွန်ဒေါဆု ရွေးတဲ့နေရာမှာ အရမ်းကို အရေးပါကြောင်း ပြောကြားခဲ့ပါသေးတယ်။

ါ့အပြင် ၂၀၂၂ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် ဘန်ဇီမာ ဟာ ရေပန်းအစားဆုံး ဖြစ်နေသလို လာမယ့်နှစ် အတွက် ကတော့ ဗင်နီးစီးယပ်စ် အတွက် ဖြစ်နိုင်တယ်လို့ ရီဗယ်ဒိုက သုံးသပ်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်