နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၂၂/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အန်ဆယ်လော့တီ လက်အောက်မှာ ကစားရမှာ ဂုဏ်ယူစရာလို့ ဆိုလိုက်တဲ့ ရူဒီဂါ

အန်ဆယ်လော့တီ လက်အောက်မှာ ကစားရမှာ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ရီးရဲယ်မက်ဒရစ် အသင်းရဲ့ ကစားသမားသစ် အန်တိုနီယို ရူဒီဂါက ပြောကြားလိုက်ပါတယ်။ အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရီးရဲယ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လာပြီး ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။

ရူဒီဂါက “ကားလို့စ် အန်ဆယ်လော့တီ လက်အောက်မှာ ကစားရတာ ဂုဏ်ယူစရာပါ။ ကျွန်တော့် အနေနဲ့ သူ့ လက်အောက်မှာ အများကြီး သင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ ကျွန်တော် ချန်ပီယံလိဂ် ဖလား ထပ်ရဖို့ သူ့အနေနဲ့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ဆိုပါတယ်။ ဆက်လက်ပြီး ရူဒီဂါက သူ့ရဲ့ အပြောင်းအရွှေ့ အတွက် အန်ဆယ်လော့တီဟာ အဓိက အခန်းကဏ္ဉက ပါဝင်ခဲ့ကြောင်း၊ အန်ဆယ်လော့တီနဲ့ စကားပြောပြီးမှသာ ရီးရဲယ်မက်ဒရစ်ကို ပြောင်းဖို့ လက်ခံခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ရူဒီဂါဟာ ရီးရဲယ်မက်ဒရစ်နဲ့ ပတ်သတ်လို့ ဂျာမန် အသင်းဖော် တိုနီ ခရူးစ်နဲ့ စကား မပြောဖြစ်ခဲ့ပေမယ့် လာလီဂါ ထိပ်သီး အသင်းမှာ ၄ ရာသီကြာ ကစားခဲ့တဲ့ မက်တီယို ကိုဗာချစ် ကတော့ ရီးရဲယ် အကြောင်းနဲ့ လူကာမိုဒရစ် အကြောင်းကို အများကြီး ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ရူဒီဂါဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက ချဲလ်ဆီး အသင်းနဲ့ ချန်ပီယံလိဂ် ဖလား ရရှိခဲ့ဖူးပြီး လက်ရှိ ပြောင်းရွှေ့လာခဲ့တဲ့ ရီးရဲယ်မက်ဒရစ် ကတော့ ပြီးခဲ့တဲ့ရာသီက လာလီဂါနဲ့ ချန်ပီယံလိဂ် တို့မှာ ချန်ပီယံ ဖြစ်ထားပါတယ်။ ဒါ့အပြင် ရီးရဲယ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ အနေနဲ့လည်း ချန်ပီယံလိဂ် ၄ လုံးရတဲ့ ပထမဦးဆုံး နည်းပြ အဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ်။


ဆီဗီလာရဲ့ ပစ်မှတ် မိုရာလော့စ်ကို ရောင်းထုတ်သွားမယ့် ရိန်းဂျားစ်

ဆီဗီလာ အပါအဝင် လာလီဂါ ကလပ် အများစုက စောင့်ကြည့်နေတဲ့ တိုက်စစ်မှူး အဲလ်ဖရက်ဒို မိုရာလော့စ်ကို ရောင်းထုတ်သွားမယ်လို့ ရိန်းဂျားစ် အသင်းက အတည်ပြုလိုက်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ကိုလံဘီယာ တိုက်စစ်မှူးဟာ ရိန်းဂျားစ် အတွက် ၄ နှစ်ကျော် ကာလ အတွင်း ၂၂၄ ပွဲ ကစားပြီး ၁၁၂ ဂိုး သွင်းထားကာ ပြီးခဲ့တဲ့ ရာသီက စကော့တလန် ပရီးမီးယားရှစ်မှာ ၁၁ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 အာဆင်နယ် @ 2.13
ခရစ္စတယ်ပဲလေ့စ် အာရှ အကျောပေး +0.25 @ 2.01
ဂိုး‌အောက် 2.25 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မိုရာလော့စ်ဟာ လက်တလော ဗန်ဘရွန်ချော့စ်ရဲ့ အသင်း အတွက် အရေးပါနေပေမယ့် စာချုပ်သက်တမ်း ၁ နှစ်တောင် မကျန်တော့တာကြောင့် အနာဂတ် မသေမချာ မရေရာ ဖြစ်နေတာ ဖြစ်ပါတယ်။ 90 Minutes မှာတော့ ရိန်းဂျားစ် ဘက်က အဲလ်ဖရက်ဒို မိုရာလော့စ်ကို စာချုပ် သက်တမ်းတိုးဖို့ ကြိုးစားနေပေမယ့် ကစားသမား အတွက် ကျေနပ်စရာ သဘောတူညီချက် မရရင်တော့ ထွက်ခွာခွင့်ပေးရဖို့ များနေတယ်လို့ ဖော်ပြထားပါတယ်။

မိုရာလော့စ်ကို ဆီဗီလာ အပြင် တူရကီ ကလပ်တွေကလည်း စိတ်ဝင်စားနေပြီး လက်ရှိ အချိန်ထိတော့ ကမ်းလှမ်းမှု တစ်စုံတစ်ရာမှ မရှိသေးဘူးလို့ သိရပါတယ်။ မိုရာလော့စ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ ဖူလ်ဟမ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ အက်စတွန်ဗီလာ အသင်းတွေက ချိတ်ဆက်ခဲ့ကြပြီး ဆရာဟောင်း စတီဗင် ဂျရတ် ရှိရာ ဗီလာ အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။


နူးကမ့်ပ်ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ဖို့ ရှိနေတာကြောင့် အက်စ်ပန်ညိုကွင်းကို ပြောင်းရွှေ့ ကစားမယ့် ဘာစီလိုနာ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ သူတို့ရဲ့ အိမ်ကွင်း နူးကမ့်ပ်ကို ပြုပြင် မွမ်းမံမှုတွေ ပြုလုပ်ဖို့ ရှိနေတာကြောင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ မြို့တော်ရဲ့ အိုလံပစ်ကွင်းကို ယာယီ ပြောင်းရွှေ့ ကစားသွားမယ်လို့ သိရပါတယ်။ ကတ်တာလန် ထိပ်သီး တို့ကတော့ သူတို့ရဲ့ ကွင်း အဆင့်မြှင့်တင်မှု စီမံကိန်းကို Espai လို့ နာမည်ပေးထားပြီး လက်ရှိ နူးကမ့်ပ်ကို ပိုမိုကျယ်ဝန်းတဲ့ ကွင်းတစ်ကွင်း ဖြစ်လာစေမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ မှာတော့ နူးကမ့်ပ် ကွင်းကို အိမ်ကွင်း အဖြစ် ဆက်လက် အသုံးပြုသွားဖို့ ရှိနေပြီး ၂၀၂၃-၂၀၂၄ ရောက်မှ ၁၉၉၂ ခုနှစ်တုန်းက အိုလံပစ် ပြိုင်ပွဲ လက်ခံ ကျင်းပခဲ့ဖူးတဲ့ ကွင်းကို ပြောင်းရွှေ့မှာလည်း ဖြစ်ပါတယ်။ Estadic Olimpic Lluis Companys လို့ ခေါ်တဲ့ ဒီကွင်းဟာ လက်ရှိ အက်စ်ပန်ညိုရဲ့ အိမ်ကွင်း ဖြစ်ပြီး ပရိသတ် ၆၀၇၁၃ ဦး ဝင်ဆံ့တယ်လို့ သိရပါတယ်။

လက်ရှိ နူးကမ့်ပ် ကွင်းဟာ ပရိသတ် ၉၉၀၀၀ ဝင်ဆံ့ပြီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီးရင်တော့ ပရိသတ် ၁၁၀၀၀၀ အထိ ဝင်ဆံ့သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့တတိယမြောက် အကြီးဆုံး ဘောလုံးကွင်းလည်း ဖြစ်လာတော့မှာ ဖြစ်သလို အမိုးတွေဟာလည်း အပူ၊ အအေး ထိန်းညှိတဲ့ စနစ် ပါဝင်လာမယ်လို့ သိရပါတယ်။

ဘာစီလိုနာ ဥက္ကဌ ဂျိုအန် လာပေါ်တာက “ဘာစီလိုနာဟာ Espai Barca စီမံကိန်း အတွက် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို Estadi Olimpic Lluis Companys ကွင်းမှာ ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ စီမံကိန်း ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေ ကတော့ အခုနွေရာသီမှာ စတင်မှာ ဖြစ်ပြီး အဓိက ဖြစ်တဲ့ တတိယအဆင့်နဲ့ အမိုး တည်ဆောက်မှု ပြီးသွားရင်တော့ ဒီမှာ ပြန်ကစားပါမယ်။” လို့ ဆိုပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီတုန်း ကလည်း ဘာစီလိုနာရဲ့ လာလီဂါ ပြိုင်ဘက် ရီးရဲယ်မက်ဒရစ်တို့ သူတို့ရဲ့ ဘာနေဗျူး ကွင်းကို အဆင့်မြှင်တင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် နောက်ထပ် ကွင်းတစ်ကွင်း ဖြစ်တဲ့ Estadio Alfredo Di Stefanoကို ပြောင်းရွှေ့ ကစားခဲ့ဖူးပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်