နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘန်လေ – အက်စတွန်ဗီလာ | ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ (ပွဲကြိုသုံးသပ်ချက်)

ဘန်လေ – အက်စတွန်ဗီလာ

ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘန်လေတို့ အက်စတွန်ဗီလာကို အိမ်ကွင်း တက်ဖ်မောမှာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ တန်းဆင်းဇုန်ထဲ ကနေ ညှစ်အားကောင်းကောင်းနဲ့ ရုန်းထွက်ပြနေတဲ့ ဘန်လေတို့ ပုံမှန် ခြေစွမ်း ပြန်မရသေးတဲ့ အက်စတွန်ဗီလာ ဆီကနေ လိုအပ်နေတဲ့ ရမှတ်တွေ ရယူသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ဘန်လေရဲ့ တန်းဆင်းဇုန် ရုန်းအား ကတော့ ကြောက်ဖို့ ကောင်းသလို အားရစရာလည်း အပြည့်ပါပဲ။ သက်တော်ရှည် နည်းပြကြီး ရှောင်ဒိုက်ချ်နဲ့ လမ်းခွဲအပြီး လူငယ်နည်းပြ မိုက်ဂျက်ဆန်၊ ကစားသမား နည်းပြ ဘန်မီး တို့နဲ့ ရှေ့ဆက်နေခဲ့ပေမယ့် မထင်မှတ်ထားလောက်အောင် ရလဒ်တွေ တောက်လျောက် ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ နော့ဝှစ်ချ်စီးတီး တစ်သင်းတည်းကို ရှုံးနိမ့်ခဲ့တာ ကလွဲရင် ကျန် ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရမှတ် ၁၃ မှတ် အထိ စုဆောင်းနိုင်ခဲ့တာကြောင့် လက်တလော အဆင့် ၁၆ နေရာ အထိ ပြန်လည် တက်လှမ်းထားပါတယ်။ နော့ဝှစ်ချ်စီးတီး ကတော့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရပြီ ဖြစ်သလို ဝက်ဖို့ဒ် လည်း တန်းဆင်းရဖို့ သေချာသလောက် ရှိနေပေမယ့် ဘန်လေ ကတော့ အဲဗာတန်၊ လိဒ်စ် တို့နဲ့ အပြိုင် တိုက်ပွဲ ဝင်ရဦးမှာ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် အနေအထားအရ ၃ သင်းလုံး မချောင်တာကြောင့် ပွဲစဉ် ၃၈ ပြီးတဲ့အချိန်ထိ တတ်နိုင်သမျှ အမှားနည်းနည်းနဲ့ ရမှတ် ရှာဖွေရဦးမှာပါ။ ဘန်လေရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင် ၅ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၆ ပွဲ ရှုံးနိမ့်ထားလို့ အားရစရာ မရှိပေမယ့် နိုင်ပွဲ အများစု ကိုတော့ အိမ်ကွင်း ပွဲစဉ်တွေ ကနေ ရှာဖွေထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘန်လေတို့ တက်ဖ်မော မှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၃ ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်ထားပါတယ်။ အခုပွဲ ကိုတော့ ရာသီအကုန်ထိ နားရမယ့် အက်ရှ်လေ ဝက်စ်ဝုဒ် အပြင် မက်စ်ဝဲလ် ကောနတ်၊ ဂတ်မန်ဆန်၊ ဂျေး ရိုဒရီဂတ်ဇ် တို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိပြီး အဲရစ်ခ် ပိုင်တားစ် ကတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ အားတက်စရာ တစ်ခုက အသင်းခေါင်းဆောင် ဘန်မီး လေ့ကျင့်ခန်း ပြန်ဆင်းနေတယ်လို့ သိရပြီး အခုပွဲ လူစာရင်းမှာ ပါဝင်လာဖို့ ရှိမရှိ ကတော့ မသေချာသေးပါဘူး။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
ဝူဗာဟမ်တမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ပုပ်၊ ကောလင်း၊ တာကောစကီး၊ တေလာ၊ ရောဘတ်၊ ဘရောင်းဟေးလ်၊ ကော့ခ်၊ မက်နေးလ်၊ လန်နွန်၊ ဝက်ဂ်ဟော့စ်၊ ဗီဒရာ

စတီဗင် ဂျရတ်ရဲ့ အက်စတွန်ဗီလာ ကတော့ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ တစ်ပတ်က ပွဲစဉ်မှာ နော့ဝှစ်ချ်စီးတီးကို ၂ ဂိုးပြတ် အနိုင်ယူပြီး ရလဒ် ဆိုးတွေ အောက်ကနေ ရုန်းထွက်ထားနိုင်ခဲ့ပါတယ်။ နိုင်ပွဲ ပြန်ရခဲ့တယ် ဆိုပေမယ့် နော့ဝှစ်ချ်စီးတီးလို ဇယား အောက်ဆုံးက အသင်းနဲ့ ပွဲမှာ ဖြစ်လို့ ခြေစွမ်းပိုင်းအရတော့ ယုံကြည်ထားလို့ မရသေးပါဘူး။ ဒါပေမယ့် အသင်းလိုက် ကစားပုံတော့ သိသိသာသာ တိုးတက်လာခဲ့ပြီး အမှားတွေ များခဲ့တဲ့ ခံစစ် ကလည်း ပြီးခဲ့တဲ့ နှစ်ပွဲဆက် ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ အက်စတွန်ဗီလာတို့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၉ နေရာက ဘရိုက်တန်နဲ့ ၄ မှတ်သာ ကွာဟနေပါတယ်။ ဒါပေမယ့် လက်ကျန် ပွဲစဉ် အနေအထားအရ ဘန်လေနဲ့ နှစ်ပွဲ၊ ခရစ္စတယ်ပဲလေ့စ်၊ လစ်ဗာပူးလ်၊ မန်စီးတီး တို့နဲ့ ကစားဖို့ ကျန်နေသေးလို့ အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ဖို့တော့ မျှော်လင့်ချက် ခပ်ရေးရေးပဲ ရှိပါတယ်။ လီယွန် ဘိုင်လီ ခြေချင်းဝတ် ဒဏ်ရာ ပြန်ရသွားတာ ကတော့ ဂျရတ် အတွက် စိတ်ပျက်စရာ ဖြစ်ပြီး ဟောက်စ် အပြင် ဂျကော့ပ် ရမ်ဆေး ကလည်း အခုပွဲကို လွဲချော်မယ်လို့ သိရပါတယ်။

စတီဗင် ဂျရတ်ရဲ့ အက်စတွန်ဗီလာ ကတော့ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ တစ်ပတ်က ပွဲစဉ်မှာ နော့ဝှစ်ချ်စီးတီးကို ၂ ဂိုးပြတ် အနိုင်ယူပြီး ရလဒ် ဆိုးတွေ အောက်ကနေ ရုန်းထွက်ထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာ

ဖြစ်နိုင်ဖွယ်လူစာရင်း – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ မင်းဂ်၊ ယန်း၊ မက်ဂင်းန်၊ လူးဝစ်ဇ်၊ ဘူအန်ဒီရာ၊ ကော်တင်ဟို၊ အင့်ဂ်၊ ဝက်ကင်န်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ဘန်လေက ၂ ပွဲနိုင်၊ ဗီလာက ၃ ပွဲနိုင်ပြီး ၃ ပွဲ ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ တက်ဖ်မော မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာတော့ ဘန်လေတို့ အက်စတွန်ဗီလာကို ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ပြီးခဲ့တဲ့ ရာသီ ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်စလုံး မှာလည်း ဘန်လေတို့ ဗီလာကို ရှုံးနိမ့်ထားခြင်း မရှိပဲ ၁ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဘန်လေ အတွက် ၂.၈၅ ဆ၊ အက်စတွန်ဗီလာ အတွက် ၂.၄၉ ဆ၊ သရေ အတွက် ၃.၁၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဘန်လေရဲ့ တန်းဆင်းဇုန် ရုန်းအားက တော်တော်လေး အားရစရာ ကောင်းနေပြီး ဗီလာရဲ့ ခြေစွမ်း မတည်ငြိမ်မှုနဲ့တင် ဒီပွဲမှာ ဘယ်အသင်း ဘက်က ရပ်တည်မလဲ ဆိုတာ အဖြေက ရှင်းနေပါတယ်။ စုဖွဲ့မှု အရ ဗီလာ တို့ ပိုသာပေမယ့် စိတ်ဓာတ်ပိုင်းနဲ့ အသင်းလိုက် ကစားပုံမှာ ဘန်လေတို့ ပိုသာပါတယ်။ ဒီပွဲ မှာလည်း အိမ်ရှင် ဘက်ကပဲ ခြေစုံပစ် ရပ်တည်ချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်