နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုနာလီရဲ့ နောက်ကျဂိုးနဲ့ ဇယားထိပ်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ အေစီမီလန် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

လာဇီယို ၁-၂ အေစီမီလန်

တနင်္ဂနွေနေ့ည စီးရီးအေ ပွဲစဉ် (၃၄) ရဲ့ နောက်ကျပွဲ အဖြစ် လာဇီယိုနဲ့ အေစီမီလန်တို့ အိုလံပီကိုမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဧည့်သည် အေစီမီလန်က ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အေစီမီလန်တို့ လာဇီယို တိုက်စစ်မှူး အင်မိုဘီလီရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် အကောင်းဆုံး Comeback တစ်ခုနဲ့ အတူ ချေပဂိုးရော၊ အနိုင်ဂိုးပါ သွင်းယူနိုင်ခဲ့တာကြောင့် အဖိုးတန် ၃ မှတ်ကို ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဆာရီရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ အတူ တိုက်စစ်မှာ အင်မိုဘီလီ၊ ဇကာနီ၊ အန်ဒါဆင်၊ ကွင်းလယ်မှာ လိုက်ဗာ၊ မီလန်ကိုဗစ် ဆာဗစ်၊ အဲလ်ဘတ်တို၊ ခံစစ်မှာ အကာဘီ၊ ပက်ထရစ်၊ ရာဒူ၊ လက်ဇာရီ၊ စတရာကိုရှာ တို့ ပွဲထွက်လာခဲ့ပါတယ်။ ပီအိုလီ ကတော့ ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်စေခဲ့ပြီး ဂိုးမှာ မိုက်ဂ်နန်၊ နောက်တန်းမှာ ကာလူလူ၊ တွန်မိုရီ၊ ကာလာဘရီယာ၊ ဟာနန်ဒက်စ်၊ ကွင်းလယ်နဲ့ တိုက်စစ်မှာ တိုနာလီ၊ ကတ်ဆေး၊ လီယောင်၊ မက်ဆီယာ၊ ဒီးရာ့ဇ်၊ ဂျရူး တို့ကို ပွဲထုတ်ခဲ့ပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ လာဇီယို ကတော့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး အနီးစပ်ဆုံး ယူရိုပါလိဂ် ဝင်ခွင့်တော့ မျှော်လင့်လို့ ရနေဆဲ ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့တဲ့ လာဇီယို

အိမ်ရှင် လာဇီယိုတို့ အေစီမီလန်ရဲ့ ပွဲအစပိုင်း အထနှေးမှုကို အခွင့်ကောင်းယူပြီး ပွဲချိန် ၄ မိနစ် မှာပဲ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ တောင်ပံက မီလန်ကိုဗစ် ဆာဗစ် ဂိုးဧရိယာထဲ ချိုးပေးလိုက်တဲ့ ဘောလုံးကို အသင့်ပါလာတဲ့ အင်မိုဘီလီက အေစီမီလန် နောက်ခံလူတွေ တားနေတဲ့ ကြားက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း မှာတော့ အေစီမီလန်တို့ ကစားကွက် အထိုင်ကျလာခဲ့ပြီး အနီးပေးနဲ့ရော၊ အမြင့်ဘောတွေနဲ့ပါ ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် လာဇီယို ခံစစ်က စနစ်တကျ တားဆီးနေခဲ့လို့ ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ လီယောင်နဲ့ ဂျရူးရဲ့ အဆုံးသတ် လိုအပ်ချက်တွေနဲ့ အတူ ပထမပိုင်း အပြီး မှာတော့ လာဇီယိုရဲ့ ဦးဆောင်ခြင်းကို ခံထားရပါတယ်။

ဒုတိယပိုင်း မှာတော့ အေစီမီလန်ရဲ့ တိုက်စစ် ကစားပုံ ပိုကောင်းလာခဲ့ပြီး လာဇီယို ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေလည်း ပိုလုပ်လာနိုင်ခဲ့ပါတယ်။ မိနစ် ၅၀ မှာတော့ လီယောင်ရဲ့ ဖန်တီးပေးမှု ကတစ်ဆင့် ဂျရူးက အေစီမီလန် အတွက် ချေပဂိုး သွင်းပေးနိုင်ခဲ့ပြီး အဲ့နောက်ပိုင်းမှာလည်း အေစီမီလန် တို့ပဲ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့် အေစီမီလန်ရဲ့ လူစားဝင် ကစားသမားတွေက ပိုပြီး ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ အေစီမီလန် ကလည်း ထိုးဖောက်မှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့ပေမယ့် လာဇီယို နောက်တန်းနဲ့ စတရာကိုရှာရဲ့ ကာကွယ်မှုတွေကြောင့် ဂိုးရဖို့တော့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လည်း မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ၂ မိနစ် မှာတော့ ဆန်ဒရို တိုနာလီက အေစီမီလန် အတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁-၂ ရလဒ်နဲ့ ပွဲပြီးခဲ့ပြီး အေစီမီလန်တို့ အနိုင် ၃ မှတ်နဲ့ အတူ စီးရီးအေ အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 2.20
မန်ချက်စတာ ယူနိုက်တက် အာရှ အကျောပေး 0.00 @ 2.33
ဂိုး‌ပေါ်် 3.00 @ 2.40
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် ခြေစွမ်းအရတော့ အေစီမီလန်တို့ အသာကြီး သာခဲ့တာပါ။ ပွဲစစချင်းဆို အထနှေးတတ်လေ့ရှိတာကြောင့်သာ လာဇီယိုကို ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် လက်ကျန် မိနစ် အားလုံးကို အေစီမီလန်တို့ အကောင်းဆုံး ထိန်းချုပ်ပြီး အနိုင်ရလဒ်ကို ရအောင် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန် တောင်ပံနဲ့ ကွင်းလယ်က ဒီနေ့ပွဲမှာ တော်တော်လေး လုပ်အားနှုန်း ကောင်းခဲ့ပြီး ရာဖေးလ် လီယောင်သာ အပိုင် အခွင့်အရေး တချို့ မဖြုန်းတီးခဲ့ရင် အေစီမီလန်တို့ အခုထက်ပိုပြီး ဂိုးရနိုင်ချေ ရှိခဲ့ပါတယ်။ ခြေစွမ်း အတက်အကျ မမှန်တဲ့ လာဇီယို ကတော့ ဒီနေ့ပွဲမှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့တာက လွဲရင် တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် အေစီမီလန်တို့ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာက အင်တာမီလန်ကို ၂ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်တာမီလန်ထက် တစ်ပွဲပို ကစားထားတာက စီးရီးအေ အမှတ်ပေးချန်ပီယံဆု မျှော်လင့်ချက် အတွက် အတားအဆီးတစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ပြီး လက်ကျန် ပွဲတွေမှာ အေစီမီလန်တို့ ခြေမချော်ဖို့ အားစိုက်ရဦးမှာ ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ လာဇီယို ကတော့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး အနီးစပ်ဆုံး ယူရိုပါလိဂ် ဝင်ခွင့်တော့ မျှော်လင့်လို့ ရနေဆဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အင်တာမီလန်တို့ လာမယ့် ဧပြီ ၂၃ ရက်နေ့မှာ ရိုးမားနဲ့ စီးရီးအေ ကစားဖို့ ရှိပြီး အေစီမီလန် ကတော့ နောက်ထပ် ရောမမြို့ခံ အသင်း ဖြစ်တဲ့ လာဇီယိုနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်