နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်ပွဲဆက် အနိုင်နဲ့ အတူ တန်းဆင်းဇုန်ထဲက ရုန်းထွက်ခဲ့တဲ့ ဘန်လေ | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဘန်လေ ၁-၀ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

တနင်္ဂနွေနေ့ညရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘန်လေတို့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို မာတေ့ဂျ် ဗီဒရာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် ဘန်လေတို့ အနိုင် ၃ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်နိုင်ခဲ့ပြီး ဝုဗ် ကတော့ ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေ ပိုပြီး မှေးမှိန်သွားခဲ့ရပါတယ်။


ပွဲစဉ်အကျဉ်း

ထုံးစံ အတိုင်း ဘန်လေတို့ ၄-၄-၂ နဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ ဝက်ဂ်ဟော့စ်နဲ့ ရိုဒရီဂတ်ဇ်၊ ကွင်းလယ်နဲ့ ခံစစ်မှာ ကော့ခ်၊ ဘရောင်းဟေးလ်၊ ဗီဒရာ၊ မက်နေးလ်၊ တာကောစကီး၊ ကောလင်းန်၊ တေလာ၊ ရောဘတ် ဂိုးမှာတော့ နစ်ခ် ပုပ်ပဲ ပါဝင်လာခဲ့ပါတယ်။ ဝုဗ် ကတော့ တိုက်စစ်မှာ ရာအူးလ် ဂျင်မီနက်ဇ်၊ ဖေဘီယို ဆေးလ်ဗားနဲ့ ဟီချန်ဟွမ် ကို တွဲပေးခဲ့ပြီး Full Back တွေ အဖြစ် ဂျွန်နီနဲ့ ဆီမီဒို၊ ကွင်းလယ်မှာ ဒန်ဒွန်ကာ၊ မော်တင်ဟို၊ ခံစစ်နဲ့ ဂိုးမှာတော့ ဆာအိစ်၊ ကိုဒီ၊ ဘိုလီနဲ့ ဂျိုဆေး ဆား တို့ပဲ ပွဲထွက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုူံးခဲ့တဲ့ ဝုဗ် ကတော့ အဆင့် ၇ နေရာက ဝက်စ်ဟမ်းနဲ့ ၃ မှတ် ပြတ်နေဆဲ ဖြစ်လို့ ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေ မှေးမှိန်နေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ဝုဗ်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရခဲ့သလို ခြေစွမ်းပိုင်းလည်း အနည်းငယ် ပိုသာခဲ့တယ် ဆိုပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေတော့ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ နှစ်သင်းလုံး အခွင့်အရေး တချို့ ရခဲ့တာက လွဲရင် ပွဲက တော်တော်လေး ပျင်းစရာ ကောင်းခဲ့ပါတယ်။ ထုံးစံ အတိုင်း ခံစစ် ကျစ်ကျစ်လျစ်လျစ်နဲ့ ကစားတတ်တဲ့ အသင်းတွေ ဖြစ်တာကြောင့် ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့လို့လည်း ပွဲက အေးနေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စပြီး သိပ်မကြာခင်မှာ ဆီမီဒိုရဲ့ ကန်ချက်ကောင်းခဲ့ပေမယ့် ဂိုးသမား နစ်ခ်ပုပ် ကာကွယ်နိုင်ခဲ့တာကြောင့် ဝုဗ်တို့ ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ဒါ့အပြင် ၆၂ မိနစ်မှာ တန်ပြန် တိုက်စစ် ကနေ မက်နေးလ် အကွက်မြင်မြင် ထိုးပေးလိုက်တဲ့ ဘောလုံးကို ဝက်ဂ်ဟော့စ် ပြန်ချိုးပေးရာ ကနေ အသင့်ပါလာတဲ့ မာတေ့ဂျ် ဗီဒရာက အမှားအယွင်း မရှိ ကန်သွင်းခဲ့လို့ ဘန်လေတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဲ့နောက် ဘန်လေရဲ့ လူစားဝင် ကစားသမား အက်ရှ်လေ ဘန်းစ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂိုးသမား ဂျိုဆေးဆားရဲ့ လက်ထဲက အတင်းလုပြီး ကန်သွင်းသလို ဖြစ်ခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်ပေးခြင်း မခံခဲ့ရပါဘူး။ ဒါ့အပြင် မိနစ် ၈၀ ကျော်မှာ တာကောစကီး အနီကတ် ပြသခံရနိုင်တဲ့ အခြေအနေတွေ ကြုံခဲ့ရပေမယ့် VAR ကတော့ မတော်တဆ ဖြစ်ရပ် အဖြစ်သာ ယူဆခဲ့တာကြောင့် ဘန်လေတို့ ကံကောင်းခဲ့ရပြီး ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

နှစ်တိုင်းလိုလို မြင်တွေ့ရတတ်တဲ့ ဘန်လေရဲ့ ရာသီသိမ်းခါနီး တန်းဆင်းဇုန် ရုန်းအားကို မြင်တွေ့နေရပြန်ပါပြီ။ ခြေစွမ်းပိုင်းမှာ အားနည်းချက် များစွာ ရှိနေပေမယ့် တိုက်ပွဲဝင် အပြည့်နဲ့ ကစားပြီး အဖိုးတန် ရမှတ်တွေ တောက်လျောက် စုဆောင်းနေတာ ကိုတော့ ချီးကျူးရပါတော့မယ်။ ဒီနေ့ပွဲမှာ ဘန်လေ တစ်သင်းလုံး အမှားအယွင်း အနည်းဆုံး ကစားသွားခဲ့ပြီး တိုက်စစ်က ဝက်ဂ်ဟော့စ်လည်း အသင်းရဲ့ နိုင်ပွဲ အတွက် အရေးပါခဲ့ပါတယ်။ နောက်ထပ် အရေးပါတဲ့ ကစားသမား ကတော့ ဂိုးသမား နစ်ခ်ပုပ် ဖြစ်ပြီး ဝုဗ်ရဲ့ အပိုင် ကန်ချက် ၄ ကြိမ်လောက်ကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
ချဲလ်ဆီး
1X2 အဲဗာတန် @ 1.64
ဂိုးပေါင်း 2-3 @ 1.90
ဂိုးပေါ် 2.50 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၁၀ မှတ်အထိ ရရှိခဲ့တဲ့ ဘန်လေတို့ လက်တလော တန်းဆင်းဇုန်ထဲက ရုန်းထွက်ပြီး အဆင့် ၁၇ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဆင့် ၁၈ နေရာက အဲဗာတန်ကို ၂ မှတ် ဖြတ်လိုက်နိုင်ပေမယ့် ပွဲပို ၁ ပွဲ ကစားထားတာကြောင့်တော့ စိတ်ချရတဲ့ အခြေအနေမှာ မရှိသေးပဲ လက်ကျန် ပွဲစဉ်တွေမှာ တတ်နိုင်သမျှ အားစိုက်ရဦးမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုူံးခဲ့တဲ့ ဝုဗ် ကတော့ အဆင့် ၇ နေရာက ဝက်စ်ဟမ်းနဲ့ ၃ မှတ် ပြတ်နေဆဲ ဖြစ်လို့ ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေ မှေးမှိန်နေဆဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘန်လေတို့ လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ ဝက်ဖို့ဒ်နဲ့ တန်းဆင်းဇုန် တိုက်ပွဲ ဆက်ဝင်ရဖို့ ရှိပြီး ဝုဗ် ကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်