နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုက်ပ်ဇစ် – အတ္တလန္တာ | ယူရိုပါလိဂ် ကွာတားဖိုင်နယ် (ပွဲကြိုသုံးသပ်ချက်)

လိုက်ပ်ဇစ် – အတ္တလန္တာ

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် လိုက်ပ်ဇစ်နဲ့ အတ္တလန္တာတို့ ရက်ဘူးလ် အရီနာမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ခြေညီတဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်နေလို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် ကျိန်းသေပေါက် မြင်တွေ့ရဦးမှာပါ။

လာလီဂါ
ကာဒပ်ဇ်
ရီးယဲလ် ဘက်တစ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

လိုက်ပ်ဇစ် တို့ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် ရှုံးပွဲ မရှိသေးသလို နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မန်ကို အဝေးကွင်းမှာ ၁-၄ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားပြီး ခြေစွမ်းပိုင်း တော်တော်လေး ထက်မြတ်နေပါတယ်။ ရာသီ အစမှာ ခြေစွမ်းပိုင်း မတည်ငြိမ်မှုကြောင့် ရလဒ်တွေ တော်လျောက် ယိမ်းယိုင်ခဲ့ရပေမယ့် ၃၆ နှစ် အရွယ် လူငယ်နည်းပြ ဒိုမီနီကို တာဒက်စ်ရဲ့ လက်အောက်မှာ လိုက်ပ်ဇစ်တို့ တဖြည်းဖြည်း အကောင်းဆုံး ပုံစံ တစ်ခု ပြန်ရနေတာ တွေ့ရပါတယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ပြန်လည် ရောက်ရှိနေပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့လည်း အခြေအနေ ကောင်းနေခဲ့ပါတယ်။ လိုက်ပ်ဇစ်တို့ ချန်ပီယံလိဂ် က ဆင်းလာပြီးနောက် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ကစားခဲ့ရပေမယ့် ၁၆ သင်း အဆင့် မှာတော့ ရုရှား ကလပ် စပါးတက်ခ်နဲ့ တွေ့ဆုံခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို ဖရီးတက်ခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရ ကြည့်မယ်ဆိုရင်လည်း ပြင်သစ် ကြယ်ပွင့် ခရစ္စတိုဖာ အန်ကွန်ကူရဲ့ တောက်ပမှုနဲ့ အတူ တိုက်စစ်က ဂိုးမြူးနေပြီး နောက်ဆုံး ၅ ပွဲမှာ ၁၅ ဂိုး အထိ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တာဒက်စ်ကိုရဲ့ အသင်းဟာ လက်ရှိမှာ တိုက်စစ် တစ်ခုတည်း ထက်မြတ်နေခဲ့တာ မဟုတ်ပဲ တောင်ပံ၊ ကွင်းလယ်၊ ခံစစ်၊ ဂိုး နေရာစုံမှာ တောင့်တင်းနေခဲ့တာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ယူ့ဆက်ဖ် ပိုလ်ဆင်နဲ့ ဟိုက်ဒါရာ ကလွဲလို့ ကျန်အဓိက ကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိနေတာကြောင့် လိုက်ပ်ဇစ်ကို အတောင့်တင်းဆုံး လူစာရင်းနဲ့ မြင်တွေ့ရဦးမှာပါ။ ဖြစ်နိုင်ဖွယ် လူစာရင်းအရ ဆိုရင်တော့ တိုက်စစ်မှာ ဆေးလ်ဗား၊ အန်ကွန်ကူ၊ ဖော့စ်ဘက်ဂျ်၊ ကွင်းလယ်မှာ ကမ်ပဲလ်၊ လိုင်မာ၊ အိန်ဂျယ်လီနို၊ ကလော့စတာမန်၊ ခံစစ်မှာ ဂက်ဗာဒီယို၊ အော်ဘန်၊ ဆီမာကန်၊ ဂိုးမှာတော့ ဂူလက်ရှီပဲ ပွဲထွက်လာဖွယ် ရှိပါတယ်။

နာပိုလီနဲ့ ပွဲမတိုင်ခင် ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲ သရေကျခဲ့ပြီး ယူရိုပါလိဂ် မှာလည်း နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ အတ္တလန္တာ

အတ္တလန္တာ ကလည်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ နာပိုလီကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ထားတယ် ဆိုပေမယ့် ခြေစွမ်းပိုင်းအရ လုံးဝ အထင်သေးလို့ မရတဲ့ အသင်းပါ။ နာပိုလီနဲ့ ပွဲမတိုင်ခင် ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲ သရေကျခဲ့ပြီး ယူရိုပါလိဂ် မှာလည်း နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ အဆင့်မှာ လေဗာကူဆင်ကို နှစ်ကျော့စလုံး အနိုင်ယူ ကျော်ဖြတ်လာခဲ့တဲ့ အတ္တလန္တာဟာ ဂျာမန် ကလပ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံချိန်တိုင်း ရလဒ်ကောင်းလေ့ ရှိတဲ့ အစဉ်အလာကို ပိုင်ဆိုင်ထားပါတယ်။ လက်တလော စီးရီးအေ မှာ ထိပ်ဆုံး ၆ သင်း နေရာ ဝင်ရေး ရုန်းနေရချိန် ဖြစ်လို့ ဖိအားတွေ ရှိနေပေမယ့် ယူရိုပါလိဂ် မှာတော့ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ရှေ့ဆက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂတ်စပီရီနီရဲ့ အသင်းဟာ ယူရိုပါလိဂ် နောက်ဆုံး ၇ ပွဲမှာ ဂိုးမရတဲ့ပွဲ ၅ ပွဲ အထိ ရှိထားခဲ့ပြီး အဝေးကွင်း နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ အခု လာမယ့်ပွဲ အတ္တလန္တာရဲ့ တိုက်စစ်မှာ ရုစလန် မယ်လင်နော့ဗ်စကီးနဲ့ လူးဝစ် မူရီရယ်ပဲ ပွဲထွက်လာဖို့ များနေပြီး ကွင်းလယ်မှာ ပါဆာလစ်၊ ဖရီအူလာ၊ ဒီရွန်၊ တောင်ပံနဲ့ ခံစစ်မှာ ဇာပါကော်စတာ၊ ဟိတ်ဘိုးဝါး၊ ဒီဂျင်မ်စီတီ၊ ဒါမီရယ်၊ ပယ်လိုမီနိုနဲ့ ဂိုးမှာတော့ မူဆိုပဲ ပွဲထွက်လာဖို့ များနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်း ကတော့ သမိုင်းတစ်လျှောက် တစ်ကြိမ် တစ်ခါမှ ထိပ်တိုက်တွေ့ထားခြင်း မရှိပဲ ပထမဦးဆုံး အကြိမ် တွေ့ဆုံ ရင်ဆိုင်ကြရမှာလည်း ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ လိုက်ပ်ဇစ် အတွက် ၁.၈၃ ဆ၊ အတ္တလန္တာ အတွက် ၃.၅၅ ဆ၊ သရေ အတွက် ၃.၇၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ခြေညီတဲ့ အသင်းတွေ ဖြစ်လို့ ရလဒ်ပိုင်းအရ ခန့်မှန်းရ တော်တော်လေး ခက်ပါတယ်။ စုဖွဲ့မှုပိုင်းမှာ အိမ်ရှင်တို့ နည်းနည်းလေး ပိုသာနေပေမယ့် အတ္တလန္တာ ကလည်း ဂျာမန် အသင်းတွေကို ဘယ်လို ရင်ဆိုင်ရမယ် ဆိုတာ ကောင်းကောင်း သိနေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုပွဲ မှာတော့ အဓိက နောက်ခံလူ တိုလွိုင်း မပါနိုင်လို့ ခံစစ်ပိုင်း အားနည်းနေတဲ့ အတ္တလန္တာ ထက် အိမ်ကွင်း အားသာချက် ရှိပြီး တိုက်စစ် ထက်မြတ်တဲ့ လိုက်ပ်ဇစ်ကို ရွေးချယ်တာက ပိုပြီး သင့်တော်ပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ပြီး လိုက်ပ်ဇစ် တို့ ၁ ဂိုး အသာလောက်နဲ့ပဲ ကပ်နိုင်သွားဖို့ များပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်