နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ် နိုင်ပွဲ ပြန်ရတဲ့ ဘရာဇီးလ်၊ ခြေစစ်ပွဲ အောင်သွားတဲ့ ဥရုဂွေးနဲ့ အီကွေဒေါ (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲပြီးသုံးသပ်ချက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု ပွဲစဉ်တွေ မှာတော့ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ထားခဲ့တဲ့ ဘရာဇီးလ်တို့ ဂိုးပြတ် နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပြီး ဥရုဂွေးနဲ့ အီကွေဒေါ တို့ကတော့ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။


ဘရာဇီးလ် ၄-၀ ချီလီ

ဘရာဇီးလ်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်ပေမယ့် ခြေစစ်ပွဲ ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ရေး အတွက် အပြည့်အဝ အားစိုက်သွားခဲ့ပါတယ်။ ချီလီ ကလည်း Play-Off တစ်နေရာစာ မျှော်လင့်ချက် အတွက် ဖောင်ဖျက်ကစားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နေမာ၊ ဗင်နီးစီးယပ်စ်၊ အန်တိုနီ၊ ဖရက်ဒ်၊ ကတ်ဆီမီရို၊ မာကွင်ညော့စ်၊ ဆေးလ်ဗား၊ အလီဆွန် တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ဘရာဇီးလ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ခြေပြတ်၊ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ အထောင်တိုက်စစ် ကစားခဲ့တဲ့ နေမာနဲ့ တောင်ပံက အန်တိုနီတို့ ခြေစွမ်းပြခဲ့ပြီး နိုင်ပွဲ အတွက် အဓိက ကျတဲ့ ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။ ချီလီ ကတော့ ဆန်းချက်ဇ်၊ ဗားဂတ်စ်၊ အာရွန်ဂူးအစ်ဇ်၊ ဗီဒယ်၊ ဘရာဗို တို့ ပါဝင်ခဲ့ပေမယ့် ပွဲချိန် အများစုမှာ ဘရာဇီးလ်ရဲ့ ထိန်းချုပ် ကစားခြင်း ခံခဲ့ရလို့ ရုန်းကန်ခဲ့ရပါတယ်။

ဦးဆောင်ဂိုးကို ပင်နယ်တီက တစ်ဆင့် နေမာက သွင်းယူပေးခဲ့ပြီး ၄၅+၁ မှာ ဗင်နီးစီးယပ်စ်နဲ့ ဒုတိယဂိုး သွင်းယူခဲ့လို့ ပထမပိုင်း အပြီးမှာ ဘရာဇီးလ်တို့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း လူစားဝင် ကစားသမား ကော်တင်ဟိုက ပင်နယ်တီ ကနေ တတိယဂိုး သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီးမှာ ရစ်ချာလီဆင်က စတုတ္ထဂိုး သွင်းယူပေးခဲ့တာကြောင့် ဘရာဇီးလ်တို့ အိမ်ကွင်းမှာ ၄-၀ ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘရာဇီးလ်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု ထိပ်ဆုံးမှာ ၇ မှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ခြေစစ်ပွဲ ၃၃ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကောင်းကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။


ဥရုဂွေး ၁-၀ ပီရူး

နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဥရုဂွေးတို့ ပီရူးကို အိမ်ကွင်းမှာ ဧည့်ကစားခဲ့ပြီး အယ်ရစ်စကေတာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ရေး အရေးပါတဲ့ ပွဲစဉ် ဖြစ်တာကြောင့် နှစ်သင်းလုံး အကောင်းဆုံး စုဖွဲ့မှု ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဥရုဂွေး ကတော့ ဒါဝင် နူညက်ဇ်၊ ဆွာရက်ဇ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဘန်တန်ကာ၊ ဗယ်ဗာဒီ၊ ဂိုဒင်၊ ဂျင်မီနက်ဇ်၊ အာရူဟို တို့ကို ပွဲထုတ်လာခဲ့ပြီး လာပါဒူလာ၊ ကွေဗာ၊ ပီနာ၊ ဇမ်ဘရာနို တို့လို အမာခံ ကစားသမားတွေကို ပွဲထွက်စေခဲ့ပါတယ်။

အဲ့နောက် လက်ကျန် မိနစ်တွေမှာ ဂိုးရဖို့ ဆက်ပြီး ကြိုးစားခဲ့ကြပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး ဥရုဂွေးတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်သွားခဲ့ပါတယ်။
တောင်အမေရိကဇုန် အုပ်စု အဆင့် ၄ နေရာ ကနေ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ခဲ့တဲ့ ဥရုဂွေး

ပွဲအစပိုင်းမှာ ပီရူးတို့ ကာရီလို ဘက်ကနေ ဥရုဂွေး ခံစစ်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ပေမယ့် ဂိုးသမား ရိုချက်နဲ့ ခံစစ်မှူးတွေ အမှားနည်းခဲ့လို့ သွင်းဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ ကစားကွက် ပိုမိလာတဲ့ အိမ်ရှင်တို့ တန်ပြန် ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပြီး ၄၂ မိနစ်မှာတော့ ဂိုးရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အယ်ရစ် စကေတာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လက်ကျန် မိနစ်တွေမှာ ဂိုးရဖို့ ဆက်ပြီး ကြိုးစားခဲ့ကြပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး ဥရုဂွေးတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်သွားခဲ့ပါတယ်။


အခြားပွဲရလဒ်များ

ပါရာဂွေး ၃-၁ အီကွေဒေါ

ကိုလံဘီယာ ၃-၀ ဘိုလစ်ဗီးယား

အီကွေဒေါ ကတော့ အီကွေဒေါကို ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ရှေ့ပွဲတွေမှာ ရလဒ်ကောင်းထားခဲ့သလို ချီလီနဲ့ ပီရူးတို့ အသီးသီး ရှုံးပွဲ ကြုံခဲ့တာကြောင့်လည်း အဆင့် ၃ နေရာ ကနေပဲ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။ ဘိုလစ်ဗီးယားကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ကိုလံဘီယာ ကတော့ Play-Off တစ်နေရာစာ အတွက် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပြီး လက်ကျန် ပွဲစဉ်က ချီလီ၊ ပီရူးနဲ့ ကိုလံဘီယာ တို့ ဘယ်အသင်း နောက်တစ်ဆင့် တက်ခွင့်ရနိုင်မလဲ ဆိုတာ အဆုံးအဖြတ် ပေးသွားတော့မှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်