နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုင်လီကို အမှားအယွင်းမရှိ အနိုင်ယူခဲ့တဲ့ ချဲလ်ဆီး၊ စံချိန်သစ်တင်ခဲ့တဲ့ တူချယ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

လိုင်လီ ၀-၁ ချဲလ်ဆီး


(နှစ်ကျော့ပေါင်း ရလဒ် ၁-၄)

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ချဲလ်ဆီးတို့ လိုင်လီကို အမှားအယွင်း မရှိ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၁-၄ နဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ချဲလ်ဆီးတို့ အဝေးကွင်းမှာ လိုင်လီရဲ့ အစောပိုင်းနဲ့ ပင်နယ်တီနဲ့ ဦးဆောင်ခြင်း ခံခဲ့ရပေမယ့် ပူလီဆစ်ခ်၊ အက်ဇ်ပီလီကွယ်တာ တို့ရဲ့ သွင်းဂိုးတွေကြောင့် နှစ်ကျော့စလုံး အနိုင်ရပြီး နောက်တစ်ဆင့်ကို အလွယ်တကူ တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

လိုင်လီက ၄-၄-၂ နဲ့ ပွဲထွက်ခဲ့ပြီး ချဲလ်ဆီး ကတော့ ၃-၅-၂ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ လိုင်လီ တိုက်စစ်မှာ ဂျွန်နသန် ဒေးဗစ်နဲ့ ရီလ်မက်ဇ်တို့ ဦးဆောင်လာခဲ့ပြီး ဂတ်မန်ဆန်၊ ဇီကာ၊ အန်ဒရီ၊ ဘော့တ်မန်း၊ ဘမ်ဘာ၊ ဒီဂျာလို၊ ဖွန်တေ၊ ဆီလစ်ခ်၊ လီယို တို့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ အရင်ပွဲတွေနဲ့ မတူပဲ တိုက်စစ်မှာ ကိုင်ဟာဗက်ဇ်ကို ပူလီဆစ်ခ်နဲ့ တွဲဖက် ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ ကိုဗာချစ်၊ ဂျော်ဂျင်ဟို၊ ကန်တေ အတွဲနဲ့ အတူ တောင်ပံ အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ် အလွန်ဆို တို့ကို ကစားစေခဲ့ပါတယ်။ ခံစစ်မှာ ထုံးစံ အတိုင်း ရူဒီဂါ၊ ဆေးလ်ဗားနဲ့ ခရစ္စတန်ဆန် တို့ကိုပဲ သုံးခဲ့ပြီး ဂိုးမှာတော့ မန်ဒီပဲ ပါဝင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ လိုင်လီရဲ့ ရုန်းအားကြောင့် ချဲလ်ဆီးတို့ အနည်းငယ် ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ပွဲချိန် ၃၈ မိနစ်မှာပဲ အိမ်ရှင် အသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပါတယ်။ ဂျော်ဂျင်ဟိုရဲ့ လက်ထိဘောက တဆင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ရီလ်မက်ဇ်က အပိုင်ကန်သွင်းယူခဲ့တာ ဖြစ်ပြီး ဂျော်ဂျင်ဟို လက်နဲ့သိသိသာသာ တားဆီးဖို့ ကြိုးစားခဲ့တာဖြစ်လို့ ကွင်းလယ်ဒိုင်က VAR အဆုံးအဖြတ်နဲ့ ပင်နယ်တီ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ ချဲလ်ဆီးတို့ ချေပဂိုး ပြန်ရအောင် ယူနိုင်ခဲ့ပြီး ဂျော်ဂျင်ဟို အကွက်မြင်မြင် ဖန်တီးပေးလိုက်တာက ပူလီဆစ်ခ်က ဂိုးသမား လီယိုရဲ့ အဝေးထောင့်ထဲကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်ကြာလာတာနဲ့ အမျှ ချဲလ်ဆီးတို့ ပွဲကို ထိန်းချုပ်လာနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မရခဲ့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၁-၄ နဲ့ ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့တဲ့ လိုင်လီ

ပထမပိုင်း အပြီးမှာ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပွဲပြန်စချိန်မှာ ချဲလ်ဆီးတို့ အနိုင်ဂိုး ရဖို့ အားစိုက်ခဲ့ပေမယ့် ကွင်းလယ်က ကန်တေ၊ ကိုဗာချစ်၊ ဂျော်ဂျင်ဟိုတို့ အတွဲမမိခဲ့လို့ ကစားပုံ အိုင်နေခဲ့ရပါတယ်။ နောက်ပြီး လိုင်လီ ကွင်းလယ်က ဇီကာရဲ့ အပိုင်ခေါင်းတိုက်ချက် တိုင်ထိ ထွက်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ကံကောင်းခဲ့ရပါသေးတယ်။ အဲ့နောက်မှာတော့ တူချယ် အနေနဲ့ ကိုဗာချစ် အစား မေဆင်မောင့်ကို ထည့်ပြီး နည်းဗျူဟာ အပြောင်းအလဲ လုပ်ခဲ့လို့ ချဲလ်ဆီးတို့ ကစားပုံ ပြန်ကောင်းလာခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာတော့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ မေဆင်မောင့်ရဲ့ ဖြတ်တင်ပေးပို့မှုကို အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာက ပြေးဝင် ပိတ်သွင်းခဲ့တာ ဖြစ်ပြီး အဲ့နောက်မှာလည်း ချဲလ်ဆီးတို့ လော့ဖ်တပ်စ်ချိခ်၊ လူကာကူ၊ ဇီယက်ချ် တို့ကို ထည့်ပြီး အားဖြည့်ခဲ့ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ ချဲလ်ဆီးတို့ ပွဲကို ထိန်းချုပ်လာနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မရခဲ့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၁-၄ နဲ့ ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ခြေစွမ်းပိုင်းအရတော့ အထွေအထူး ပြောစရာ မရှိပါဘူး။ လိုင်လီတို့ ချဲလ်ဆီးရဲ့ ပွဲအစပိုင်း အထနှေး တတ်တာကို အခွင့်ကောင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ အသင်းကြီး တစ်သင်းရဲ့ အတွေ့အကြုံနဲ့ ရုန်းအားကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့လို့ အိမ်ကွင်းမှာပါ ထပ်ရှုံးခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ဒီနိုင်ပွဲ အတွက် အဓိက ကျခဲ့သူက သောမက်စ်တူချယ်ပဲ ဖြစ်ပြီး ဂျာမန်သား နည်းပြ အနေနဲ့ ပွဲအပြီးမှာ ချန်ပီယံလိဂ် စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့ပါတယ်။ တူချယ်ဟာ ဒီနိုင်ပွဲကြောင့် သူ့ရဲ့ နည်းပြဘဝ ချန်ပီယံလိဂ် နိုင်ပွဲ ၃၂ ပွဲအထိ ရှိလာခဲ့ပြီး ရီးရဲယ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် ဖလား (၃) ကိုင်မြှောက်ထားတဲ့ ဇီဒန်းရဲ့ ချန်ပီယံလိဂ် နိုင်ပွဲ အရေအတွက် ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ပထမဦးဆုံး ပွဲ ၅၀ အတွင်း နိုင်ပွဲ အများဆုံး ရထားတဲ့ ဂျာမန် နည်းပြကြီး ဟေးနက်စ်ရဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပါတယ်။ ဟေးနက်စ်ဟာ ပထမဆုံး ချန်ပီယံလိဂ် (၄၇) ပွဲအတွင်း နိုင်ပွဲ (၃၂) ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ တူချယ်ဟာ ချဲလ်ဆီးကို စတင်ကိုင်တွယ်ပြီး လပိုင်း အကြာမှာပဲ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သလို အသင်းပိုင်ရှင် အေဗရာမိုဗစ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်တိုက် ပြုလုပ်ခံနေရသည့် တိုင်အောင် ပြိုင်ပွဲစုံမှာ နိုင်ပွဲတွေ ဆက်နေဆဲ ဖြစ်ပြီး သူပြောခဲ့သလိုပဲ ကွင်းပြင်ပ အခြေအနေတွေက ခြေစွမ်း အပေါ်မှာ သက်ရောက်မှု မရှိဘူးဆို အလုပ်နဲ့ သက်သေပြခဲ့တဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

လိုင်လီတို့ မတ်လ ၂၀ ရက်နေ့မှာ နန့်စ်နဲ့ လီဂူးဝမ်း ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ချဲလ်ဆီး ကတော့ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်