နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွတ်ဒီဆင်ပါ့ခ် ကောင်းကင်မှာ အမြင့်ဆုံး ပျံသန်းဦးမယ့် ငှက်ကြားများ | အဲဗာတန် – နယူးကာဆယ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

အဲဗာတန် – နယူးကာဆယ်

လာမယ့် သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရဲ့ လက်ကျန် ပွဲစဉ် အဖြစ် အဲဗာတန်နဲ့ နယူးကာဆယ်တို့ ဂွတ်ဒီဆင်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အဲဗာတန်တို့ လက်တလော တန်းဆင်းဇုန် ဖိအားတွေနဲ့ ရင်ဆိုင်နေရသလို နယူးကာဆယ် ကလည်း တတ်နိုင်သမျှ ရမှတ် ရှာဖွေနိုင်ဖို့ လိုအပ်နေသေးလို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် ဖြစ်လာဦးမှာ သေချာပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိခဲ့ပြီး ရှုံးပွဲတွေ များနေတဲ့ အဲဗာတန် အတွက်တော့ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာဦးမှာပါ။ အဲ့ဒီ နိုင်ပွဲ ဆိုတာ ကလည်း ပရီးမီးယားလိဂ်မှာ မဟုတ်ပဲ အက်ဖ်အေဖလားမှာ အပျော်တမ်း ကလပ် သာသာ ရှိတဲ့ ဘောဟမ်းဝုဒ် ကို အနိုင်ရထားတာ ဖြစ်ပါတယ်။ ဖရန့်ခ်လမ်းပတ်ရဲ့ အသင်း အနေနဲ့ ပရီးမီးယားလိဂ် မှာတော့ နောက်ဆုံး ၁၁ ပွဲမှာ လိဒ်စ်ယူနိုက်တက် တစ်သင်း တည်းကို အနိုင်ရခဲ့ပြီး ရှုံးပွဲ ကတော့ ၉ ပွဲ အထိ ရှိခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို ရောက်ရှိနေခဲ့ပါတယ်။ ကံကောင်းတာက အဲဗာတန်တို့ တန်းဆင်းဇုန် ဖိအားတွေ ရှိနေပေမယ့် ဝက်ဖို့ဒ်၊ ဘန်လေ တို့ထက် ပွဲလျော့ ကစားထားတာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း အရ ဆိုရင်တော့ အဲဗာတန်တို့ တိုက်စစ်ရော၊ ခံစစ် အပိုင်းမှာပါ တော်တော်လေး အားနည်းနေခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲ ဆက် ရဂိုး မရှိ ရှုံးနိမ့်ထားခဲ့သို ပေးဂိုး ကတော့ ၉ ဂိုးအထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ နောက်တန်းက ဂျွန်ဂျိုး ကန်နီ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပြီး မီနာ၊ တော်မ် ဒေးဗီးစ်၊ ဒက်ဖ် တို့လည်း ဒဏ်ရာက မသက်သာသေးလို့ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒေါမနစ် ကလဲဗက် လီဝင်း ကလည်း ဖျားနာနေလို့ တိုက်စစ်မှာ ရစ်ချာလီဆင် တစ်ဦးတည်း ဦးဆောင်ပြီး နောက်မှာတော့ ဒမ်မာရီ ဂရေး၊ ဂေါဒန်၊ ကွင်းလယ်၊ ခံစစ်နဲ့ ဂိုးမှာတော့ မိုင်ကိုလန်ကို၊ ဗန်ဒီဘိခ်၊ ဒိုကိုရေး၊ ကိုးလ်မန်း၊ ဟိုးလ်ဂိတ်၊ ကိန်း၊ ဂေါ့ဖရေး၊ ပစ်ခ်ဖို့ဒ်တို့ပဲ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

စီးရီးအေ
ရိုးမား
လာဇီယို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

နယူးကာဆယ်တို့ ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ် ၂၉ မှာ ချဲလ်ဆီးကို ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်ခဲ့ရပါတယ်။ ဒါပေမယ့် အက်ဒီဟောင်းရဲ့ အသင်းက ချဲလ်ဆီးကို အကောင်းဆုံး တုန့်ပြန် ကစားသွားနိုင်ခဲ့ပြီး ကစားသမား အင်အားချင်း မယှဉ်နိုင်ခဲ့လို့သာ ၁ ဂိုးတည်းနဲ့ ကပ်ပြီး အရှုူံးပေးခဲ့ရတာ ဖြစ်ပါတယ်။ နယူးကာဆယ်တို့ တန်းဆင်းဇုန်နဲ့ ၉ မှတ် အကွာ အဆင့် ၁၄ နေရာကို ပြန်လည် ရောက်ရှိနေတယ် ဆိုပေမယ့် အခုပွဲ ပြီးရင် စပါး၊ ဝုဗ်၊ လက်စတာစီးတီး တို့လို အသင်းကောင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်ရဦးမှာ ဖြစ်တာကြောင့် တတ်နိုင်သမျှ အမှားနည်းနိုင်မှပဲ တော်ကာကျမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် အက်ဒီဟောင်းရဲ့ အသင်း ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ အိမ်ကွင်း၊ အဝေးကွင်း မရွေး တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ကစားလာနိုင်ပြီး အဝေးကွင်း နောက်ဆုံး ၅ ပွဲမှာ ချဲလ်ဆီး တစ်သင်းတည်းကို ရှုံးပြီး ဝက်စ်ဟမ်းကို သရေ၊ ဆောက်သမ်တန်၊ လိဒ်စ်နဲ့ ဘရန့်ဖို့ဒ် တို့ကိုတော့ အနိုင်ရထားပါတယ်။ အခု ပွဲကိုတော့ ကီရင် ထရစ်ပီယာ၊ ဂျမဲလ် လီဝစ်၊ ဟေဒန်၊ ကော်လမ်ဝီလ်ဆင် တို့ လွဲချော်ဦးမယ်လို့ သိရပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ ဖရေဆာ၊ ခရစ္စဝုဒ်၊ မာဖီ၊ ဝေးလ်လော့ခ်၊ ဂျိုးလင်တန်၊ ရှဲလ်ဗီ၊ တားဂတ်၊ ဘန်း၊ ရှား၊ ခရက်ဖ်၊ ဒူဗရက်ကာတို့ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဖရန့်ခ်လမ်းပတ်ရဲ့ အသင်း အနေနဲ့ ပရီးမီးယားလိဂ် မှာတော့ နောက်ဆုံး ၁၁ ပွဲမှာ လိဒ်စ်ယူနိုက်တက် တစ်သင်း တည်းကို အနိုင်ရခဲ့ပြီး ရှုံးပွဲ ကတော့ ၉ ပွဲ အထိ ရှိခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၇ နေရာကို ရောက်ရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၁ ကြိမ်မှာ အဲဗာတန်က ၁၁ ကြိမ်နိုင်၊ နယူးကာဆယ်က ၇ ကြိမ်နိုင်ပြီး ၃ ကြိမ် သရေကျထားခဲ့ပါတယ်။ အစဉ်အလာအရ အဲဗာတန်တို့ အနည်းငယ် အသာရနေပေမယ့် နောက်ပိုင်း တွေ့ဆုံခဲ့တဲ့ ပွဲအများစုမှာ နယူးကာဆယ်တို့ အဲဗာတန်နဲ့ တွေ့ဆုံချိန်တိုင်း ရလဒ်ကောင်းခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံး ၅ ပွဲမှာ အဲဗာတန်တို့ ၁ ပွဲသာ အနိုင်ရခဲ့သလို ၁ ပွဲ သရေကျပြီး နောက်ဆုံး ၃ ပွဲဆက်တိုက် ကာဆယ်ကို အရှုံးပေးထားရပါတယ်။ ဂွတ်ဒီဆင်ပါ့ခ်က နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု မှာလည်း နယူးကာဆယ်တို့ ရှုံးပွဲ မရှိခဲ့သလို ဖေဖော်ဝါရီလ ၉ ရက်နေ့ကမှ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ် မှာလည်း ၃-၁ ရလဒ်နဲ့ အဲဗာတန်ကို အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ အဲဗာတန် အတွက် ၂.၄၂ ဆ၊ နယူးကာဆယ် အတွက် ၂.၈၈ ဆ၊ သရေ အတွက် ၃.၂၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ တကယ်ဆို အဲဗာတန်ဟာ ကစားသမားစုဖွဲ့မှု တောင့်တင်းတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ရလဒ်တွေ တောက်လျောက် ဆိုးနေတာက အသင်းကို ဆွဲချသလို ဖြစ်နေပြီး ဖရန့်ခ် လမ်းပတ်လည်း ကြံရာမရ ဖြစ်နေပုံပါပဲ။ လမ်းပတ် အနေနဲ့ နောက်တန်း ၃ ယောက် အခင်းအကျင်းနဲ့ ပြောင်းကစားစေခဲ့တဲ့နောက် စပါးနဲ့ ပွဲမှာ ဂိုးပြတ် ရှုံးခဲ့ပေမယ့် ဝုဗ်နဲ့ ပွဲမှာတော့ ခံစစ် ကစားပုံ တိုးတက်လာတာ တွေ့ရပါတယ်။ စဉ်းစားစရာတွေ အရမ်းများနေတဲ့ အတွက် ဂိုးပေါင်းထက် ဘော်ဒီ ဘက်ပဲ လှည့်သင့်ပါတယ်။ လက်ရှိ ခြေစွမ်းအရ နယူးကာဆယ် ကပဲ ပိုပြီး ယုံကြည်လို့ရတာကြောင့် အကျိုးအမြတ် အတွက် ဆိုရင်တော့ ဧည့်သည် ဆိုတဲ့ ထိုးကွက်ပေါ်မှာပဲ ရဲရဲတင်းတင်း ရပ်တည်နေဖို့ အကြံပြုချင်ပါတယ်။


ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်