နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးနဲ့ ဂိုးအောက် ကသာ အသင့်လျော်ဆုံး ရွေးချယ်မှု ဖြစ်လာဖို့ ရှိတယ် | လိုင်လီ – ချဲလ်ဆီး (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

လိုင်လီ – ချဲလ်ဆီး

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ဒုတိယနေ့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် လိုင်လီနဲ့ ချဲလ်ဆီးတို့ ပီယဲမိုဟွာ ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်တလော ကွင်းပြင်ပမှာ အခက်ခဲဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ဆဲ လက်ရှိ ချန်ပီယံ ချဲလ်ဆီးတို့ ခြေစွမ်းပြန်မှန်နေတဲ့ လိုင်လီကို ပြင်သစ်မြေမှာ ထပ်ပြီး အနိုင်ယူသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

လီဂူးဝမ်း လက်ရှိ ချန်ပီယံ လိုင်လီတို့ ရာသီအစမှာ မထင်မှတ်ပဲ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ တဖြည်းဖြည်း ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်လာတာ တွေ့ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေကျထားတဲ့ လိုင်လီတို့ လီဂူးဝမ်းမှာလည်း အမှတ်ပေးဇယား ထိပ်ပိုင်းကို တဖြည်းဖြည်း ပြန်လည် တက်လှမ်းနေပါတယ်။ ပထမအကျော့ စတန်းဖို့ဒ် ဘရစ်ချ်မှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တယ် ဆိုပေမယ့် ခြေစွမ်းအရတော့ ချဲလ်ဆီးကို မရှုံးခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ ဥရောပ အတွေ့အကြုံ နည်းသလို ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်မှု ပြတ်တောက်ခဲ့လို့ ချဲလ်ဆီးကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ လိုင်လီဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ၂၀၀၇ ခုနှစ်က တစ်ကြိမ်သာ ကစားခဲ့ဖူးပြီး အဲ့ဒီ အချိန်တုန်း ကလည်း အင်္ဂလိပ် ကလပ် ဖြစ်တဲ့ ယူနိုက်တက်ကို အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ သတိထားရမှာက လိုင်လီရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး ဂေါ်ဗန်နက်ရဲ့ အသင်းက လီဂူးဝမ်းမှာ အိမ်ကွင်း ရှုံးပွဲ ၂ ပွဲသာ ရှိထားခဲ့သလို ချန်ပီယံလိဂ် မှာတော့ လုံးဝ မရှုံးထားပါဘူး။ ပထမအကျော့မှာ ၂ ဂိုးပြတ်နဲ့ ရှုံးထားခဲ့လို့ ဂေါ်ဗန်နက်ရဲ့ အသင်း အနေနဲ့ အခုပွဲမှာလည်း ကျိန်းသေပေါက် တိုက်စစ် ဖွင့်ကစားလာမှာ ဖြစ်ပေမယ့် ရီနာတို ဆန်းချက်ဇ် ဒဏ်ရာကြောင့် လွဲချော်မှာ ကတော့ သတင်းဆိုးပဲ ဖြစ်ပါတယ်။ ၄-၄-၂ သို့မဟုတ် ၄-၂-၃-၁ အခြေခံတဲ့ ကစားကွက်နဲ့ ပွဲထွက်လာဖို့ ရှိပြီး လူစာရင်း မှာတော့ ဂျွန်နသန် ဒေးဗစ်၊ ဘန်အာဖာ၊ ဝီးယာ့ရ်၊ အန်ဒရီ၊ ဇီကာ၊ ဘမ်ဘာ၊ ဆီလစ်ခ်၊ ဘော့မန်း၊ ဖွန်တေ၊ ဒီဂျာလို၊ လီယို တို့ ပါဝင်လာဖွယ် ရှိပါတယ်။

လိုင်လီဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ၂၀၀၇ ခုနှစ်က တစ်ကြိမ်သာ ကစားခဲ့ဖူးပြီး အဲ့ဒီ အချိန်တုန်း ကလည်း အင်္ဂလိပ် ကလပ် ဖြစ်တဲ့ ယူနိုက်တက်ကို အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ အိမ်ကွင်း ရှုံးပွဲ ၂ ပွဲသာ ရှိထားတဲ့ လိုင်လီ

ချဲလ်ဆီး အကြောင်း ကတော့ အထွေအထူး ပြောစရာ သိပ်မရှိအောင် အားလုံးလည်း သိထားကြပြီး ဖြစ်ပါလိမ့်မယ်။ အသင်း ပိုင်ရှင် အေဗရာမိုဗစ်ချ်ကြောင့် ဗြိတိန် အစိုးရရဲ့ အဘက်ဘက်က ပိတ်ဆို့ တားဆီးမှုတွေ ခံနေရပေမယ့် ကွင်းတွင်း ရလဒ်တွေ ကတော့ ကောင်းနေဆဲ ဖြစ်ပါတယ်။ အခု နောက်ပိုင်း တူချယ်ရဲ့ အသင်းကို ကြည့်ရတာ တိုက်စစ်ကို သိပ်ပြီး အားမပြုတော့ပေမယ့် ကိုင်ဟာဗက်ဇ် ဂိုးမြူးနေသလို ဂျာမန် ကစားသမား အနေနဲ့ ကစားကွက် ချိတ်ဆက်တဲ့ အပိုင်း မှာလည်း တဖြည်းဖြည်း အံ့ဝင်လာခဲ့တာကြောင့် ချဲလ်ဆီးတို့ ပွဲတိုင်းလိုလို သွင်းဂိုးတွေ ရှာတွေ့နေတယ်လို့ပဲ ဆိုရပါမယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပေမယ့် ရှေ့နှစ်တွေ မှာတော့ ၄ နှစ် ဆက်တိုက် ၁၆ သင်း အဆင့် ကနေပဲ ထွက်ခွာထားခဲ့ရတဲ့ မှတ်တမ်း ရှိထားပါတယ်။ သွင်းဂိုး ၂ ဂိုး အသာရထားပြီး ဖြစ်လို့ တူချယ် အနေနဲ့ အခုပွဲမှာ ခံစစ်ကို အကျစ်လျစ်ဆုံး ကစားပြီး မရှုံးအောင်ပဲ ကစားဖို့ များနေပေမယ့် အတောင့်တင်းဆုံး လူစာရင်း နဲ့တော့ ပွဲထွက်လာပါလိမ့်မယ်။ လက်တလော အသင်းမှာ အိုဒွိုင်း၊ ရိစ်ဂျိမ်းစ်၊ ဘန်ချေးဝဲလ်တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ပွဲထွက်လူစာရင်း မှာတော့ ကိုင်ဟာဗက်ဇ်၊ ဇီယက်ချ်၊ ပူလီဆစ်၊ မောင့်၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ ခရစ္စတန်ဆန်၊ ရူဒီဂါ၊ ဆေးလ်ဗား၊ မန်ဒီတို့ ပါဝင်လာဖွယ် ရှိပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်း ကတော့ သမိုင်းတစ်လျှောက် ၃ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် တုန်းက အုပ်စု ပွဲစဉ် နှစ်ကျော့စလုံးမှာ ချဲလ်ဆီးတို့ အနိုင်ရထားသလို ဒီနှစ် ၁၆ သင်းအဆင့် ပထမအကျော့ မှာလည်း ဟာဗက်ဇ်၊ ဇီယက်ချ်တို့ရဲ့ ဂိုးတွေနဲ့ လိုင်လီကို အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ချဲလ်ဆီး အတွက် ၁.၉၄ ဆ၊ သရေ အတွက် ၃.၄၅ ဆ၊ လိုင်လီ အတွက် ၃.၈၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လိုင်လီမှာ ကစားသမားကောင်းတွေ အများကြီး ရှိသလို ချဲလ်ဆီးကို ပထမအကျော့မှာ ကတည်းက ဘယ်လောက်အထိ ဒုက္ခပေးနိုင်ခဲ့သလဲ ဆိုတာ အားလုံးလည်း သိပြီးသားပါ။ ဒီနေ့ပွဲမှာ လိုင်လီတို့ ဂိုးလိုအပ်ချက် အတွက် မဖြစ်မနေ တိုက်စစ် ဖွင့်ကစားလာမှာ ဖြစ်လို့ မထင်မှတ်ပဲ ဂိုးမြူးနေတဲ့ ကိုင်ဟာဗက်ဇ် တို့ အုပ်စု အတွက် စိတ်ကြိုက် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ပထမအကျော့ ရလဒ် အရ ချဲလ်ဆီး တို့ နောက်တစ်ဆင့် တက်ဖို့ ရာခိုင်နှုန်း များနေလို့ အပြည့်အဝ အားစိုက်ပါ့မလား ဆိုတာ စဉ်းစားစရာတော့ ရှိပါတယ်။ အဲ့တော့ အသင့်လျော်ဆုံး ရွေးချယ်မှုက ဂိုးအောက်နဲ့ ချဲလ်ဆီးပဲ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။


ခန့်မှန်းရလဒ် (၀-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်