နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် ဂိုးတွေ သွင်းပြီး လေဗာကူဆင်ကို အနိုင်ရခဲ့တဲ့ အတ္တလန္တာ (ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်)

အတ္တလန္တာ ၃-၂ လေဗာကူဆင်

ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရတာ မှာတော့ အတ္တလန္တာတို့ လေဗာကူဆင်ကို အိမ်ကွင်း ဂီဝစ်မှာ ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု ရသ အပြည့်ပေးတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ အီတလီမြေမှာ အနိုင်ရခဲ့တဲ့ အတ္တလန္တာတို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ရေး အခြေအနေ ကောင်းသွားခဲ့တယ် ဆိုပေမယ့် လေဗာကူဆင် ကလည်း မျှော်လင့်ချက် အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အတ္တလန္တာ က ၃-၄-၁-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး လူးဝစ် မူရီရယ်နဲ့ မယ်လင်နော့ဗ်စကီး တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကူ့ပ်မိုင်နား၊ ဒီရွန်၊ ဖရီအူလာ၊ ဒါမီရယ်၊ ဇာပါကော်စတာ၊ တိုလွိုင်၊ ဟိတ်ဘိုးဝါး၊ ဒီဂျင်မ်စီတီ၊ မူဆိုတို့ ပါဝင်လာခဲ့ပါတယ်။ လေဗာကူဆင် ကတော့ သူတို့ အားသန်တဲ့ ၄-၂-၃-၁ နဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ အလာရီယို တစ်ဦးတည်း အထောင်ထားပြီး တောင်ပံနဲ့ ကွင်းလယ်မှာ ဖလော်ရီယန် ဝစ်ဇ်၊ ဒီယာဘီ၊ အက်ဒ်လီ၊ အာရန်ဂူအစ်ဇ်၊ ပလာစီယို့စ်၊ ခံစစ်မှာ တပ်ဆိုဘာ၊ ဘက်ကာ၊ တာ့ရ်၊ ဖရင်ပေါင်၊ ဟရာဒက်ကီတို့နဲ့ လူစုံခဲ့ပါတယ်။

ပွဲအစ ၁၁ မိနစ် မှာတင်ပဲ ဧည့်သည် လေဗာကူဆင်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဝစ်ဇ်ရဲ့ ပေးပို့မှုကနေ အာရန်ဂူအစ်ဇ် က ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို မြေလှိမ့်ဘော ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၃ မိနစ်မှာ အတ္တလန္တာတို့ ပြန်လည် ချေပနိုင်ခဲ့ပြီး မူရီရယ် ဖန်တီးပေးတာကို မယ်လင်နော့ဗ်စကီးက အဆုံးသတ် သွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၂ မိနစ် အကြာမှာလည်း မယ်လင်နော့ဗ်စကီးနဲ့ မူရီရယ် တွဲဖက်မှု ကနေ အတ္တလန္တာတို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့လို့ အတ္တလန္တာတို့ ပထမပိုင်း အပြီးမှာ ၂-၁ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

အီတလီမြေမှာ အနိုင်ရခဲ့တဲ့ အတ္တလန္တာတို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ရေး အခြေအနေ ကောင်းသွားခဲ့တယ် ဆိုပေမယ့် လေဗာကူဆင် ကလည်း မျှော်လင့်ချက် အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ လေဗာကူဆင်

အဲ့နောက် ကစားကွက် မိသွားတဲ့ အတ္တလန္တာတို့ လေဗာကူဆင် ခံစစ်ကို တရစပ် ထိုးဖောက်နိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲပြန်စပြီး သိပ်မကြာခင်မှာပဲ တတိယဂိုး ရရှိသွားခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာလည်း မယ်လင်နော့ဗ်စကီးရဲ့ ပေးပို့မှုကနေ လူးဝစ် မူရီရယ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၃-၁ ရလဒ် ဖြစ်သွားချိန် မှာတော့ အတ္တလန္တာတို့ ကစားအား အနည်းငယ်ချခဲ့လို့ လေဗာကူဆင်တို့ အခွင့်အရေး တချို့ ပြန်ရခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာ အတ္တလန္တာ နောက်တန်းရဲ့ ပေါ့ဆမှုကို တောင်ပံက ဒီယာဘီ အခွင့်ကောင်းယူနိုင်ခဲ့လို့ လေဗာကူဆင်တို့ ချေပဂိုး ၁ ဂိုး ထပ်ရခဲ့ပါတယ်။ ၃-၂ ဖြစ်သွားချိန်မှာ အိမ်ရှင်တို့ ကစားသမား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ပြီး အနိုင်ရလဒ်ကို ထိန်းခဲ့သလို လေဗာကူဆင် ကလည်း ချေပဂိုး ထပ်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန် မိနစ်တွေမှာ အတ္တလန္တာတို့ လေဗာကူဆင်ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ခဲ့လို့ ၃-၂ ရလဒ် နဲ့ပဲ ပြီးဆုံးခဲ့ပြီး အိမ်ရှင်တို့ နိုင်ပွဲ ရသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
လက်စတာ စီးတီး
1X2 လက်စတာ စီးတီး @ 6.00
အာဆင်နယ် အာရှ ဟန်းဒီးကပ် -1.25 @ 2.17
ဂိုးပေါ် 3.00 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

လျင်မြန်မှုနဲ့ အတူ တိုက်စစ် အသားပေး ကစားတတ်ပြီး အဆုံးသတ်ပိုင်း ကောင်းတဲ့ နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ အားလုံး မျှော်လင့်ထားခဲ့သလိုပဲ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ အတ္တလန္တာတို့ အိမ်ကွင်း အားသာချက် ရှိခဲ့ပေမယ့် လေဗာကူဆင်ရဲ့ တိုက်စစ်ကို ပေါ့ပေါ့ဆဆ ထိန်းချုပ်မိခဲ့တာကြောင့် အဝေးကွင်း ၂ ဂိုးပေးခဲ့ရတာ က‌တော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ ဖန်တီးမှုတွေ အပြန်အလှန် ပြုလုပ်ပြီး ဂိုးတွေ သွင်းပေးခဲ့ကြတဲ့ မူရီရယ်နဲ့ မယ်လင်နော့ဗ်စကီး တို့ရဲ့ ခြေစွမ်းကို မဖြစ်မနေ ချီးကျူးရမှာ ဖြစ်ပေမယ့် အနိုင်ဂိုးတွေကို ထိန်းမထားနိုင်တဲ့ ခံစစ် ကတော့ အခြေအနေ တစ်ခု အထိ အားနည်းခဲ့တယ် လို့ပဲ ဆိုရမှာပါ။ ဒီရလဒ်ကြောင့် အတ္တလန္တာတို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်ဖို့ အတွက် ဆိုရင် ဒုတိယ အကျော့မှာ အတတ်နိုင်ဆုံး ဂိုးမပေးရဖို့ လိုအပ်တဲ့ အပြင် အနိမ့်ဆုံး သရေ ကစားနိုင်ဖို့လည်း အရေးကြီးသွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အတ္တလန္တာတို့ မတ်လ ၁၃ ရက်နေ့မှာ ဂျီနိုအာနဲ့ စီးရီးအေ ပွဲစဉ် ကစားရဖို့ ရှိပြီး လေဗာကူဆင် ကတော့ ကိုလုံးနဲ့ ဘွန်ဒက်စ်လီဂါ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်