နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်္ဂလန်မြေမှာ အင်တာကို ထပ်ပြီး အနိုင်ယူဦးမယ့် လစ်ဗာပူးလ် | လစ်ဗာပူးလ် – အင်တာမီလန် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – အင်တာမီလန်

ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် လစ်ဗာပူးလ်နဲ့ အင်တာမီလန်တို့ အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပထမအကျော့ အီတလီမြေမှာ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရထားခဲ့တဲ့ လစ်ဗာပူးလ်တို့ အိမ်ကွင်းမှာရော အင်တာမီလန်ကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အခုနှစ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အားလုံး အနိုင်ရလဒ်နဲ့ ရှုံးထွက် အဆင့်ကို တက်လှမ်းလာခဲ့တဲ့ လစ်ဗာပူးလ်တို့ ပထမအကျော့ ရလဒ် အရလည်း ကွာတားဖိုင်နယ် တက်လှမ်းဖို့ အခြေအနေ ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။ ကလော့ပ်ရဲ့ အသင်းဟာ လက်ရှိမှာ ခရာဘောင်ဖလား ချန်ပီယံဆုကို ပူပူနွေးနွေး ကိုင်မြှောက်ထားခဲ့ပြီး အက်ဖ်အေဖလား မှာလည်း ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းထားခဲ့သလို ပရီးမီးယားလိဂ် မှာလည်း ချန်ပီယံ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ အရပ်ရပ်ရဲ့ ချန်ပီယံ ပြေးလမ်းပေါ်မှာ ရှိနေတဲ့ လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် မှာလည်း ချန်ပီယံ ဖြစ်ဖို့ အတွက် ရေပန်းအစားဆုံး အသင်းတွေ ထဲမှာ ပါဝင်နေပါတယ်။ ဝက်စ်ဟမ်းနဲ့ ပွဲအပြီးမှာ ပြိုင်ပွဲစုံ ၁၂ ပွဲဆက် နိုင်ပွဲ ဆက်ထားခဲ့တဲ့ လစ်ဗာပူးလ်တို့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ မှာပါ အမြင့်ဆုံးမှာ ရှိနေလို့ အခုပွဲမှာလည်း အကောင်းဆုံး စုဖွဲ့မှု၊ အကောင်းဆုံး ခြေစွမ်းနဲ့ပဲ မြင်တွေ့ရဖို့ သေချာသလောက် ရှိနေပါတယ်။ ကလော့ပ်ရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာဖို့ ရှိပြီး တိုက်စစ်မှာ ဆာဒီယို မာနေး၊ ဆာလာနဲ့ အတူ လူးဝစ် ဒီးရာ့ဇ် သို့မဟုတ် ဂျိုတာ ပါဝင်လာဖို့ ရှိပါတယ်။ ခံစစ်နဲ့ ကွင်းလယ် မှာတော့ ထုံးစံ အတိုင်း ဗန်ဒိုက်ခ်၊ ကိုနာတေး၊ အာနိုးလ်၊ ရော်ဘတ်ဆန်၊ ဖာဘင်ဟို၊ နာဘီကေတာ၊ ဟန်ဒါဆင် တို့ကိုပဲ မြင်တွေ့ရဖို့ ရှိနေပါတယ်။

လာလီဂါ
လီဗန်တေး
အက်စ်ပန်ညို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ပထမအကျော့ အိမ်ကွင်း ပွဲစဉ်မှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့တဲ့ အင်တာမီလန် အတွက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရေးက တော်တော်လေး ဝေဝါးနေခဲ့တယ် လို့ပဲ ဆိုရပါမယ်။ တခြား ပြိုင်ဘက်နဲ့ ဆိုရင် အခုထက် ပိုပြီး မျှော်လင့်နိုင်မှာ ဖြစ်ပေမယ့် လစ်ဗာပူးလ်လို အဘက်ဘက်က အကောင်းဆုံး ပုံစံရနေတဲ့ အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်လို့ ကျိန်းသေပေါက် ရုန်းကန်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်း အရ ဆိုရင်တော့ အင်တာမီလန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဆယ်လာနီတာနာကို ၅ ဂိုးပြတ် အနိုင်ယူပြီး ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်တလောမှာ အဓိက ကစားသမား အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ အင်တာမီလန်ကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရ ဆိုရင်တော့ မာတီနက်ဇ်၊ အီဒင် ဒီဂျက်ကို ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဂိုဆန်စ်၊ ချလနောဂလူ၊ ဘရိုဇိုဗစ်၊ ဗီဒယ်၊ ဒမ်ဖရီးစ်၊ ဘက်စတိုနီ၊ ဒီဗရစ်ဂျ်၊ ဆစ်ခရီနီရာ၊ ဟန်ဒန်နိုဗစ် တို့ ပွဲထွက်လာဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပထမအကျော့ အိမ်ကွင်း ပွဲစဉ်မှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့တဲ့ အင်တာမီလန် အတွက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရေးက တော်တော်လေး ဝေဝါးနေခဲ့တယ် လို့ပဲ ဆိုရပါမယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆယ်လာနီတာနာ ကို ၅ ဂိုးပြတ် အနိုင်ရထားတဲ့ အင်တာမီလန်

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်မှာ လစ်ဗာပူးလ်တို့ ၄ ကြိမ်အထိ အနိုင်ရခဲ့ပြီး အင်တာမီလန် ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ ပွဲစဉ် မှာလည်း လစ်ဗာပူးလ်တို့ ဖေမီနို၊ မက်တစ်ပ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ လစ်ဗာပူးလ် အတွက် ၁.၅၆ ဆ၊ သရေ အတွက် ၄.၁၀ ဆ၊ အင်တာမီလန် အတွက် ၅.၄၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရရော၊ အစဉ်အလာ အရပါ အင်တာမီလန်တို့ လစ်ဗာပူးလ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဆိုင်မွန် အင်ဇာဂီ အနေနဲ့ အသင်းကို မနည်း ပြန်လည် တည်ငြိမ်အောင် လုပ်နေရတဲ့ အချိန် ဖြစ်လို့ အန်ဖီးလ်မှာ လစ်ဗာပူးလ်ကို ခြေရည်တူ ယှဉ်ကစားဖို့ မလွယ်ပါဘူး။ လစ်ဗာပူးလ်တို့ လက်တလော ပုံစံကောင်း တစ်ခုကို ဆက်ထိန်းပြီး အနိုင်ရလဒ်နဲ့ အတူ နောက်တစ်ဆင့် တက်လှမ်းသွားပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုး တချို့တော့ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်