နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၄ ပွဲဆက် အနိုင်နဲ့ အတူ အဆင့် ၄ နေရာ ရောက်လာတဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဝက်ဖို့ဒ် ၂-၃ အာဆင်နယ်

စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ရဲ့ အစောပွဲ မှာတော့ အာဆင်နယ်တို့ ဝက်ဖို့ဒ်ကို ဗီကာရေ့ဂျ်ရုတ်ဒ်မှာ ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်တို့ ပွဲချိန် အတွင်း ခံစစ်ပိုင်း အမှားအယွင်း တချို့ ရှိခဲ့လို့ ဝက်ဖို့ဒ်ကို သွင်းဂိုး ၂ ဂိုး ပြန်ပေးခဲ့ရပေမယ့် ပွဲအပြီး မှာတော့ အနိုင် ၃ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဝက်ဖို့ဒ်တို့ လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ဝုဗ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ကို ဆက်လက် ယှဉ်ပြိုင် ကစားရဖို့ ရှိပြီး အာဆင်နယ် ကတော့ ၁၃ ရက်နေ့မှာ လက်စတာစီးတီးကို အန်းမရိတ်စ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ ဝက်ဖို့ဒ်

ဒီနေ့ပွဲမှာ အာတေးတားရဲ့ အသင်းကို ပုံမှန် ပွဲထွက်နေကျ လူစာရင်း၊ ကစားကွက်နဲ့ပဲ မြင်တွေ့ခဲ့ရပြီး တိုက်စစ်မှာ လာကာဇက်၊ တောင်ပံတွေမှာ မာတင်နယ်လီနဲ့ ဆာကာ၊ အလယ်မှာ အိုဒီဂတ်၊ ချာကာ၊ ပါတေး၊ နောက်တန်းမှာ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊ စီဒရစ်နဲ့ ဂိုး မှာတော့ ရမ်းစ်ဒေးလ်ပဲ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင် ဝက်ဖို့ဒ် ကတော့ ၄-၃-၃ အခင်းအကျင်းနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ ဒန်းနစ်၊ ချူချို ဟာနန်ဒက်ဇ်၊ ပက်ဒရို၊ ကလီဗာလေ၊ လိုဇာ၊ ဆစ်ဆိုခို၊ နောက်တန်း မှာတော့ ကာမာရာ၊ ဆမ်မီရာ၊ ကတ်သ်ကတ်၊ ကီကို၊ ဖော်စတာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲစကတည်းက ဧည့်သည် အာဆင်နယ်တို့ ဝက်ဖို့ဒ် ဘက်ကို ထုံးစံ အတိုင်း ချာကာ၊ ပါတေး အတွဲအဖက်နဲ့ အိုဒီဂတ်ရဲ့ ဖန်တီး ပေးပို့မှုတွေ ကနေ တိုက်စစ် စတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအစ ၁ မိနစ် မှာပဲ ဒန်းနစ်က ဝက်ဖို့ဒ် အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် လူကျွံနေခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၅ မိနစ် မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဆာကာရဲ့ ပေးပို့မှုကနေ မာတင် အိုဒီဂတ်က ပါးပါးနပ်နပ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ တိုမီယာဆု မပါနိုင်သေးတဲ့ အာဆင်နယ်ရဲ့ ညာအစွန် နောက်တန်းက တော်တော်လေး အားနည်းခဲ့သလို မာတင်နယ်လီနဲ့ တီယာနေးတို့ရဲ့ ဘယ်ခြမ်း ကလည်း ဝက်ဖို့ဒ် တောင်ပံ တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ ဒါကြောင့် အာဆင်နယ်တို့ ဦးဆောင်ဂိုး ရပြီး ၅ မိနစ် အကြာမှာတင်ပဲ ချေပဂိုး ပြန်ပေးခဲ့ရပြီး ကီကိုရဲ့ ကန်တင် ပေးပို့မှုကို ချူချို ဟာနန်ဒက်ဇ်က Over Head ကန်ချက်နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အာဆင်နယ် တို့ ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာခဲ့ပြီး မိနစ် ၃၀ မှာ ဒုတိယဂိုး ထပ်ရသွားခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ အသင်းခေါင်းဆောင် လာကာဇက်နဲ့ ဆာကာတို့ ဝမ်းတူး ရိုက်ပြီး လာကာဇက် နောက်ပေါက်နဲ့ ပြန်ချပေးလိုက်တဲ့ ဘောလုံးကို ဆာကာက အားပါတဲ့ ကန်ချက်နဲ့ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
SC ဖရိုင်းဘတ်
ဝုဖ်ဘတ်
1X2 သရေ @ 3.15
SC ဖရိုင်းဘတ် အာရှ ဟန်းဒီးကပ် -0.50 @ 2.21
ဂိုးပေါ် 2.75 @ 2.33
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်း မှာတော့ ရွိုင်းဟော့ဆန်ရဲ့ အသင်းက ချေပဂိုးရဖို့ သိသိသာသာ ကစားအား တင်လာခဲ့တာကြောင့် အာဆင်နယ် ခံစစ်က သတိထား ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၅၂ မိနစ်မှာ အာဆင်နယ် တို့ပဲ တတိယဂိုး ထပ်ရသွားခဲ့ပြီး တောင်ပံက စီဒရစ် ချိုးပေးတဲ့ ဘောလုံးကို လာကာဇက် ပြန်ချပေးရာ ကနေ မာတင်နယ်လီက အဝေးကန်ချက်နဲ့ပဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ၁-၃ ဖြစ်သွားပေမယ့် ဝက်ဖိုဒ်တို့ ကစားအား မချပဲ ချေပဂိုး ပြန်ရဖို့ တောက်လျောက် လိုက်ကစားခဲ့လို့ ၈၇ မိနစ် အရောက်မှာ ဆစ်ဆိုခို က အိမ်ရှင် အသင်းအတွက် ဒုတိယ ချေပဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ အာတေးတား အနေနဲ့ အိုဒီဂတ်ကို ထုတ်ပြီး ခံစစ်မှာ ဟိုးလ်ဒင်းနဲ့ အားဖြည့်ခဲ့လို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ၂-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အာဆင်နယ်တို့ ခြေစွမ်း အသာနဲ့ ကစားနိုင်ခဲ့တယ် ဆိုပေမယ့် ဝက်ဖို့ဒ်ရဲ့ ရုန်းအားကြောင့် ပရိသတ်တွေ အနေနဲ့ ပွဲပြီးခါနီး အထိကို ရင်ထိတ်ခဲ့ရတာ ဖြစ်ပါတယ်။ တိုမီယာဆု မပါနိုင်ရင် အာဆင်နယ်ရဲ့ ညနောက်တန်းက ရုန်းကန်နေရဆဲ ဆိုတာကို ထပ်မံ မြင်တွေ့ခဲ့ရတဲ့ပွဲ ဖြစ်ပါတယ်။ ဆာကာ၊ မာတင်နယ်လီ၊ အိုဒီဂတ် တို့လို လူငယ် ကစားသမားလေး ၃ ဦးရဲ့ ခြေစွမ်း အပြင် ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ လာကာဇက်ရဲ့ စွမ်းဆောင်ရည် ကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်။ ဝက်ဖို့ဒ် ကတော့ ဂိုးပြတ် ရှုံးနိမ့်နေချိန် မှာတောင် အာဆင်နယ်ရဲ့ အားနည်းချက်တွေကို ရှာပြီး အကောင်းဆုံး တုန့်ပြန် ကစားနိုင်ခဲ့ပေမယ့် ကစားသမား အင်အား မတောင့်တင်းမှုက အိမ်ကွင်း ရှုံးပွဲ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဝက်ဖို့ဒ်တို့ လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ဝုဗ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ကို ဆက်လက် ယှဉ်ပြိုင် ကစားရဖို့ ရှိပြီး အာဆင်နယ် ကတော့ ၁၃ ရက်နေ့မှာ လက်စတာစီးတီးကို အန်းမရိတ်စ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်