နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ဘန်လေကို အနိုင်ယူခဲ့တဲ့ ချဲလ်ဆီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘန်လေ ၀-၄ ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ချဲလ်ဆီးတို့ ဘန်လေကို ဒုတိယပိုင်းမှ ဂိုးတွေ ဆက်တိုက်သွင်းပြီး ၀-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၁၀ နှစ် အတွင်း ပထမဦးဆုံး အကြိမ် အဖြစ် ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပြီးမှ ၄ ဂိုးပြတ်ခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဘန်လေတို့ အရင်ပွဲတွေက လိုပဲ ၄-၄-၂ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ချဲလ်ဆီး ကလည်း ၃-၄-၂-၁ စိန်ပွင့်ပုံ ကစားကွက်နဲ့ပဲ ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဘန်လေရဲ့ တိုက်စစ်မှာ ဝက်ဂ်ဟော့စ်၊ ဂျေးရိုဒရီဂတ်ဇ် တို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ဝက်စ်ဝုဒ်၊ လန်နွန်၊ ဘရောင်းဟေးလ်၊ မက်နေးလ်၊ ကိုလင်းန်၊ တာကောစကီး၊ တေလာ၊ ရောဘတ်စ်နဲ့ နစ်ခ် ပုပ်တို့ ပါဝင်လာခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ကိုင်ဟာဗက်၊ ပူလီဆစ်ခ်၊ မေဆင်မောင့်တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်နဲ့ တောင်ပံတွေမှာ ဆာအူးလ် နီဂွက်ဇ်၊ ရိစ် ဂျိမ်းစ်၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ ခံစစ်မှာ ရူဒီဂါ၊ ဆေးလ်ဗား၊ ချာလိုဘာ့နဲ့ ဂိုးမှာတော့ မန်ဒီပဲ ပွဲထွက်လာခဲ့ပါတယ်။

လာလီဂါ
ဂီတာဖေး
ဗလင်စီယာ
1X2 ဂီတာဖေး @ 2.46
ဗလင်စီယာ ပထမပိုင်း အာရှ ဟန်းဒီးကပ် 0.00 @ 2.11
ဂိုးပေါင်း 0-1 @ 2.62
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမပိုင်းမှာ အိမ်ရှင်တို့ ခြေစွမ်းပိုင်း ပိုသာခဲ့ပြီး အခွင့်အရေးလည်း ပိုရခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ် အဆုံးသတ် အားနည်းခဲ့သလို သီယာဂို ဆေးလ်ဗား ဦးဆောင်တဲ့ တိုက်စစ်က အမှားနည်းခဲ့လို့ ဘန်လေတို့ ဦးဆောင်ဂိုးတွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ ချဲလ်ဆီးရဲ့ မထင်မှတ်ထားတဲ့ တိုက်စစ် ပုံစံကောင်း တစ်ခုကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ပွဲချိန် ၄၇ မိနစ် ကနေ ၆၉ မိနစ် အတွင်း ၄ ဂိုး ဆက်တိုက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အတွက် ဂိုးတွေ ကိုတော့ ပွဲချိန် ၄၇ မိနစ်မှာ ရိစ်ဂျိမ်းစ်၊ ၅၂ မိနစ်နဲ့ ၅၅ မိနစ်မှာ ကိုင်ဟာဗက်ဇ်နဲ့ ၆၉ မိနစ်မှာ ခရစ္စတီယန် ပူလီဆစ်ခ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန်တွေ မှာတော့ တူချယ် အနေနဲ့ လော့ဖ်တပ်ချိခ်၊ ကိုဗာချစ်၊ တီမိုဗာနာ တို့ ထည့်ပြီး ဘန်လေ ဘက်ကို ဆက်လက် ဖိအားပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မရခဲ့လို့ ၀-၄ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် ပြန်ရှုံးခဲ့တဲ့ ဘန်လေ ကတော့ ရမှတ် ၂၁ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဘန်လေ

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးရဖို့ ရုန်းကန်ခဲ့ရတဲ့ အပြင် ဘန်လေ တိုက်စစ် ကိုလည်း သတိထား ထိန်းချုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ ပွဲက အပြောင်းအလဲ ဖြစ်သွားခဲ့ပြီး ချဲလ်ဆီးတို့ ရိစ်ဂျိမ်းစ် ဘက်ခြမ်းကနေ တော်တော်လေး လှုပ်ခဲ့တဲ့ အပြင် ဘန်မီး မပါတဲ့ ဘန်လေ ခံစစ်က လုပ်အားနှုန်း ကျဆင်းသွားခဲ့တာကြောင့် ဒီလောက်အထိ ဂိုးပြတ် သွားခဲ့တာ ဖြစ်ပါတယ်။ ကိုင်ဟာဗက်ဇ် အနေနဲ့ တစ်ပွဲထက် တစ်ပွဲ ချဲလ်ဆီး တိုက်စစ်မှာ ပိုပြီး အသားကျလာခဲ့သလို အခုပွဲမှာ ၂ ဂိုး ထပ်သွင်းနိုင်ခဲ့တာကြောင့် တူချယ် လက်ထက်မှာ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ရိစ်ဂျိမ်းစ် ကတော့ ဒီရာသီ ဥရောပ ထိပ်တန်း လိဂ် ၅ ခုမှာ သွင်းဂိုးနဲ့ ဖန်တီးမှု နှစ်ခုလုံး ၅ ကြိမ်နဲ့ အထက် ရှိတဲ့ တစ်ဦးတည်းသော ခံစစ် ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီပွဲ ရလဒ်ကြောင့် ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာက မန်ချက်စတာယူနိုက်တက်ကို ၆ မှတ် အထိ ဖြတ်ပြီး အဆင့် ၃ နေရာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် ပြန်ရှုံးခဲ့တဲ့ ဘန်လေ ကတော့ ရမှတ် ၂၁ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် မတ်လ ၁၁ ရက်နေ့မှာ နော့ဝှစ်ချ်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ကို ဆက်လက် ယှဉ်ပြိုင် ကစားရဖို့ ရှိပြီး ဘန်လေ ကတော့ ၁၂ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်