နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ခြေစွမ်းပြပြီး ဆောက်သမ်တန်ကို ဂိုးမိုးရွာခဲ့တဲ့ ဗီလာ (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အက်စတွန်ဗီလာ ၄-၀ ဆောက်သမ်တန်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ မှာတော့ အက်စတွန်ဗီလာတို့ ဆောက်သမ်တန်ကို အိမ်ကွင်း ဗီလာပါ့ခ်မှာ တိုက်စစ် ခြေစွမ်းပြပြီး ၄-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ကြိုတင် ခန့်မှန်းထားခဲ့တဲ့ အတိုင်း အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး Final Third ကစားပုံ ပိုကောင်းခဲ့သလို တိုက်စစ် အဆုံးသတ် တိကျ သေချာခဲ့တဲ့ အက်စတွန်ဗီလာတို့ ဂိုးပြတ် နိုင်ပွဲ ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဂျရတ်ရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဒန်နီအင့်ဂ်၊ ကော်တင်ဟို၊ အိုလီဝက်ကင်န် ၃ ဦးလုံးကို သုံးခဲ့ပါတယ်။ ကွင်းလယ်မှာ အရင်ပွဲတွေကလိုပဲ မက်ဂင်း၊ ဒေါက်ဂလပ်စ် လူးဝစ်၊ ရမ်ဆေး တို့ပဲ ပါဝင်ခဲ့ပြီး ခံစစ် မှာတော့ မင်းဂ်၊ ချမ်ဘာစ် အတွဲနဲ့ အတူ အက်ရှ်လေယန်း၊ ကတ်ရှ် တို့ ပွဲထွက်လာခဲ့ပါတယ်။ ဆောက်သမ်တန် ကတော့ ၄-၄-၂ ကစားကွက်နဲ့ပဲ ဗီလာကို ရင်ဆိုင်သွားခဲ့ပြီး ပုံမှန် ပွဲထွက်နေကျ ဘရိုဟာ၊ ချေး အက်ဒမ်၊ ဝက်ဒ်ပရောက်စ်၊ ရိုမီယူ၊ ဘက်နာရက်ခ်၊ ပါရောက်ဒ်၊ အမ်းစတောင်း တို့ကိုပဲ ပွဲထွက်စေခဲ့ပါတယ်။

စီးရီးအေ
ဆမ်ဒိုးရီးယား
ဂျူဗင်တပ်စ်
1X2 သရေ @ 3.60
ဂိုးပေါ် 2.75 @ 2.00
ပထမပိုင်း ဂိုးအောက် 1.00 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲစခင်က ဆောက်သမ်တန်ရဲ့ လက်ရှိ ပုံစံကောင်း တစ်ခုကြောင့် အက်စတွန်ဗီလာတို့ ရုန်းကန်ရနိုင်တယ်လို့ အများစုက ကြိုတင်ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ ဆောက်သမ်တန်တို့ ဘောလုံး ကိုင်ထားနိုင်ရုံက လွဲရင် အက်စတွန်ဗီလာရဲ့ ထိရောက်တဲ့ တိုက်စစ် တွဲလုံးတွေကို ပွဲချိန်ပြည့် အာရုံစိုက် ထိန်းချုပ်ခဲ့ရပါတယ်။ ဗီလာ ကတော့ ဘရိုက်တန်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲက ကစားဟန် အတိုင်း ကွင်းလယ်နဲ့ တိုက်စစ် အတွဲအဖက် မိမိ ကစားသွားနိုင်ခဲ့ပြီး ကော်တင်ဟို၊ ဝက်ကင်န်၊ အင့်ဂ်တို့ တိုက်စစ်က ပွဲစကတည်းက စိန့်ရဲ့ ခံစစ်ကို အလုပ်ရှုပ်စေနိုင်ခဲ့ပါတယ်။ ဒါကြောင့် အိမ်ရှင်တို့ ပွဲချိန် ၉ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဒန်နီအင့်ဂ်ရဲ့ ဖန်တီးပေးမှု ကနေ အိုလီဝက်ကင်န်က ဂျက်စတီဖင်ကို လှည့်ထွက်ကာ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဆောင်သမ်တန်တို့ ကစားကွက် ပြန်လည် တည်ငြိမ်အောင် ကြိုးစားခဲ့ပေမယ့် ဦးဆောင်ဂိုး ထပ်ရသွားခဲ့တာ ကတော့ အက်စတွန်ဗီလာတို့ပဲ ဖြစ်ပါတယ်။ ပွဲချိန် ၄၄ မိနစ်မှာ ကော်လမ် ချမ်ဘာစ် အကွက်မြင်မြင် မတင်ပေးလိုက်တဲ့ ဘောလုံးကို ကော်တင်ဟို ပြန်ချပေးရာ ကနေ ဂိုးရှေ့မှာ အသင့် ရှိနေတဲ့ ဒေါက်ဂလပ်စ် လူးဝစ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ ရက်ဖ်ဟတ်ဆန်ဟတ်တဲလ် အနေနဲ့ တောင်ပံက အဲလ်ယွန်နူဆီကို ထုတ်ပြီး ဗယ်လာရီကို ထည့်ပြီး ဗျူဟာပိုင်း အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အတွဲအဖက် မိလွန်းနေတဲ့ အက်စတွန်ဗီလာ ကွင်းလယ်နဲ့ တိုက်စစ်ကို ဘယ်လိုမှ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိလို့ ၅၂ မိနစ်နဲ့ ၅၄ မိနစ် တို့မှာ ၂ ဂိုး ဆက်တိုက် ထပ်ပေးခဲ့ရပါတယ်။ ဒီဂိုးတွေ ကိုတော့ ကော်တင်ဟိုနဲ့ ဒန်နီအင့်ဂ် တို့က တိကျတဲ့ အဆုံးသတ် ကန်ချက်တွေနဲ့ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ဆောက်သမ်တန်တို့ တတ်နိုင်သမျှ ချေပဂိုးတွေ ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ဗီလာ တို့ အနိုင်ဂိုးတွေ ထိန်းသွားနိုင်ခဲ့လို့ ၄-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အကောင်းဆုံး ပုံစံ ရနေပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ဆောက်သမ်တန်ကို ဗီလာတို့ ဒီလောက်အထိ ပြတ်သားတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရမယ်လို့ကို မထင်ခဲ့ကြတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဆောက်သမ်တန်

အများစု ထင်မထားတဲ့ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ အကောင်းဆုံး ပုံစံ ရနေပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ဆောက်သမ်တန်ကို ဗီလာတို့ ဒီလောက်အထိ ပြတ်သားတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရမယ်လို့ကို မထင်ခဲ့ကြတာပါ။ တကယ်တမ်း ကစားတဲ့ အချိန်မှာ အက်စတွန်ဗီလာ ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းတွေကို မြင်တွေ့ခဲ့ရသလို အင့်ဂ်၊ ဝက်ကင်န်၊ ကော်တင်ဟို တိုက်စစ်မှူး ၃ ဦးလုံးကို ပွဲထွက်စေခဲ့တဲ့ ဂျရတ်ရဲ့ ဗျူဟာ မှန်ကန်လွန်းခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ဆောက်သမ်တန် ကတော့ ပြိုင်ဘက်ကို ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် Final Third မှာ အားနည်းခဲ့ပြီး ခံစစ် လျော့ရဲနေမှုကြောင့် ဂိုးပြတ် ရှုံးပွဲတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီး မှာတော့ အက်စတွန်ဗီလာတို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၁ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး ဆောက်သမ်တန် ကတော့ အဆင့် ၉ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အက်စတွန်ဗီလာတို့ လာမယ့် မတ်လ ၁၁ ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ကို ဆက်လက် ကစားရဖို့ ရှိပြီး ဆောက်သမ်တန် ကတော့ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်