နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး အဆင့် ၁၄ နေရာအထိ တက်လှမ်းနိုင်ခဲ့တဲ နယူးကာဆယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘရန့်ဖို့ဒ် ၀-၂ နယူးကာဆယ်

စနေနေ့ညရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ နယူးကာဆယ်တို့ ဘရန့်ဖို့ဒ်ကို ပွဲချိန် ၈၀ ကျော်လောက် ကစားသမား တစ်ယောက် အသာနဲ့ ကစားပြီး ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် နယူးကာဆယ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ရှုံးပွဲ ဆက်ခဲ့တဲ့ ဘရန့်ဖို့ဒ် ကတော့ အဆင့် ၁၅ နေရာကို ဆင်းပေးခဲ့ရပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ အိမ်ရှင် ဘရန့်ဖို့ဒ် ဘက်မှာ ဂျင်းန်ဗီရာ၊ ဖိုဆု တို့က လွဲလို့ အဓိက ကစားသမား တော်တော်များများနဲ့ လူပြန်စုံခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်က အိုင်ဗန် တိုနေးကို အရန်ခုံ ပို့ပြီး အမ်ဘူအမ်မို၊ ဝစ်ဆာ၊ ဒါဆေးလ်ဗား တို့ကို တွဲဖက် ပွဲထုတ်ခဲ့သလို ကွင်းလယ်နဲ့ ခံစစ် မှာတော့ နော့ဂတ်၊ ဂျန်ဆန်၊ ဂျနဲလ်တ်၊ ဟင်နရီ၊ ပင်နော့ခ်၊ ဂျန်ဆန်၊ အယား၊ ဂျန်ဆန်၊ ရာယာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နယူးကာဆယ် ဘက်မှာတော့ ကီရင်ထရစ်ပီယာ၊ ကော်လမ် ဝီလ်ဆင်၊ စိန့်မက်ဆီမင် တို့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ခရစ္စဝုဒ်၊ ဖရေဆာ၊ ရှဲလ်ဗီ၊ ဂျိုးလင်တန်၊ ဂျိုး ဝေးလ်လော့ခ်၊ ဘန်း၊ ရှား၊ တားဂတ် တို့ ပါဝင်လာခဲ့ပါတယ်။

လာလီဂါ
အလာဗတ်ဇ်
ဆီဗီလာ FC
ပထမပိုင်း 1X2 ဆီဗီလာ FC @ 2.68
အလာဗတ်ဇ် အာရှ ဟန်းဒီးကပ် +0.50 @ 2.02
ဂိုးပေါ် 2.25 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တိုက်စစ် အသားပေး ကစားတတ်တဲ့ အသင်းတွေ ဖြစ်လို့ ပွဲစကတည်းက လျင်လျင်မြန်မြန်နဲ့ အပြန်အလှန် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ပုံစံကောင်း ရနေတဲ့ နယူးကာဆယ် တို့ ဒီနေ့ပွဲမှာလည်း ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက် မိမိနဲ့ ကစားနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ် ကလည်း ကစားသမား တစ်ယောက် အထုတ်မခံရခင် အချိန် အထိတော့ ပြိုင်ဘက်ကို အကောင်းဆုံး ပြန်လည် တုန့်ပြန်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာ ဒါဆေးလ်ဗား အနေနဲ့ မာဖီကို ဝင်တာ ကြမ်းခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင် မိုက်ဒင်းန်က VAR ပြန်ကြည့်ပြီး အနီကတ်ပြ ထုတ်ပယ်ခဲ့လို့ ဘရန့်ဖို့ဒ်တို့ နစ်နာခဲ့ရပါတယ်။ တစ်ယောက်လျော့ သွားချိန်မှာတော့ နယူးကာဆယ်တို့ စိတ်ကြိုက် ဖြစ်ခဲ့ပြီး ဘရန့်ဖို့ဒ် ဂိုးပေါက်ကို တရစပ် ခြိမ်းခြောက်နိုင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ပွဲချိန် ၃၅ မိနစ်မှာ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပြီး ဖရေဆာရဲ့ ကန်တင်ပေးပို့မှု ကနေ ဂျိုးလင်တန်က အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာလည်း နယူးကာဆယ် တို့ပဲ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး သွင်းဂိုးတွေ ထပ်မံ ရှာဖွေနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ၄၄ မိနစ်မှာ တန်ပြန် တိုက်စစ် ကနေ နယူးကာဆယ်တို့ ဒုတိယဂိုး ရခဲ့ပြီး တန်ပြန် တိုက်စစ် ကနေ ဖေဘီယန်ရှား ခင်းပေးလိုက်တဲ့ ဘောလုံးကို အသင့်ပါလာတဲ့ ဂျိုးဝေးလ်လော့ခ်က ဂိုးသမား ရာယာရဲ့ အပေါ် ထောင့်ထဲကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ် အနေနဲ့ ခရစ္စတီယန် အဲရစ်ခ်ဆင်၊ အိုင်ဗန် တိုနေး၊ ကေးနော့စ် တို့ ထည့်သွင်းပြီး နယူးကာဆယ် ကွင်းလယ်ကို ယှဉ်ဖို့ ကြိုးစားခဲ့ပေမယ့် တစ်ယောက်လျော့ အနေအထား ဖြစ်လို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အက်ဒီဟောင်းရဲ့ အသင်း ကလည်း ဘရူနို ဂီမာရေးစ်၊ လက်ဆဲလက်စ်၊ အဲလ်မီရွန် တို့ လူစားဝင်လာခဲ့ပေမယ့် ဘရန့်ဖို့ဒ်ရဲ့ ခံစစ်က ကြံ့ကြံ့ခံ ကစားသွားခဲ့လို့ ၀-၂ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ ဘရန့်ဖို့ဒ် ကတော့ အဆင့် ၁၅ နေရာ အထိ ဆင်းခဲ့ရပြီး တန်းဆင်းဇုန် ဖိအား လည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာ အထိ ကျဆင်းသွားခဲ့တဲ့ ဘရန့်ဖို့ဒ်

ဒီနေ့ပွဲမှာ နယူးကာဆယ်တို့ ခြေစွမ်းပိုင်း ပိုသာခဲ့တယ် ဆိုပေမယ့် ပွဲချိန် ၁၁ မိနစ် ကျော်မှာ ဒါဆေးလ်ဗား အထုတ်ခံခဲ့ရတာက ပွဲအဖြေကို စောစောစီးစီး ထုတ်ပေးလိုက်သလို ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခု ဖြစ်ရပ်မှာ VAR ပြန်ကြည့်ပြီး အနီကတ် ပြသဖို့ ဆုံးဖြတ်ခဲ့တဲ့ မိုက်ဒင်းန်ရဲ့ ဆုံးဖြတ်ချက် အနည်းငယ် ပြင်းထန်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ အကယ်၍ ၁၁ ယောက် ၁၁ ယောက်ချင်း ကစားရမယ် ဆိုရင် ဘရန့်ဖို့ဒ် တို့ နယူးကာဆယ်ကို အခုလို လွယ်လွယ်ကူကူ အရှုံးပေးခဲ့ရမှာ မဟုတ်ပါဘူး။ နောက်ပြီး ပွဲချိန် မိနစ် ၈၀ နီးပါး တစ်ယောက် အသာနဲ့ ကစားခဲ့ရသလို ဂိုးပေါက် ကန်ချက် ၂၆၊ ဂိုးပေါက်တည့် ကန်ချက် ၁၀ ကြိမ် အထိ ရှိခဲ့ပေမယ့် သွင်းဂိုး ၂ ဂိုးပဲ ရခဲ့တာ ကတော့ အက်ဒီဟောင်း အတွက်တော့ စိတ်ပျက်စရာ ဖြစ်ပြီး ဘရန့်ဖို့ဒ် ခံစစ် ကစားပုံ ကိုတော့ မဖြစ်မနေ ချီးကျူးရပါမယ်။

နောက်ဆုံး ၇ ပွဲမှာ ရမှတ် ၁၅ မှတ်အထိ ရှာဖွေ နိုင်ခဲ့တဲ့ နယူးကာဆယ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပြီး တန်းဆင်းဇုန် နဲ့လည်း ၄ မှတ် ကွာဟနေခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ ဘရန့်ဖို့ဒ် ကတော့ အဆင့် ၁၅ နေရာ အထိ ဆင်းခဲ့ရပြီး တန်းဆင်းဇုန် ဖိအား လည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ယူးကာဆယ်တို့ လာမယ့် မတ်လ ၅ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီး ဘရန့်ဖို့ဒ် ကတော့ နော့ဝှစ်ချ်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်