နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆဲလ်တာဗီဂိုကို အနိုင်ယူပြီး အဆင့် ၄ နေရာ တက်ခဲ့တဲ့ အက်တလက်တီကို (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

အက်တလက်တီကို မက်ဒရစ် ၂-၀ ဆဲလ်တာဗီဂို

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲ ဝင်နေရတဲ့ အက်တလက်တီကို မက်ဒရစ် တို့ အခုတစ်ပတ် လာလီဂါ ပွဲစဉ် ၂၆ မှာလည်း ဆဲလ်တာဗီဂိုကို ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အက်တလက်တီကိုတို့ ခြေစွမ်း မကောင်းခဲပေမယ့် ကွန်ဒေါ့ဘီယာရဲ့ ဖန်တီးမှု ၂ ကြိမ်စလုံးကို ရီနန်လိုဒီ အသုံးချနိုင်ခဲ့လို့ အဖိုးတန် ၃ မှတ် ရခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အိမ်ရှင် အက်တလက်တီကို မက်ဒရစ်က ၃-၅-၂၊ ဆဲလ်တာဗီဂိုက ၄-၁-၃-၂ ကစားကွက် အခင်းအကျင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး အဓိက ကစားသမားတွေနဲ့ လူစုံခဲ့ကြပါတယ်။ အက်တလက်တီကို မက်ဒရစ် ဘက်မှာတော့ မားသီးယက်စ် ကွန်ဟာ၊ ကိုကီတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိလို့ အနည်းငယ် အားနည်းခဲ့ပြီး ပွဲထွက်လူစာရင်း မှာတော့ ကော်ရီယာ၊ ဖီးလစ် တိုက်စစ် အတွဲနဲ့ အတူ ယော်ရန်းတေး၊ ဟာရဲရား၊ ကွန်ဒေါ့ဘီယာ၊ လိုဒီ၊ ဗာဆယ်လစ်ဂျ်ကို၊ ဆာဗစ်၊ ဂျင်မီနက်ဇ်၊ ရိန်နီလ်ဒို၊ ယန် အိုဘလက်ခ်တို့ ပါဝင်လာခဲ့ပါတယ်။ ဆဲလ်တာဗီဂို ကတော့ ထုံးစံအတိုင်း အီယာဂို အက်စ်ပက်နဲ့ မီနာ ကို အထောင်ထားပြီး ကာဗီ၊ ဘဲလ်ထရန်၊ ဒန်းနစ် ဆွာရက်ဇ်၊ မယ်လို တို့ကို ပွဲထွက်စေခဲ့ပါတယ်။

ပွဲအပြီးမှာ အက်တလက်တီကို မက်ဒရစ်တို့ လာလီဂါ ၂ ပွဲဆက် အနိုင်နဲ့ အတူ အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ ဆဲလ်တာ ကတော့ အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဆဲလ်တာဗီဂို

အက်တလက်တီကို တို့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ဆဲလ်တာဗီဂိုရဲ့ ပွဲအစပိုင်း ကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ လွှမ်းမိုး ကစားခြင်း ခံရပါတယ်။ တန်ပြန် တိုက်စစ်၊ အမြင့်ဘော ပေးပို့မှုတွေ ကနေပဲ အပိုင်အခွင့်အရေး ရဖို့ ကြိုးပမ်းခဲ့ရပေမယ့် ဆီမြွန်နီရဲ့ ဗျူဟာက အလုပ်ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ ကွင်းလယ်က ကွန်ဒေါ့ဘီယာ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို လိုဒီ တစ်ချက်တားပြီး ဆဲလ်တာ နောက်ခံလူတွေ တားဆီးနေတဲ့ ကြားက ဂိုးသမားရဲ့ အနီးတိုင်ဘက် အခြမ်းကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ဧည့်သည်တို့ ချေပဂိုးရဖို့ ကစားအား တင်လာခဲ့ပေမယ့် တိုက်စစ်က အက်စ်ပတ်စ်နဲ့ မီနာကို တီကို နောက်တန်းက အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ မိနစ် ၆၀ အရောက် မှာတော့ ကွန်ဒေါ့ဘီယာနဲ့ လိုဒီရဲ့ တွဲဖက်မှု ကနေပဲ အက်တလက်တီကို တို့ပဲ ဒုတိယဂိုး ထပ်ရသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဂရစ်ဇ်မန်းရဲ့ ကန်ချက်ကို ဒီတူရို ကာကွယ်နိုင်ခဲ့သလို ဂလန်းရဲ့ ကန်ချက် ကိုလည်း အိုဘလက်ခ် ကာကွယ်နိုင်ခဲ့တာကြောင့် ၂-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပြီးခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အိုဆာဆူနာကို ဂိုးပြတ် အနိုင်ရထားခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်တို့ ရလဒ်ကောင်း တစ်ခုကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကိုလွှမ်းမိုး ကစားနိုင်ခြင်း မရှိခဲ့ပေမယ့် တိုက်စစ် ပုံဖော်တဲ့နေရာမှာ အားရစရာ ကောင်းခဲ့ပြီး ဆဲလ်တာဗီဂို ဂိုးသမားသာ မကာကွယ်နိုင်ခဲ့ရင် ဒီထက် ဂိုးပြတ်သွားနိုင်ပါတယ်။ ဆဲလ်တာ ကတော့ အက်တလက်တီကိုနဲ့ နောက်ပိုင်း တွေ့ဆုံချိန်တိုင်းလိုလို ဒုက္ခပေးတတ်တဲ့ အသင်းပီပီ ဒီတစ်ကြိမ်မှာလည်း အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့ပေမယ့် ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား မရှိခဲ့တာကြောင့် ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အက်တလက်တီကို မက်ဒရစ်တို့ လာလီဂါ ၂ ပွဲဆက် အနိုင်နဲ့ အတူ အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရတဲ့ ဆဲလ်တာ ကတော့ အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အက်တလက်တီကို မက်ဒရစ် အနေနဲ့ လာမယ့် မတ်လ ၇ ရက်နေ့မှာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးပါတဲ့ ပွဲစဉ် အဖြစ် ရီးရဲယ် ဘက်တစ်နဲ့ ကစားရဖို့ ရှိပြီး ဆဲလ်တာဗီဂို ကတော့ မာယော့ကာနဲ့ တွေ့ဆုံနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်