နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျဂိုးတွေနဲ့ ဝုဗ်ကို အသည်းခွဲခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၂-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရဲ့ ပွဲကျန် ပွဲစဉ် မှာတော့ အာဆင်နယ် တို့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဝုဗ်ကို ဦးဆောင်ဂိုး စောစောစီးစီး ပေးခဲ့ရပေမယ့် ပေပေရဲ့ နောက်ကျ ချေပဂိုးနဲ့ လာကာဇက်ရဲ့ အနိုင်ဂိုးတွေကြောင့် အာဆင်နယ်တို့ အိမ်ကွင်းမှာ အဖိုးတန် ၃ မှတ် အပြည့်ရခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အာဆင်နယ်တို့ ထုံးစံ အတိုင်း ၄-၂-၃-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ လာကာဇက်၊ တောင်ပံတွေမှာ ဆာကာနဲ့ မာတင်နယ်လီ၊ ကွင်းလယ်မှာ အိုဒီဂတ်၊ ချာကာ၊ ပါတေး၊ ခံစစ်မှာ တီယာနီ၊ စီဒရစ်၊ ဝှိုက်၊ ဂါဘရီရယ်နဲ့ ဂိုးမှာတော့ ရမ်းစ်ဒေးလ်ပဲ ပါဝင်လာခဲ့ပါတယ်။ ဝုဗ်ကလည်း ၃-၄-၃ ကစားကွက်နဲ့ ကိုမှ တိုက်စစ်မှာ ဂျင်မီနက်ဇ်၊ ဟီချန်ဟွမ်နဲ့ ပိုဒန့်စ်တို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်မှာ မော်တင်ဟို၊ ရူဘင်နီးဗက်စ်၊ နျူရီ၊ ဆီမီဒို၊ ကိုဒီ၊ ဆာအိစ်၊ ကေးလ်မန်း၊ ဆား တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဝုဗ် ကတော့ ၂၀၂၂ ခုနှစ် အတွင်း ဇန်နဝါရီလက စပြီး ပရီးမီးယားလိဂ် ၇ ပွဲ ကစားခဲ့ရာမျာ ၅ ပွဲနိုင်၊ ၂ ပွဲသာ ရှုံးနိမ့်ထားခဲ့ပေမယ့် အဲ့ဒီ ၂ ပွဲဟာ အာဆင်နယ်ကို အိမ်ကွင်း၊ အဝေးကွင်း ၂ ကျော့စလုံးမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ဒီနေ့ပွဲမှာ အာဆင်နယ် ခံစစ်နဲ့ ကွင်းလယ်က ကစားပုံ လျော့ရဲနေခဲ့ပြီး ပွဲအစပိုင်းမှာ အထနှေးနေခဲ့တာကြောင့် ဝုဗ်ရဲ့ စောစောစီးစီး ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပါတယ်။ ရမ်းစ်ဒေးလ် ဆီကို ဂါဘရီရယ် ဘောလုံး ပြန်ပေးတာကို အသင့်ပါလာတဲ့ ဟီချန်ဟွမ်က ကြားဖြတ်လုယူပြီး ဂိုးသမား မရှိတဲ့ ဂိုးပေါက်ထဲကို ထောင့်ဖြတ် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အာဆင်နယ်တို့ ပွဲကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ချာကာ၊ မာတင်နယ်လီ၊ လာကာဇက် တို့ ချိတ်ဆက် ကစားရာမှာ အားနည်းချက်တွေ ရှိခဲ့လို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဆာအိစ်၊ ကိုဒီနဲ့ ကေးလ်မန်းတို့ မာတင်နယ်လီနဲ့ ဆာကာတို့ရဲ့ တောင်ပံ နှစ်ဖက်လုံးကို မာမာထန်ထန် ဝင်ဖျက်ပြီး ထိန်းချုပ်ထားခဲ့လို့ အာဆင်နယ်တို့ တိုက်စစ် စတင်ဖို့တောင် ခက်ခဲခဲ့ရပါတယ်။ နောက်ပြီး နျူရီရဲ့ ဘယ်တောင်ပံကို စီဒရစ် အနေနဲ့ တော်တော်လေး သတိထား ထိန်းချုပ်ခဲ့ရပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ အာဆင်နယ်တို့ အချိတ်အဆက် ပိုမိုလာခဲ့ပြီး နီကိုလပ်စ် ပေပေနဲ့ အန်ကတ်တီယား ဝင်ရောက်လာချိန် မှာတော့ တိုက်စစ် ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။ ပွဲချိန် ၈၂ မိနစ် မှာတော့ အာဆင်နယ်တို့ ချေပဂိုး ရသွားခဲ့ပြီး အန်ကတ်တီးယား ပြန်ချိုးပေးတဲ့ ဘောလုံးကို ပေပေက တစ်ချက်လှည့်ပြီး ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး ရသွားတဲ့နောက် အာဆင်နယ်တို့ စိတ်ဓာတ်ပိုင်း ပိုမြင့်တက်သွားခဲ့ပြီး ဝုဗ် နောက်တန်းနဲ့ တရစပ် ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုတွေကြာင့် မိနစ် ၉၀ ပြည့်ချိန်အထိ သွင်းဂိုး မရပဲ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်ပို နောက်ဆုံး မိနစ် ရောက်ခါနီး မှာတော့ အာဆင်နယ်တို့ အနိုင်ဂိုး ရသွားခဲ့ အိုဒီဂတ်၊ ပေပေ၊ လာကာဇက်တို့ တွဲလုံးတွေ ကနေ လာကာဇက်က ဝုဗ်နောက်ခံလူတွေ လိုက်လံ တားဆီးနေတဲ့ ကြားက ဂိုးသမား ဂျိုဆေး ဆားကို ကျော်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင် ကတော့ ဂျိုဆေးဆား လက်နဲ့ထိပြီး ဝင်သွားခဲ့တာကြောင့် OG ပဲ သတ်မှတ်ပေးခဲ့ပါတယ်။

လာလီဂါ
ဘာစီလိုနာ
ဘီလ်ဘာအို
1X2 ဘီလ်ဘာအို @ 5.20
ဘာစီလိုနာ အာရှ ဟန်းဒီးကပ် -1.00 @ 2.11
ဂိုးပေါ် 2.50 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

မီခယ် အာတေးတားရဲ့ အသင်း အမှားတွေ များခဲ့တာ ကိုတော့ လက်ခံရပါလိမ့်မယ်။ ကွင်းလယ်က ပါတေးနဲ့ အိုဒီဂတ်တို့ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပေမယ့် ချာကာ ကတော့ တိုက်စစ်နဲ့ ချိတ်ဆက်ရာမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ စမစ်ရိုးဝ် နေရာမှာ ကစားခဲ့တဲ့ မာတင်နယ်လီ အားထုတ်မှု အပြည့်နဲ့ ကစားခဲ့ပေမယ့် ကေးလ်မန်းကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပြီး တိုမီယာဆုရဲ့ နေရာမှာ ကစားတဲ့ စီဒရစ်လည်း တစ်ဖက်က လူငယ် ကစားသမားလေး နူရီရဲ့ စိတ်ကြိုက်‌ ကျော်ဖြတ်မှုတွေ ခံခဲ့ရပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၂၆ ကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့် ကန်ချက် ၅ ကြိမ်သာ ရှိခဲ့တာ ကတော့ စိတ်ပျက်စရာပါပဲ။ ထပ်ပြောရရင် အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူနိုင်ဖို့ လိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် လာကာဇက် တိုက်ပွဲဝင်စိတ် ပြင်းထန်ပေမယ့် အရည်အချင်း အပိုင်း မှာတော့ အားရစရာ မရှိသေးပါဘူး။

ဘာပဲပြောပြော အာဆင်နယ်တို့ ဒီနှစ် ပရီးမီးယားလိဂ်မှာ ဝုဗ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် အဆင့် ၄ နေရာက ယူနိုက်တက် ထက် ၂ ပွဲ လျော့ ကစားပြီး ၁ မှတ်အကွာ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့်လည်း ပိုပြီး ရှင်သန်နေခဲ့ပါတယ်။ ဝုဗ် ကတော့ ၂၀၂၂ ခုနှစ် အတွင်း ဇန်နဝါရီလက စပြီး ပရီးမီးယားလိဂ်၇ ပွဲ ကစားခဲ့ရာမျာ ၅ ပွဲနိုင်၊ ၂ ပွဲသာ ရှုံးနိမ့်ထားခဲ့ပေမယ့် အဲ့ဒီ ၂ ပွဲဟာ အာဆင်နယ်ကို အိမ်ကွင်း၊ အဝေးကွင်း ၂ ကျော့စလုံးမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် မတ်လ ၂၆ ရက်နေ့မှာ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ဝုဗ် ကတော့ ၂၇ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ပွဲကျန် ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်