နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝက်ဖို့ဒ်ကို ဂိုးပြတ်သွင်းပြီး ရလဒ်ဆိုးတွေ အောက်က ရုန်းထနိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဝက်ဖို့ဒ် ၁ – ၄ ခရစ္စတယ်ပဲလေ့စ်

ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပျောက်ဆုံးနေတာ ကြာပြီ ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပွဲကျန် ပွဲစဉ်မှာ ဝက်ဖို့ဒ်ကို တိုက်စစ် ခြေစွမ်းပြပြီး ၁-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ရွိုင်းဟော့ဆန်ရဲ့ အသင်းရော ဗီအဲရာရဲ့ အသင်းပါ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကြပြီး ဧည့်သည် ခရစ္စတယ်ပဲလေ့စ်တို့ လူပိုစုံခဲ့ပါတယ်။ ဝက်ဖို့ဒ် ကတော့ အီတီဘို၊ အန်ကူလူ၊ ကွတ်ကာ တို့လို အမာခံ ကစားသမားတွေ ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် ဂျော်ရွှာကင်း၊ ဆား၊ ဒန်းနစ်၊ လိုဇာ၊ ဆစ်ဆိုခို၊ ကာမာရာ၊ ကီကို တို့နဲ့ အတတ်နိုင်ဆုံး အမာခံတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ရဲ့ တိုက်စစ်မှာ မက်တေးတား၊ အိုလစ်ဆီ၊ ဇာဟာတို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ကိုယာတေး၊ ဟူ့ဂျ်၊ ဂယ်လက်ဂါ၊ မစ်ချယ်၊ ဂီဟီ၊ အန်ဒါဆင်၊ နေသန်ကလိုင်း၊ ဘတ်လန်း တို့ ပါဝင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာ ပြန်ရှုံးခဲ့တာကြောင့် ဝက်ဖို့ဒ်တို့ အဆင့် ၁၉ နေရာ မှာပဲ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဝက်ဖို့ဒ်

ကစားသမား အင်အား ပိုပြီး တောင့်တင်းခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ဝက်ဖို့ဒ်ကို တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ပြီး ပွဲအစ ၁၅ မိနစ် မှာထဲက ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဝက်ဖို့ဒ် နောက်ခံလူတွေရဲ့ ပေါ့ဆမှုကနေ တိုက်စစ်မှူး မက်တေးတားက တစ်ကိုယ်တော် စွမ်းရည်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၃ မိနစ် အကြာမှာ ဆစ်ဆိုခိုက ခေါင်းတိုက်ပြီး ချေပဂိုး ပြန်ယူပေးခဲ့လို့ ၁-၁ ဖြစ်သွားခဲ့ပါတယ်။ အဲ့နောက် ပွဲက ပိုပြီး အပြန်အလှန် ရှိလာခဲ့လို့ ကြည့်ကောင်းခဲ့ပေမယ့် နှစ်သင်းလုံး အဆုံးသတ် အားနည်းမှုတွေကြောင့် သွင်ဂိုးတွေ မရပဲ ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၄၂ မိနစ် အရောက်မှာတော့ ခရစ္စတယ်ပဲလေ့စ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး မစ်ချယ်ရဲ့ ပေးပို့မှုကို ဂယ်လက်ဂါက ကန်ချက် ပြင်းပြင်းနဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒန်းနစ်ရဲ့ အပိုင် အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် အိမ်ရှင်တို့ နစ်နာခဲ့ရပြီး ဗီအဲရာရဲ့ အသင်း ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဝက်ဖို့ဒ်ရဲ့ အမှားကို ချောင်းပြီး ကစားခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲပြီးခါနီး ၅ မိနစ် အလို မှာတော့ ပဲလေ့စ်တို့ သွင်းဂိုး ၂ ဂိုး ထပ်ရခဲ့ပြီး ၂ ဂိုးစလုံးကို ဝီလ်ဖရိုင်း ဇာဟာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ရလဒ်တွေ တောက်လျောက် ဆိုးနေတဲ့ အသင်းတွေ ပီပီ ရုန်းအား ကောင်းကောင်းနဲ့ ကစားသွားခဲ့ပေမယ့် ဗီအဲရာရဲ့ အသင်း တိုက်စစ်က အဆုံးသတ် ပိုသေချာခဲ့လို့ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဒီရာသီ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ခဲ့တဲ့ ပွဲလို့လည်း ဆိုနိုင်ပြီး ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ နည်းပြကြီး ရွိုင်းဟော့ဆန် ကယ်တင်ဖို့ ကြိုးစားနေတဲ့ ဝက်ဖို့ဒ် ကတော့ တန်းဆင်းဇုန် ဖိအားတွေ အောက်က ရုန်းထွက်နိုင်ဖို့ အပြည့်အဝ အားစိုက်သွားခဲ့ပေမယ့် တိုက်စစ်က အဆုံးသတ် ညံ့လွန်းခဲ့သလို ခံစစ် အားနည်းချက်တွေကြောင့်လည်း ဂိုးပြတ် အရှုံးနဲ့ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာ ပြန်ရှုံးခဲ့တာကြောင့် ဝက်ဖို့ဒ်တို့ အဆင့် ၁၉ နေရာ မှာပဲ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

ဝက်ဖို့ဒ်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပထမအကျော့တုန်းက ဂိုးပြတ် အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး ပဲလေ့စ် ကတော့ ဘန်လေနဲ့ တန်းဆင်းဇုန် တိုက်ပွဲ ဆက်နွှဲရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်