နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်းမရိတ်စ် မှာလည်း အာဆင်နယ် ကိုပဲ အပြည့်အဝ ယုံကြည်ထားရမယ် | အာဆင်နယ် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရဲ့ ပွဲကျန် အဖြစ် အာဆင်နယ်တို့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို အိမ်ကွင်း အန်းမရိတ်စ်မှာ ဧည့်ခံကစားရဦးမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မိုလီနက်စ်ကွင်းမှာ ပူပူနွေးနွေး တွေ့ဆုံ ကစားထားခဲ့ပြီး အာဆင်နယ်တို့ ၁-၀ ရလဒ်နဲ့ ဝုဗ်ကို အနိုင်ရထားခဲ့ပါတယ်။ နှစ်သင်းလုံးရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်နေတာကြောင့်လည်း ဒီတစ်ကြိမ် တွေ့ဆုံမှု ကလည်း ကျိန်းသေပေါက် အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။

အာဆင်နယ်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လလုံး နိုင်ပွဲ ပျောက်ဆုံးခဲ့သမျှ ဖေဖော်ဝါရီလ မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပြန်လည် ရှာဖွေထားနိုင်ခဲ့ပါတယ်။ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်ကို ၀-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ပြီးခဲ့တဲ့ ပွဲမှာလည်း လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဆာကာ၊ စမစ်ရိုးဝ်ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဘရန့်ဖို့ဒ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် အိုဝင် သုံးသပ်သလိုပဲ အာဆင်နယ်ဟာ ပွဲတိုင်းလိုလို သွင်းဂိုး အများကြီး မရတတ်ပေမယ့် ပြိုင်ဘက်ရဲ့ ဂိုးပေါက် ကိုတော့ အကောင်းဆုံး ခြိမ်းခြောက်နိုင်စွမ်း ရှိလာတာ တွေ့ရပါတယ်။ ဒါ့အပြင် သောမက်စ် ပါတေးနဲ့ ချာကာတို့ အတွဲအဖက် ညီညီ ကစားနိုင်မှုကြောင့် ခံစစ်နဲ့ တိုက်စစ် ချိတ်ဆက်မှု အပိုင်းမှာ တိုးတက်လာပြီး အိုဒီဂတ်ရဲ့ ဖန်တီးမှုတွေကြောင့် ဆာကာနဲ့ စမစ်ရိုးဝ် တို့လည်း ဂိုးတွေ သွင်းနိုင်နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အာဆင်နယ်ရဲ့ အိမ်ကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်မှာ ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အချက်အလက်တွေအရ ဆိုရင် အာဆင်နယ်ဟာ မန်စီးတီးနဲ့ လစ်ဗာပူးလ်တို့ ပြီးရင် ပရီးမီးယားလိဂ် ရဲ့ အိမ်ကွင်း စွမ်းဆောင်ရည် အကောင်းဆုံး အသင်းလည်း ဖြစ်ပါတယ်။ အခုပွဲ ခံစစ်မှာ တိုမီယာဆု ပြန်လည် ပါဝင်လာနိုင်ဖို့ ရှိလို့ အာတေးတားရဲ့ အသင်းကို အတောင့်တင်းဆုံး လူစာရင်းနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
‌ဟော့ဖန်ဟိမ်း
စတုဂတ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဝုဗ် ကလည်း အာဆင်နယ်လိုပဲ ပရီးမီးယားလိဂ် မှာ ပုံစံကောင်း တစ်ခု ပြန်ရနေတဲ့ အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ တော့တင်ဟမ်ဟော့စပါးနဲ့ လက်စတာစီးတီး တို့လို အသင်းတွေကို အနိုင်ရထားတာကို ကြည့်ခြင်းအားဖြင့် ဘရူနိုလာ့ချ်ရဲ့ အသင်း ဘယ်လောက်အထိ ခြေစွမ်း ထက်မြတ်နေတယ် ဆိုတာ သိနိုင်ပါတယ်။ ဝုဗ်ဟာ ဒီရာသီမှာ တစ်ဦးချင်း ခြေစွမ်းထက် အသင်းလိုက် ကစားပုံမှာ တော်တော်လေး ကောင်းမွန်နေပြီး ကွင်းလယ်က ရူဘင်နီးဗက်စ်၊ ဒန်ဒွန်ကာ တို့ရဲ့ ဖန်တီးမှုတွေ အပြင် တိုက်စစ်က ဂျင်မီနက်ဇ်၊ ပို့ဒန့်စ် တို့လည်း ခြေစွမ်းပြနေလို့ ရလဒ်တွေ တောက်လျောက် ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရူနိုလာ့ချ်ရဲ့ အသင်းဟာ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည် အားရစရာ ကောင်းနေခဲ့ပြီး အိမ်ကွင်း ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၃ ပွဲသာ ရှိထားခဲ့ပြီး ၇ ပွဲနိုင်၊ ၂ ပွဲ သရေကျထားခဲ့ပါတယ်။ သတင်းတွေ အရ ဆိုရင် အခုပွဲမှာ ဝုဗ်တို့ ဘိုလီနဲ့ ဆာကစ် တို့က လွဲလို့ ကျန်အဓိက ကစားသမားတွေ အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဝုဗ် ကလည်း အာဆင်နယ်လိုပဲ ပရီးမီးယားလိဂ် မှာ ပုံစံကောင်း တစ်ခု ပြန်ရနေတဲ့ အသင်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

နောက်ဆုံး တွေ့ဆုံ ကစားခဲ့တဲ့ ၁၁ ကြိမ်မှာ အာဆင်နယ်တို့ ၅ ကြိမ် အနိုင်ရခဲ့ပြီး ဝုဗ်က ၃ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ၃ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပြီး နောက်ဆုံး ၅ ပွဲ မှာတော့ တစ်သင်းကို ၂ ပွဲစီ အနိုင်ရထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းက ဝုဗ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု မှာတော့ အာဆင်နယ်တို့ ဂါဘရီရယ်ရဲ့ တစ်လုံးတည်သော သွင်းဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ အာဆင်နယ် အတွက် ၁.၆၅ ဆ၊ သရေ အတွက် ၃.၆၅ ဆ၊ ဝုဗ် အတွက် ၅.၄၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ အာဆင်နယ်တို့ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် ၁၁ ပွဲမှာ ၁၀ ပွဲ ရှုံးပွဲ မရှိခဲ့ပဲ ဝုဗ် ကတော့ အဝေးကွင်း ၄ ပွဲဆက် အနိုင်ရထားခဲ့လို့ ဒီတစ်ကြိမ် တွေ့ဆုံမှု ကလည်း တော်တော်လေး အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။ သရေ ရလဒ်ဟာ အမျှတဆုံး ရလဒ် ဖြစ်ပေမယ့် တစ်ပွဲထက် တစ်ပွဲ Final Third ကစားပုံ ပိုကောင်းလာတဲ့ အာဆင်နယ်ကို အနည်းငယ် ပိုပြီး သဘောကျနေပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့ ရှိလာနိုင်ပြီး အာဆင်နယ်တို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားဖို့ များပါတယ်

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်