နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သွင်းဂိုး အနည်းနဲ့ သရေပွဲက အသင့်လျော်ဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ် | လာဇီယို – ပေါ်တို (ယူရိုပါလိဂ် ပွဲကြိုသုံးသပ်ချက်)

လာဇီယို – ပေါ်တို

လာဇီယိုနဲ့ ပေါ်တို တို့ရဲ့ ယူရိုပါလိဂ် Play-Off ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ် ကလည်း စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ပထမအကျော့ တုန်းက ပေါ်တူဂီမြေမှာ ပေါ်တိုတို့ ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပေမယ့် နောက်တစ်ဆင့် တက်ရေး အတွက် မသေချာသေးသလို လာဇီယို ကလည်း မျှော်လင့်ချက် ရှိနေဆဲ ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ကစားကြရဦးမှာ သေချာပါတယ်။

လာဇီယို ကတော့ ယူရိုပါလိဂ် အုပ်စု E ကနေ ဂါလာတာစာရေးရဲ့ အနောက် အုပ်စု ဒုတိယ အဖြစ်နဲ့ ရှုံးထွက် တက်လာခဲ့တာ ဖြစ်ပါတယ်။ ရှုံးထွက် ပထမအကျော့ ပွဲစဉ် မှာတော့ ဇာကာနီရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၂-၁ ရလဒ်နဲ့ ပြန်လည် ရှုံးနိမ့်ခဲ့လို့ အီတလီ ကလပ် အနေနဲ့ အခုလာမယ့် ဒုတိယအကျော့ ပွဲစဉ်ကို မဖြစ်မနေ အားစိုက်ရတော့မှာ ဖြစ်ပါတယ်။ ဆာရီရဲ့ အသင်းက ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် လက်ရှိ အချိန်ထိ ခြေစွမ်း တည်ငြိမ်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပြီး ပြိုင်ပွဲစုံ အရပ်ရပ်မှာ နိုင်တစ်ခါ ရှုံးတစ်လှည့် ဖြစ်နေတာ တွေ့ရပါတယ်။ နောက်ဆုံး ကစားထားတဲ့ ၅ ပွဲမှာ ဖီအိုရင်တီးနားနဲ့ ဘိုလော့ဂ်နာ တို့ကို အနိုင်ရထားပေမယ့် အေစီမီလန်ကို ၄-၀၊ ပေါ်တိုကို ၂-၁ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားသလို ပြီးခဲ့တဲ့ ပွဲမှာတော့ အူးဒီးနီးစ်ရဲ့ သရေကျထားခဲ့ပါတယ်။ ဒါပေမယ့် လာဇီယိုတို့ ဒီရာသီ ပြိုင်ပွဲစုံ အရပ်ရပ်မှာ အိမ်ကွင်း ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး နောက်ဆုံး ၇ ပွဲဆက် အိုလံပီကိုကွင်းမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ အခုပွဲ လာဇီယို ဘက်မှာ အကာဘီ၊ လက်ဇာရီနဲ့ အက်ပါအက်ပရို တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ကိုင်ရို အင်မိုဘီလီနဲ့ ပက်ဒရို တို့ကလည်း ပွဲထွက်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဇက်ကာရီ ကတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

လာလီဂါ
လီဗန်တေး
အယ်လ်ချီ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ချန်ပီယံလိဂ် ကနေ ယူရိုပါလိဂ် ကို ဆင်းလာတဲ့ ပေါ်တို ကတော့ ပထမအကျော့ ရလဒ်ကြောင့် အနည်းငယ် အားသာချက် ရှိနေပေမယ့် နောက်တစ်ဆင့်တက်ရေး အတွက် ပေါ့ဆလို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံ အရပ်ရပ်မှာ ရှုံးပွဲ ၄ ပွဲသာ ရှိထားတဲ့ ပေါ်တိုတဲ့ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲ မှာလည်း ရှုံးပွဲ မရှိသေးပဲ အမှတ်ပေးဇယားကို ၆ မှတ်ဖြတ် ဦးဆောင်ထားနိုင်လို့ ယူရိုပါလိဂ် ကို အပြည့်အဝ အာရုံစိုက်နိုင်နေတယ်လို့လည်း ပြောလို့ ရပါတယ်။ ပထမအကျော့ မှာတုန်းက ဦးဆောင်ဂိုး စောစာစီးစီး ခွင့်ပြုပေးခဲ့ရပေမယ့် ချေပဂိုးရော အနိုင်ဂိုးပါ ပြန်လည် ရှာဖွေထားနိုင်တာကြောင့် ဒီပွဲမှာ ပေါ်တိုတို့ သရေ ကစားနိုင်ရုံနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒဏ်ရာပြသနာ ကင်းရှင်းနေပြီး အဓိက ကစားသမား အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေတာ ကလည်း ပေါ်တို အတွက် အားသာချက် တစ်ခု ဖြစ်လာနိုင်ပါတယ်။ အခုပွဲ ပေါ်တိုရဲ့ လူစာရင်း မှာတော့ မာတီနက်ဇ်၊ ဗီယာရာ၊ ဗိုက်တင်ဟာ၊ အော့တာဗီယို၊ အကီနို၊ မာရီယို၊ ပေပေ၊ ဆာနူဆီ တို့ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်း ကတော့ ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ၃ ကြိမ် တွေ့ဆုံထားခဲ့ပြီး ခြေစွမ်းပွဲမှာတော့ ၁ ကြိမ် တွေ့ဆုံခဲ့ဘူးပါတယ်။ စုစုပေါင်း ၄ ကြိမ်မှာ ပေါ်တို့တို့ ၃ ကြိမ် အထိ အနိုင်ရထားခဲ့ပြီး လာဇီယို ကတော့ အိုလံပီကိုကွင်း မှာတောင် အမြင့်ဆုံး သရေပဲ ကစားနိုင်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ လာဇီယို အတွက် ၂.၂၂ဆ၊ သရေ အတွက် ၃.၂၅ ဆ၊ ပေါ်တို အတွက် ၃.၁၀ ဆ ကြေးဖွင့်ထားပါတယ်။ အစဉ်အလာအရ ဆိုရင် ပေါ်တိုဟာ ပထမအကျော့ ပွဲစဉ်မှာ အနိုင်ရပြီးတိုင်း ဒုတိယအကျော့မှာ ရလဒ်ပိုင်းအရ ထိန်းကစားတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ပထမအကျော့ အိမ်ကွင်းမှာ ကစားခွင့်ရခဲ့တဲ့ ဥရောပအဆင့် ပြိုင်ပွဲ ရှုံးထွက် ပွဲစဉ် ၄၃ ကြိမ်မှာ ၃၅ ကြိမ် အထိကို နောက်တစ်ဆင့် တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လာဇီယိုရဲ့ အဓိက ကစားသမား အများစု ဒဏ်ရာပြသနာ ရှိနေတဲ့ အခြေအနေကြောင့်လည်း ပေါ်တိုတို့ အီတလီမြေမှာ သိပ်ပြီး ခက်ခဲမှု မရှိနိုင်လောက်ပါဘူး။ ဒီပွဲမှာတော့ သရေရလဒ်ကိုပဲ အရဲစွန့် ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်