နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇီယက်ချ်ရဲ့ နောက်ကျဂိုးနဲ့ ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ခရစ္စတယ်ပဲလေ့စ် ၀ – ၁ ချဲလ်ဆီး

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ချဲလ်ဆီးတို့ လန်ဒန် မြို့ခံ ပြိုင်ဘက်ကို ခက်ခက်ခဲခဲ ကစားပြီးမှာ ဇီယက်ချ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးတို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ခရစ္စတယ်ပဲလေ့စ်ကို နေရာစုံမှာ အသာရခဲ့ပေမယ့် တိုက်စစ် အဆုံးသတ် အားနည်းချက်တွေကြောင့် ၀-၁ ရလဒ်နဲ့ပဲ ကပ်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ သောမက်စ် တူချယ်ရဲ့ အသင်းက ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ လူကာကူ၊ ဇီယက်ချ်နဲ့ ကိုင်ဟာဗက်ဇ် တို့ကို တွဲဖက်စေခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ဂျော်ဂျင်ဟို၊ ကန်တေ၊ ပူလီဆစ်ခ်၊ ဆား၊ ရူဒီဂါ၊ ဆေးလ်ဗား၊ ခရစ္စတန်ဆန်၊ မန်ဒီ တို့ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင် ခရစ္စတယ်ပဲလေ့စ် ကတော့ ၄-၂-၃-၁ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ဇာဟာ၊ အာယူး၊ အိုလစ်ဆီ၊ ကိုယာတေး၊ မစ်ချယ်၊ ဂူဟီ၊ ကလိုင်း၊ ဂွိုက်တာ တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အက်တလက်တီကို
မန်ချက်စတာ ယူနိုက်တက်
ပထမပိုင်း 1X2 မန်ချက်စတာ ယူနိုက်တက် @ 3.85
အက်တလက်တီကို အာရှ ဟန်းဒီးကပ် -0.25 @ 2.03
ဂိုးပေါ် 2.25 @ 2.01
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီးရဲ့ ပထမပိုင်း ကစားပုံဟာ စိတ်ပျက်စရာ ကောင်းခဲ့ပြီး အဓိက လူကာကူ ဦးဆောင်တဲ့ တိုက်စစ်က သေနေခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ကြိုတင် ရည်ရွယ်ခဲ့တဲ့ အတိုင်း ကစားသွားခဲ့ပြီး ချဲလ်ဆီး ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီး ဘက်က ရူဒီဂါရဲ့ ကန်ချက် တော်တော်လေး ကောင်းမွန်ခဲ့ပေမယ့် ဂွိုက်တာ ရဲ့ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရသလို အိုလစ်ဆီ၊ ဇာဟာတို့ရဲ့ ကန်ချက်တွေ ဂိုးတိုင်ဘေး ကနေ ကပ်ထွက်သွားခဲ့တာကြောင့်လည်း အိမ်ရှင်တို့ ဦးဆောင်ဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။

တူချယ် အနေနဲ့ ဒုတိယပိုင်းမှာ လော့ဖ်တပ်ချိခ်၊ ကိုဗာချစ်၊ မားကို့စ် အလွန်ဆိုတို့ ထည့်သွင်းခဲ့ပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် ပဲလေ့စ် နောက်တန်းရဲ့ အမှားအယွင်း မရှိခဲ့တဲ့ အပြင် လူကာကူ ကလည်း လူပိုကြီး ဖြစ်နေလို့ ချဲလ်ဆီးတို့ လိုအပ်နေတဲ့ သွင်းဂိုးတွေ မရပဲ ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ် မှာ ဟာကင်မ် ဇီယက်ချ်က ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့ အချိန်မှာ လူကျွံနေခဲ့လို့ ချဲလ်ဆီးတို့ ကံဆိုးခဲ့ရပါတယ်။ အဲ့နောက် ပွဲပြီးခါနီးမှာ ချဲလ်ဆီးတို့ လိုအပ်နေတဲ့ ဂိုးရသွားခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ ဇီယက်ချ်က အလွန်ဆိုရဲ့ ကန်တင်ပေးပို့မှုကို ချိန်သားကိုက် ဝင်ရောက် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ပဲလေ့စ်တို့ ချေပဂိုး ပြန်ရဖို့ နီးစပ်ခဲ့သေးပေမယ့်လည်း ဇာဟာရဲ့ ကန်ချက် ဂိုးတိုင်ဘေးက ထွက်သွားခဲ့လို့ ၀-၁ ရလဒ်နဲ့ပဲ ချဲလ်ဆီး တို့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပဲလေ့စ် ကတော့ ချဲလ်ဆီးနဲ့ တွေ့ဆုံချိန်တိုင်းမှာ ရလဒ်မကောင်းတတ်တဲ့ အစဉ်အလာဆိုး တစ်ခုကို ဆက်ထိန်းခဲ့ရပြီး ချဲလ်ဆီးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲဆက် အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်

ချဲလ်ဆီး အတွက် ခက်ခဲတဲ့ ပရီးမီးယားလိဂ် ရက်သတ္တပတ် ဖြစ်ခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။ ထူးထူးခြားခြား ပြောစရာ ရှိခဲ့တာ ကတော့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူရဲ့ ခြေစွမ်း ဖြစ်ပြီး ဘယ်ဂျီယံ တိုက်စစ်မှူး အနေနဲ့ ပထမပိုင်း တစ်ပိုင်းလုံး ဘောလုံး ထိချက် ၂ ကြိမ်သာ ရှိခဲ့ပြီး တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆိုရင် ထိချက် ၇ ကြိမ်၊ ပေးပို့မှု ၄ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါ့အပြင် ရင်ဆိုင်လုယူမှု ၄ ကြိမ်စလုံး အသာမရခဲ့သလို ဘောလုံး ဆုံးရှုံးမှု ၂ ကြိမ် ရှိခဲ့ပါတယ်။ ပွဲအပြီးမှာ လူကာကူရဲ့ ခြေစွမ်းကို ပရိသတ်တွေ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့ကြပြီး အရန်ခုံ ပြန်ရောက်ဖွယ် ရှိနေတယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ပဲလေ့စ် ကတော့ ချဲလ်ဆီးနဲ့ တွေ့ဆုံချိန်တိုင်းမှာ ရလဒ်မကောင်းတတ်တဲ့ အစဉ်အလာဆိုး တစ်ခုကို ဆက်ထိန်းခဲ့ရပြီး ချဲလ်ဆီးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲဆက် အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ခရစ္စတယ်ပဲလေ့စ်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဝက်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ချဲလ်ဆီး ကတော့ ၂၃ ရက်နေ့မှာ လိုင်လီနဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်