နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကျိုးအမြတ် အတွက် ဆိုရင် အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားစေချင်တယ် | ဝက်စ်ဟမ်း – နယူးကာဆယ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝက်စ်ဟမ်း – နယူးကာဆယ်

အခုတစ်ပတ် စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ ကတော့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲနဲ့ စတင်ဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်း အတွက် ကစားသမားသစ်တွေနဲ့ အတူ နိုင်ပွဲတွေ ဆက်နေတဲ့ နယူးကာဆယ် ဟာ မထင်မှတ်ပဲ ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာဖို့ ရှိနေသလို ထိပ်တိုက်တွေ့ဆုံချိန်တိုင်း အကြိတ်အနယ် ကစားတတ်တဲ့ အသင်းတွေ ဖြစ်နေတာကြောင့်လည်း စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းရဲ့ အခြေအနေက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နေပေမယ့် ခြေစွမ်း ကတော့ တည်ငြိမ်ခြင်း မရှိပါဘူး။ ရာသီ အစမှာ အရှိန်ကောင်းခဲ့သမျှ ရာသီ တစ်ဝက်ကျိုးချိန်မှာ အနည်းငယ် ပြန်ကျလာပြီး ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ဝက်ဖို့ဒ် တစ်သင်းတည်းကို အနိုင်ရရှိထားခြင်းနဲ့ အတူ အဆင့် ၄ နေရာကိုလည်း ဖယ်ပေးထားရပါတယ်။ ပိုဆိုးတာက ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပြိုင် ဖြစ်နေတဲ့ အဓိက ပြိုင်ဘက် အသင်း တချို့ထက် ပွဲပို ကစားထားပြီး ရမှတ် ကလည်း သိပ်ပြီး မကွာတာ ဖြစ်ပါတယ်။ ဆိုလိုတာက ဝက်စ်ဟမ်းတို့ လက်ကျန် ပွဲစဉ်တွေမှာ တတ်နိုင်သမျှ အမှားမလုပ်ဖို့ အရေးကြီးသလို ပြိုင်ဘက် အသင်းတွေရဲ့ အမှားကိုလည်း စောင့်ရတော့မှာ ဖြစ်ပါတယ်။ ခံစစ်က တစ်ဦးချင်း အမှားတွေ ကျူးလွန်နေပေမယ့် အခုပွဲမှာ ကတ်ဇူမား ပြန်ပါလာနိုင်ဖွယ် ရှိနေလို့ ဒေးဗစ်မွိုက်စ် အတွက်တော့ အနည်းငယ် စိတ်အေးရဖို့ ရှိနေပါတယ်။ မာဆူအာကူ၊ အော့ဂ်ဘွန်နာ တို့ကတော့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပြီး အန်တိုနီယို၊ လန်ဇီနီ၊ ဘန်ရားမား၊ ဘိုဝင်၊ ဒီကလန်ရိုက်စ်၊ ဆိုချက်ခ်၊ ဆိုဖယ်၊ ဒေါ်ဆန်၊ ဇူမား၊ ခရက်စ်ဝဲလ်နဲ့ ဖေဘီယန်စကီး တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ လိဒ်စ်ယူနိုက်တက်၊ အဲဗာတန်၊ အက်စတွန်ဗီလာ တို့ကို အနိုင်ရထားတဲ့ နယူးကာဆယ်ရဲ့ ခြေစွမ်းက လုံးဝကို လျှော့တွက်လို့ မရတော့ပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာ ရောက်ရှိနေတဲ့ နယူးကာဆယ်

နယူးကာဆယ် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရရှိခဲ့ခြင်းနဲ့ အတူ တန်းဆင်းဇုန်ထဲ ကလည်း ရုန်းထွက်ထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်နိုင်ခဲ့တဲ့ နယူးကာဆယ်တို့ ခြေစွမ်းပိုင်းလည်း သိသိသာသာ တိုးတက်လာခဲ့ပြီး ရလဒ်ပိုင်း ကလည်း အပေါင်းလက္ခဏာ ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ လိဒ်စ်ယူနိုက်တက်၊ အဲဗာတန်၊ အက်စတွန်ဗီလာ တို့ကို အနိုင်ရထားတဲ့ နယူးကာဆယ်ရဲ့ ခြေစွမ်းက လုံးဝကို လျှော့တွက်လို့ မရတော့ပါဘူး။ ခံစစ်၊ တိုက်စစ် မျှတနေမှုနဲ့ အတူ ပြိုင်ဘက်တိုင်းကို ခက်ခဲစေနိုင်တဲ့ ကစားသမား စုဖွဲ့မှုလည်း ရှိနေလို့ အိမ်ရှင် ဝက်စ်ဟမ်း အတွက်တော့ မလွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်နေဦးမှာ သေချာပါတယ်။ တစ်ချက် ရှိတာက ပြီးခဲ့တဲ့ နှစ်ပွဲဆက် အလွတ်တည်ကန်ဘော ကနေ ဂိုးတွေ သွင်းပေးပြီး ညာခြမ်း တစ်လျှောက် အကောင်းဆုံး ကစားပေးနေတဲ့ ကီရင် ထရစ်ပီယာ ဒဏ်ရာကြောင့် အနည်းဆုံး ၁ လနီးပါး အနားယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီအချက်က အက်ဒီဟောင်း အတွက်တော့ ခေါင်းကိုက်စရာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်၊ မန်ကွီလို၊ ကော်လမ်ဝီလ်ဆင်၊ ရစ်ချီ၊ ကလက်ခ်၊ ဟေဒန်၊ ဂျမဲလ်လီဝစ် တို့ အားလုံး ဒဏ်ရာရနေလို့ အခုပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ စိန့်မက်ဆီမင်၊ ခရစ္စဝုဒ်၊ ဂျိုးလင်တန်၊ တားဂတ်၊ ရှဲလ်ဗီ၊ ဝေးလ်လော့ခ်၊ ဖရေဆာ၊ ဘန်း၊ လက်ဆဲလက်စ်၊ ရှားနဲ့ ဒူဗရက်ဗ်ကာ တို့ကိုတော့ ပွဲထွက် လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၂၀ မှာ နယူးကာဆယ်က ၁၁ ကြိမ် အနိုင်ရပြီး ဝက်စ်ဟမ်းက ၆ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ် မှာတော့ နယူးကာဆယ်တို့ ၃ ကြိမ် အနိုင်ရပြီး ဝက်စ်ဟမ်း ကတော့ ၁ ကြိမ်ပဲ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှု မှာလည်း ဝက်စ်ဟမ်းတို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ၂-၄ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဝက်စ်ဟမ်း – နယူးကာဆယ်အချိန်ပြည့် ဂိုးပေါ် ၃.၀၀ @ ၂.၃၃ ဆ
ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၇:၀၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 ရဲ့ ကြေးဖွင့်မှုအရ ဝက်စ်ဟမ်း အတွက် ၁.၆၉ ဆ၊ နယူးကာဆယ် အတွက် ၄.၄၀ ဆနဲ့ သရေ အတွက် ၃.၉၅ ဆ ပေးထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းနဲ့ စုဖွဲ့မှုအရ သိပ်ပြီး မကွာသလို အစဉ်အလာအရလည်း အသာရမှု သိပ်မကွာတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒီတော့ ဘက်ရွေးရတာ အန္တရာယ် ရှိနိုင်ပါတယ်။ ရွေးချယ်မှု တစ်ခု အရ ဆိုရင်တော့ ဝက်စ်ဟမ်းကို ပိုပြီး သဘောကျနေပေမယ့် ပိုပြီး သေချာတဲ့ ဂိုးပေါင်းကိုသာ စဉ်းစားထားစေချင်ပါတယ်။ လန်ဒန်ကွင်းမှာ ဂိုးတွေ အပြန်အလှန် သွင်းဖို့ မျှော်လင့်ထားကြရအောင်။

ခန့်မှန်းရလဒ် (၂-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်