နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာလာ၊ ဖေမီနို တို့ရဲ့ ဂိုးတွေနဲ့ ဆန်စီရိုမှာ အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

အင်တာမီလန် ၀ – ၂ လစ်ဗာပူးလ်

မနေ့ညက ဆန်စီရီုမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာမီလန်နဲ့ လစ်ဗာပူးလ်တို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် ပွဲစဉ်မှာတော့ ကလော့ပ်ရဲ့ အသင်းက မိုဟာမက် ဆာလာ၊ ဖေမီနို တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး ပုံမှန် အသုံးပြုနေကျ ကစားကွက်နဲ့ကိုမှ အတောင်းတင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ၃-၅-၂ နဲ့ ပွဲထွက်လာတဲ့ အင်တာမီလန် ဘက်မှာ တိုက်စစ်က အီဒင် ဒီဂျက်ကိုနဲ့ လော်တာရို မာတီနက်ဇ်တို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ် မှာ ပယ်ရီဆစ်ချ်၊ ချလနောဂလူ၊ ဘရိုဇိုဗစ်၊ ဗီဒယ်၊ ဒမ်ဖရီးစ်၊ နောက်တန်း မှာ ဘက်စတိုနီ၊ ဆစ်ခရီနီယာ၊ ဒီဗရစ်ဂျ်၊ ဂိုးမှာတော့ ဟန်ဒန်နိုဗစ် တို့ ပါဝင်လာခဲ့ပါတယ်။ လစ်ဗာပူးလ်ရဲ့ ၄-၃-၃ ကစားကွက် မှာတော့ ဂျိုတာ၊ ဆာလာ၊ မာနေး၊ အဲလ်ကန်တာယာ၊ ဖာဘင်ဟို၊ အဲလီယော့တ်၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ အာနိုးလ်နဲ့ ဘက်ကာ တို့ပဲ ပွဲထွက်လာတာ ဖြစ်ပါတယ်။ ပွဲထွက်လူစာရင်း အရ ဆိုရင် အင်တာမီလန်တို့ အပြောင်းအလဲ သိပ်မရှိခဲ့ပေမယ့် လစ်ဗာပူးလ် ကတော့ ဟန်ဒါဆင် နေရာမှာ အဲလီယော့တ်ကို သုံးခဲ့ပြီး ခံစစ်မှာ ဗန်ဒိုက်ခ်နဲ့ ကိုနာတေး တို့ကို တွဲဖက် ကစားစေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ၀-၂ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပြီး လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းဖို့ အခြေအနေ ကောင်းသွားခဲ့ပေမယ့် အင်တာမီလန် ကတော့ မျှော်လင့်ချက် ခပ်ရေးရေးသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ရဖို့ များနေတဲ့ အင်တာမီလန်

ကစားသမားကောင်းတွေ ကိုယ်စီနဲ့ ရင်ဆိုင်လာကြတာ ဖြစ်လို့ ပွဲက အပြန်အလှန် ရှိခဲ့ပြီး အစောပိုင်း ပွဲချိန်တွေမှာ လော်တာရို မာတီနက်ဇ်ရဲ့ ကန်ချက် ဂိုးဘေးနားက ကပ်ထွက်သွားခဲ့သလို ချလနောဂလူရဲ့ ကန်ချက် ဘားတန်းထိ ထွက်သွားခဲ့တာကြောင့် အင်တာမီလန်တို့ နစ်နာခဲ့ရပါတယ်။ လစ်ဗာပူးလ် ဘက်ကတော့ မာနေးရဲ့ ခေါင်းတိုက်ချက် ဂိုးဘားပေါ်က အနည်းငယ် ကျော်ထွက်သွားခဲ့ပြီး နောက်ပြန် ကန်ချက် ကလည်း ဂိုးပေါက်နဲ့ ကပ်လွဲခဲ့ပါတယ်။ အဲ့နောက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ထိုးဖောက်ရင်း ပထမပိုင်း ကတော့ ဂိုးမရှိ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ အိမ်ရှင် အင်တာမီလန်တို့ တိုက်စစ် မြှင့်လာခဲ့ပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့တာကို လစ်ဗာပူးလ်တို့ အသည်းအသန် ထိန်းချုပ်နေခဲ့ရပြီး တိုက်စစ် လိုက်ပါတတ်တဲ့ အာနိုးလ်လည်း တစ်ဖက်က တရစပ် ဖိအားပေးနေတဲ့ တောင်ပံ တိုက်စစ်ကို ထိန်းချုပ်နေရတာနဲ့ အချိန်ကုန်နေခဲ့ရပါတယ်။ ဒါ့အပြင် အင်တာမီလန် တောင်ပံနဲ့ ခံစစ်က မိုဟာမက်ဆာလာကို ကောင်းကောင်း လူကပ် ကစားနိုင်ခဲ့တာကြောင့် လစ်ဗာပူးလ်တို့ တိုက်စစ် သေနေခဲ့ရပါတယ်။ ဒုတိယပိုင်း ခြေစွမ်းအရ အားလုံးက အင်တာမီလန်တို့ အနိုင်လို့ တွက်ဆခဲ့ကြပေမယ့် ကလော့ပ် အနေနဲ့ လူစား ပြောင်းလဲမှုတွေ ဆက်တိုက် ပြုလုပ်ပြီး အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ကလော့ပ်ရဲ့ ဗျူဟာ အပြောင်းအလဲ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ပွဲချိန် ၇၅ မိနစ် မှာတော့ ဖေမီနိုက ထောင့်ကန်ဘော ကတစ်ဆင့် ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူ ပေးနိုင်ခဲ့သလို ပွဲချိန် ၈၃ မိနစ် မှာလည်း မိုဟာမက် ဆာလာက အနိုင်သေချာစေမယ့် ဂိုးကို သွင်းပေးခဲ့ပါတယ်။ ဒါကြောင့် ၀-၂ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပြီး လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းဖို့ အခြေအနေ ကောင်းသွားခဲ့ပေမယ့် အင်တာမီလန် ကတော့ မျှော်လင့်ချက် ခပ်ရေးရေးသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
တော့တင်ဟမ် ဟော့စပါး
1X2 သရေ @ 5.40
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.75 @ 2.09
ဂိုးပေါ် 3.25 @ 2.28
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အမှန်တိုင်း ပြောရရင် ဒီနေ့ပွဲမှာ လစ်ဗာပူးလ်ထက် အင်တာမီလန်တို့ ကစားပုံ ပိုကောင်းခဲ့ပါတယ်။ အနိုင်ရဖို့ နီးစပ်တဲ့ အခြေအနေ ရှိခဲ့ပေမယ့် ဒီလို အဆင့်မှာ အဓိက အရေးကြီးတာက အပိုင်အခွင့်အရေး အသုံးချနိုင်မှု ဖြစ်ပါတယ်။ နောက်တစ်ချက်က ကလော့ပ်ရဲ့ အချိန်မှီ နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်နိုင်မှု ဖြစ်ပါတယ်။ ဖေမီနို၊ လူးဝစ် ဒီးရာ့ဇ်၊ ဟန်ဒါဆင်၊ နာဘီ ကေတာ တို့ ဝင်ရောက်လာချိန်မှာ ပွဲက လုံးဝ အပြောင်းအလဲ ဖြစ်သွားခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဆန်စီရို မှာဆိုရင် ရလဒ်ကောင်းတတ်တဲ့ အသင်းပီပီ ဒီတစ်ကြိမ် မှာလည်း အဖိုးတန် နိုင်ပွဲ တစ်ပွဲကို ခက်ခက်ခဲခဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ် ရာသီ တစ်ခု အတွင်း မီလန် မြို့ခံ နှစ်သင်းကို ဆန်စီရိုမှာ အနိုင်ယူခဲ့တဲ့ အသင်းလည်း ဖြစ်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အင်တာမီလန်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဆာဆူအိုလိုနဲ့ စီးရီးအေ ပွဲစဉ် ဆက်လက် ကစားဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ၁၉ ရက်နေ့မှာ နော့ဝှစ်ချ်စီးတီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်