နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လီယောင်ရဲ့ သွင်းဂိုးနဲ့ ဆမ်ဒိုးရီးယားကို အနိုင်ရပြီး ဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့တဲ့ အေစီမီလန် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

အေစီမီလန် ၁-၀ ဆမ်ဒိုးရီးယား

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာတော့ အေစီမီလန်တို့ ဆန်စီရိုမှာ ဆမ်ဒိုးရီးယားကို ရာဖေးလ် လီယောင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အေစီမီလန်တို့ မြို့ခံ ပြိုင်ဘက် အင်တာမီလန်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို တက်လှမ်းနိုင်ခဲ့လို့ စကူဒက်တို ချန်ပီယံဆု အတွက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပြီလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အသင်းကြီးတွေကို တောက်လျောက် အနိုင်ယူပြီး ပုံစံကောင်းရနေတဲ့ ပီအိုလီရဲ့ အသင်းက အရင်ပွဲတွေက လူစာရင်းနဲ့ ကစားကွက်ကို အပြောင်းအလဲ သိပ်မလုပ်ပဲ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှာ ဂျရူး တစ်ဦးတည်းကို အထောင်ထားပြီး ကွင်းလယ်နဲ့ တောင်ပံတွေမှာ မက်ဆီယာ၊ ရာဖေးလ်လီယောင်၊ ဒီရာ့ဇ်၊ ဘန်နက်ဆာ၊ တိုနာလီ၊ ခံစစ်နဲ့ ဂိုးမှာတော့ တွန်မိုရီ၊ ရိုမက်ဂ်နိုလီ၊ ဖလော်ရန်ဇီ၊ ကာလာဘရီယာ၊ မိုက်ဂ်နန်တို့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယား ဘက်မှာတော့ ဒမ်းစ်ဂတ်၊ ယိုရှီဒါ တို့ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့လို့ သိသိသာသာ အားနည်းခဲ့ပေမယ့် ကာပူတို၊ ကန်ဒရီဗာ၊ ဘရက်ဇင်စကီး၊ ဆန်ဆီ တို့လို အမာခံ ကစားသမားတွေတော့ ပါဝင်လာခဲ့ပါတယ်။
တစ်ပွဲလုံး အတိုင်းအတာနဲ့ အေစီမီလန်တို့ ဆမ်ဒိုးရီးယားကို ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ခြင်း မရှိခဲ့တာက လွဲရင် ကျန် အခြေအနေ အားလုံးမှာ အသာရခဲ့ပါတယ်။ ပွဲစပြီး ၈ မိနစ် မှာတင်ပဲ မီလန်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဂိုးသမား မိုက်ခ် မိုက်ဂ်နန် မထင်မှတ်ပဲ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရာဖေးလ် လီယောင်က တစ်ကိုယ်တော် ဆွဲပြေးပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယား ကတော့ ကန်ဒရီဗာရဲ့ ကန်ချက်ကြောင့် ဂိုးပေါက် တစ်ကြိမ်တည့်ခဲ့တာက လွဲရင် အေစီမီလန်ကို ဘယ်လိုမှ ယှဉ်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဂိုးသမား ဖဲလ်ကွန်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေက ဆမ်ဒိုးရီးယားတို့ ဂိုးပြတ် မရှုံးနိမ့်စေမယ့် အခြေအနေ ကနေ ကယ်တင်သွားခဲ့တာ ဖြစ်ပြီး ဂျရူးရဲ့ လှပတဲ့ Over-Head ကန်ချက်နဲ့ အပိုင် ခေါင်းတိုက်ချက် တစ်ကြိမ်နဲ့ မက်ဆီယာနဲ့ ရီဘစ်တို့ရဲ့ အဆုံးသတ် ကန်ချက်တွေကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီး မှာတော့ အေစီမီလန်တို့ လီယောင်ရဲ့ အစောပိုင်း သွင်းဂိုး ၁ ဂိုးတည်းနဲ့ ဆမ်ဒိုးရီးယားကို အနိုင်ရပြီး စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဆမ်ဒိုးရီးယား အတွက် ကတော့ ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဆာဆူအိုလိုကို ၄ ဂိုးပြတ် အနိုင်ယူပြီး ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ထားနိုင်ခဲ့ပေမယ့် ရှုံးပွဲ ပြန်တွေ့ခဲ့ရလို့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါလိမ့်မယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရောက်ရှိနေတဲ့ ဆမ်ဒိုးရီးယား

ဒီနေ့ပွဲမှာ အေစီမီလန် တစ်သင်းလုံး အပြစ်ပြောစရာ မရှိအောင် ကောင်းခဲ့ပြန်ပြီး ထိုက်တန်တဲ့ နိုင်ပွဲ ထပ်ရခဲ့တာ ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယား ဂိုးသမား ဖဲလ်ကွန်သာ အပိုင် ကာကွယ်မှု ၆ ကြိမ်လောက် မလုပ်နိုင်ခဲ့ရင် အခုထက် ပြတ်သားတဲ့ ရလဒ်နဲ့ အေစီမီလန်တို့ အနိုင်ရသွားနိုင်တဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။ အေစီမီလန် အတွက် ကတော့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရခဲ့တယ် ဆိုပေမယ့် တော်တော်လေးကို အဖိုးတန်တဲ့ အနိုင် ၃ မှတ် ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြို့ခံ ပြိုင်ဘက် အင်တာမီလန်ကို ကျော်ပြီး ဇယားထိပ်ကနေ ဦးဆောင်ခွင့်ရသွားခဲ့လို့ပဲ ဖြစ်ပါတယ်။

ဆမ်ဒိုးရီးယား အတွက် ကတော့ ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဆာဆူအိုလိုကို ၄ ဂိုးပြတ် အနိုင်ယူပြီး ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ထားနိုင်ခဲ့ပေမယ့် ရှုံးပွဲ ပြန်တွေ့ခဲ့ရလို့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါ့အပြင် အဆင့် ၁၈ နေရာက ကက်ဂလီယာရီနဲ့ ၂ မှတ်သာ ကွာဟတဲ့ အခြေအနေက တန်းဆင်းဇုန် ဖိအား ရှိလာပြီ ဆိုတာ ပြသနေတာ ဖြစ်ပြီး ဂျီယန်ပါလိုရဲ့ အသင်းက လက်ကျန် ပွဲစဉ်တွေမှာ အခုထက် ပိုပြီး ရုန်းကန်ဖို့ လိုအပ်နေပြီ ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အေစီမီလန်တို့ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဆယ်လာနီတာနာနဲ့ ကစားရဖို့ ရှိနေပြီး ဆမ်ဒိုးရီးယား ကတော့ ၁၉ ရက်နေ့မှာ အမ်ပိုလီနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်