နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အချိန်ပို ပင်နယ်တီ ဂိုးနဲ့ အနိုင်ရပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ရရှိခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး ၂-၁ ပယ်လ်မီးရက်စ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာတော့ ဥရောပ ချန်ပီယံ ချဲလ်ဆီးတို့ တောင်အမေရိက ချန်ပီယံ ပယ်လ်မီးရက်စ်ကို အနိုင်ယူပြီး ချန်ပီယံဆုကို ကိုင်မြှောက်သွားနိုင်ခဲ့ပါတယ်။ လက်ထိဘောကြောင့် ပင်နယ်တီ ကတစ်ဆင့် ချေပဂိုး ပေးခဲ့ရပေမယ့် လက်ထိဘောကြောင့်ပဲ အချိန်ပိုမှာ ပင်နယ်တီ ပြန်ရခဲ့ပြီး ကိုင်ဟာဗက်ဇ်က အမှားအယွင်း မရှိ အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ချဲလ်ဆီး တို့ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီပွဲ မှာတော့ ချဲလ်ဆီးတို့ အဲလ်ဟီလာနဲ့ ဆီမီးဖိုင်နယ် ပွဲတုန်းက အသုံးပြုခဲ့တဲ့ ၄-၂-၃-၁ ကစားကွက် နဲ့ပဲ ပွဲထွက်လာခဲ့ပေမယ့် ပွဲထွက်ကစားသမား အပြောင်းအလဲ တချို့တော့ ပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်မှာ လူကာကူ တစ်ဦးတည်းကို အထောင်ထားပြီး နောက်မှာတော့ မေဆင်မောင့်၊ ကိုင်ဟာဗက်ဇ်၊ ကွင်းလယ်နဲ့ တောင်ပံ မှာတော့ ကန်တေ၊ ကိုဗာချစ်၊ အက်ဇ်ပီလီကျူအာတာ၊ ဟတ်ဒ်ဆန် အိုဒွိုင်း၊ နောက်တန်းနဲ့ ဂိုး မှာတော့ ရူဒီဂါ၊ ခရစ္စတန်ဆန်၊ ဆေးလ်ဗား၊ မန်ဒီတို့ ပါဝင်ခဲ့ပါတယ်။ ဒဏ်ရာ ပြသနာ ကင်းရှင်းနေတဲ့ ပယ်လ်မီးရက်စ် ကလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ၅-၄-၁ ကစားကွက်ကို သုံးသွားခဲ့ပါတယ်။

အသင်းကောင်းတွေပီပီ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းတဲ့ ကစားသမားတွေရဲ့ ရုန်းအားနဲ့ အတူ အသင်းလိုက် ဟန်ချက်ညီညီနဲ့ အပြန်အလှန် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သောမက်စ်တူချယ် အသင်းရဲ့ တောင်ပံတွေက ပိုပြီး သွက်လက်ခဲ့ပြီး ပြိုင်ဘက် နောက်တန်းကို ပွဲချိန်ပြည့် အလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ကတော့ ဂိုးမရှိ သရေလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း မှာတော့ ကိုယ်စီ ကစားအားတွေ ထပ်တင်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ပွဲချိန် ၅၅ မိနစ် မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး အိုဒွိုင်း ရဲ့ ဖြတ်တင် ပေးပို့မှု ကနေ လူကာကူက အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၆၄ မိနစ် မှာတော့ ပယ်လ်မီးရက်စ်တို့ မထင်မှတ်ပဲ ချေပဂိုး ပြန်လည် ရရှိသွားခဲ့ပါတယ်။ သီယာဂိုး ဆေးလ်ဗား ဂိုးဧရိယာထဲမှာ လက်ထိခဲ့ရာ ကနေ ပယ်လ်မီးရက်စ်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့တာ ဖြစ်ပြီး ရာဖာရယ် ဗိုင်ဂါက အမှားအယွင်း မရှိ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မိနစ် ၉၀ ပြည့်တဲ့ အချိန်ထိ အနိုင်အရှုံး အဖြေ မပေါ်ခဲ့လို့ အချိန်ပို မိနစ် ၃၀ ဆက်လက် ကစားခဲ့ရပြီး အချိန်ပို ၁၁၇ မိနစ် မှာတော့ ချဲလ်ဆီးတို့ အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ အက်ဇ်ပီလီကျူအာတာကို ပယ်လ်မီးရက်စ် နောက်တန်းက လူအန် ဂါစီယာ တားဆီးရာမှာ လက်ထိခဲ့လို့ ချဲလ်ဆီးတို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ကိုင်ဟာဗက်က ဂိုးသမား ဝီဗာတန်ရဲ့ ညာဘက်ထောင့်ထဲကို အမှားအယွင်း မရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ပယ်လ်မီးရက်စ်တို့ ချေပဂိုး ရဖို့ အားစိုက်ခဲ့ပေမယ့် ဂါစီယာ အနီကတ် ပြသခံရမှုနဲ့ အတူ ၂-၁ ရလဒ်နဲ့ပဲ ချဲလ်ဆီးကို အရှုံးပေးခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပယ်လ်မီးရက်စ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပုံစံကောင်း တစ်ခုနဲ့ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့သလို ချဲလ်ဆီး ကိုလည်း အပြန်အလှန် တုန့်ပြန် ကစားနိုင်ခဲ့ပေမယ့် ကံတရား မျက်နှာသာ မပေးလို့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပထမဦးဆုံး အကြိမ် တက်လှမ်းနိုင်ခဲ့တဲ့ ပယ်လ်မီးရက်စ်

အခုပွဲမှာ ချဲလ်ဆီးတို့ ပယ်လ်မီးရက်စ်ထက် ခြေစွမ်း ပိုကောင်းခဲ့ပေမယ့် ထုံးစံ အတိုင်း အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့လို့ အချိန်ပို အထိ ကစားခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီး တို့ ၂၀၁၂ ခုနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် ကိုရင်သီယန်ကို ရှုံးနိမ့်ပြီး ဒုတိယနဲ့ ကျေနပ်ခဲ့ရပေမယ့် သောမက်စ်တူချယ် လက်ထက် မှာတော့ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သောမက်စ်တူချယ် အနေနဲ့လည်း ချဲလ်ဆီးကို စတင်ကိုင်တွယ်ချိန်ကစလို့ ၁ နှစ်နဲ့ ၁၇ ရက် အကြာမှာတင် အဓိက ဆုဖလားတွေ ဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပယ်လ်မီးရက်စ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပုံစံကောင်း တစ်ခုနဲ့ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့သလို ချဲလ်ဆီး ကိုလည်း အပြန်အလှန် တုန့်ပြန် ကစားနိုင်ခဲ့ပေမယ့် ကံတရား မျက်နှာသာ မပေးလို့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပြိုင်ပွဲ အနှစ်ချုပ်

ချန်ပီယံ – ချဲလ်ဆီး
ဒုတိယ – ပယ်လ်မီးရက်စ်
တတိယ – အဲလ်အာလီ
စတုတ္ထ – အဲလ်ဟီလာ
ဖီဖာ အသန့်ရှင်းဆုံးဆု – ချဲလ်ဆီး
ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ကစားသမားဆု – သီယာဂိုဆေးလ်ဗား
ဗိုလ်လုပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု – သီယာဂို ဆေးလ်ဗား


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် လန်ဒန် ဒါဘီ ကစားဖို့ ရှိပြီး ပယ်လ်မီးရက်စ် ကတော့ ဖာရိုဗီရာရီရာနဲ့ ပေါ်လစ္စတာ အေဝမ်း ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်