နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘိုချမ်ကို မထင်မှတ်ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ဘိုချမ် ၄ – ၂ ဘေယန်မြူးနစ်

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၂ မှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘေယန်မြူးနစ်တို့ ဘိုချမ်ကို ၄-၂ ရလဒ်နဲ့ မထင်မှတ်ပဲ ဂိုးပြတ် အရေးနိမ့်သွားခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ရောဘတ်လီဝမ်ဒေါစကီးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်း ၆ မိနစ် အတွင်း ဂိုးတွေ ဆက်တိုက်ပေးခဲ့ရမှုနဲ့ အတူ ဒုတိယပိုင်း မှာလည်း ပြန်လည် ချေပနိုင်ခြင်း မရှိခဲ့လို့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အခုပွဲ ဘိုချမ်မှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဘလမ်း၊ ရွိုင်မန်း၊ ဇိုလာ တို့က လွဲရင် လူစုံခဲ့သလို ဘေယန်မြူးနစ် ကလည်း နော်အာ၊ ဂိုရက်ဇ်ကာ၊ မူဆီရာလာ၊ အဲလ်ဖွန်ဆို ဒေးဗီးစ် တို့က လွဲပြီး အတောင့်တင်း လူစာရင်းနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 သရေ @ 3.55
ဂိုးပေါ် 2.50 @ 2.02
ပထမပိုင်း ဂိုးအောက် 1.00 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအစ ၉ မိနစ် မှာပဲ ကိုမန်ရဲ့ ပေးပို့မှု ကနေ ရောဘတ်လီဝမ်ဒေါစကီးက ဘိုချမ် နောက်ခံလူတွေ လိုက်ထိန်းနေတဲ့ ကြားက ကန်သွင်းသွားခဲ့တဲ့ ဘေယန်မြူးနစ်တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ၁၄ မိနစ် မှာ အန့်ဝိ အဂျက်ဂျ်က ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့လို့ ၁-၁ ရလဒ် ဖြစ်သွားခဲ့ပါတယ်။ တစ်ဖက် ၁ ဂိုးစီ သရေကျနေချိန်မှာ ဘိုချမ်တို့ ပြိုင်ဘက်ကို ဆက်လက် ဖိအားပေး ကစားနိုင်ခဲ့လို့ ဘေယန်မြူးနစ် နောက်ခံလူတွေနဲ့ ဆဗန် အူးလ်ရစ်ချ်တို့ သတိထား ကစားခဲ့ရပါတယ်။ ဒါပေမယ့် ပွဲကစားချိန် ၃၈ မိနစ်၊ မိနစ် ၄၀နဲ့ ၄၄ မိနစ် တို့မှာ ဘိုချမ် တို့ ၃ ဂိုးဆက် သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ဘေယန်မြူးနစ်တို့ ၄-၁ ရလဒ်နဲ့ အရေးနိမ့်နေခဲ့ပါတယ်။ ဘိုချမ် အတွက် ဂိုးတွေ ကိုတော့ ပင်နယ်တီ ကတစ်ဆင့် လိုကာဒီယာနဲ့ ဂမ်ဘိုအာ၊ ဟော့တ်မ်န်း တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ ဘေယန်မြူးနစ် တို့ ချေပဂိုးတွေ ရရှိဖို့ အသည်းအသန် အားစိုက်ခဲ့ပေမယ့် ပွဲချိန် ၇၅ မိနစ် ရောက်မှ ချေပဂိုး ၁ ဂိုးသာ ပြန်ရခဲ့ပြီး ဒီဂိုးကိုလည်း ရောဘတ် လီဝမ်ဒေါစကီးက မြေမကျ အပြင်းကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လီဝမ်ဒေါစကီးရဲ့ ကန်ချက် ဘားတန်းထိ ထွက်ခဲ့တာ အပြင် အဆုံးသတ်ပိုင်း အားနည်းချက်တွေ ရှိခဲ့လို့ ဂိုးထပ်မရခဲ့ပဲ ပွဲအပြီးမှာ ဘေယန်မြူးနစ်တို့ ဘိုချမ်ကွင်းမှာ ၄-၂ ရလဒ်နဲ့ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒါပေမယ့်လည်း ဘေယန်မြူးနစ် အနေနဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာက ဒေါ့မန်ထက် ၁ ပွဲပို ကစားပြီး ၉ မှတ် ဖြတ် ဦးဆောင်ထားနိုင်ဆဲ ဖြစ်လို့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ကာကွယ်နိုင်ရေး အခြေအနေ ကောင်းနေဆဲ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးကနေ အမှတ်ဖြတ် ဦးဆောင်နေတဲ့ ဘေယန်မြူးနစ် အတွက်တော့ မထင်မှတ်ပဲ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး နောက်ခံလူတွေရဲ့ ပေါ့ဆမှုတွေကြောင့် ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ တိုက်စစ်က ရောဘတ်လီဝမ်ဒေါစကီး အတတ်နိုင်ဆုံး ချေပဂိုးတွေ လိုက်သွင်းပေးခဲ့ပေမယ့် ကံတရားရဲ့ မျက်နှာသာ မပေးမှုကြောင့် သရေ ၁ မှတ်တောင် မရပဲ အိမ်ပြန်ခဲ့ရတယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေယန်မြူးနစ် အနေနဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာက ဒေါ့မန်ထက် ၁ ပွဲပို ကစားပြီး ၉ မှတ် ဖြတ် ဦးဆောင်ထားနိုင်ဆဲ ဖြစ်လို့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ကာကွယ်နိုင်ရေး အခြေအနေ ကောင်းနေဆဲ ဖြစ်ပါတယ်။

ဘိုချမ် ကတော့ ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဆဲလ်ဘတ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် ပွဲစဉ် ကစားဖို့ ရှိပြီး ဘိုချမ် ကတော့ ၁၉ ရက်နေ့မှာ စတုဂတ်နဲ့ ဘွန်ဒက်စ်လီဂါ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်