နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်းမှာ ခြေစွမ်းပြပြီး စပါးကို အနိုင်ယူခဲ့တဲ့ စိန့် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး ၂ – ၃ ဆောက်သမ်တန်

တော့တင်ဟမ်ဟော့စပါးနဲ့ ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ စိတ်လှုပ်ရှားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။စပါးတို့ အစောပိုင်း သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆောက်သမ်တန်ရဲ့ နောက်ကျ ချေပဂိုးနဲ့ အနိုင်ဂိုးကြောင့် ကွန်တီ လက်ထက် ပထမဦးဆုံး အိမ်ကွင်း ရှုံးပွဲ ကြုံသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ကွန်တီရဲ့ အသင်းက ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူစာရင်းနဲ့ ကစားကွက် အတိုင်း ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဟယ်ရီကိန်း၊ မော်ရာ၊ ဆွန်ဟောင်မင်၊ ကွင်းလယ်မှာ အီမာဆင် ရွိုင်ရယ်၊ ဝင့်ခ်၊ ဟွိုက်ဘယက်ချ်၊ ရက်ဂီလောင်း၊ နောက်တန်းမှာ ဘန်ဒေးဗီးစ်၊ ရိုမဲယို၊ ဆန်းချက်ဇ်၊ ဂိုးမှာတော့ လိုရစ်ပဲ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည် ဆောက်သမ်တန် ကတော့ ၄-၂-၂-၂ ကစားကွက်နဲ့ အတူ တိုက်စစ်နဲ့ ကွင်းလယ်မှာ ဘရိုဂျာ၊ အဒမ်စ်၊ အလ်ယွန်နူဆီ၊ အမ်းစတောင်း၊ ဝက်ဒ်ပရောက်စ်၊ ရိုမီယူ၊ ခံစစ်မှာ ဆယ်လီဆူ၊ ပါရောက်ဒ်၊ ဘက်ဒ်နာရက်ခ်၊ ဝေါလ်ကာပီတာစ်၊ ဘန်ဖော်စတာ တို့နဲ့ အတောင့်တင်းဆုံး ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်ကို ဂိုးပြတ် နိုင်ပြီး အက်ဖ်အေဖလား နောက်တစ်ဆင့် တက်ထားတဲ့ စပါးတို့ ပရီးမီးယားလိဂ် မှာလည်း နိုင်ပွဲ ပြန်ရှာဖို့ အားစိုက်ခဲ့တာ ဖြစ်ပါတယ်။ စိတ်ဓာတ်ရော၊ ခြေစွမ်းပိုင်းမှာပါ အပေါင်းလက္ခဏာ ပြနေတဲ့ စပါးတို့ ပွဲအစကတည်းက ဧည့်သည် ဆောက်သမ်တန် ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပြီး ၁၈ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ၁၈ ကိုက်စည်းထဲမှာ ဟွိုက်ဘယက်ချ် ချိုးပေးတဲ့ ဘောလုံးကို စိန့် နောက်ခံလူ ဘက်ဒ်နာရက်ခ် တားဆီးရင်း ကနေ မတော်တဆ ကိုယ့်ဂိုးကိုယ် သွင်းမိသလို ဖြစ်ခဲ့ပြီး စပါးတို့ ဦးဆောင်ဂိုး ရရှိခဲ့တာပါ။ ဒါပေမယ့် စပါးတို့ အပျော်တွေ မကြာရှည်ခဲ့ပဲ ၅ မိနစ် အကြာမှာတင် ချေပဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုး ကိုတော့ စပါး နောက်ခံလူတွေ ပြတ်ပြတ်သားသား ရှင်းထုတ်မှု မလုပ်နိုင်ခဲ့တာကို ဆောက်သမ်တန်တို့ အခွင့်ကောင်းယူခဲ့တာ ဖြစ်ပြီး ပါရောက်ဒ် ပြန်ချပေးတဲ့ ဘောလုံးကို ဘရိုဂျာက မထင်မှတ်ပဲ ပိတ်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။

ကွန်တီ စတင် ကိုင်တွယ်ချိန်က စလို့ ပထမဦးဆုံး အိမ်ကွင်း ရှုံးပွဲ တွေ့ခဲ့ရတဲ့ စပါး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာက ဝက်စ်ဟမ်းနဲ့ ၄ မှတ် ကွာဟသွားခဲ့ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

ဒုတိယပိုင်း မှာတော့ စပါးတို့ အသစ် ခေါ်ယူထားတဲ့ ဘန်တန်ကာနဲ့ ကူလူဆက်ဗ်စကီး တို့ကို ထည့်ပြီး တိုက်စစ် မြှင့်ခဲ့လို့ ပွဲချိန် မိနစ် ၇၀ မှာ ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ပါတယ်။ လူးကပ်စ် မော်ရာ ချိုးပေးတဲ့ ဘောလုံးကို တိုက်စစ်မှာ အသင့်ပါလာတဲ့ ဆွန်ဟောင်မင်က ချိန်သားကိုက် ဝင်ရောက် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် စပါးတို့ ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တကယ်တမ်း ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာက ဧည့်သည် စိန့်တို့ပဲ ဖြစ်ပါတယ်။ ပွဲချိန် ကြာလာတာနဲ့ အမျှ ဆောက်သမ်တန် ကွင်းလယ်က အချိတ်အဆက် ပိုမိလာခဲ့ပြီး စပါး ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် မိနစ် ၈၀ မှာတော့ ချေပဂိုး ရရှိသွားပြီး ကွင်းတစ်ဝက် ကျော်ကျော်လောက် ကနေ ဝက်ဒ်ပရောက်စ် ကန်တင်ပေးတာကို အလ်ယွန်နူဆီက ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၂ မိနစ် အကြာမှာ စိန့်တို့ အခုပွဲ အတွက် အနိုင်ဂိုး ရရှိသွားခဲ့ပြီး ဝက်ဒ် ပရောက်စ်ရဲ့ တိကျတဲ့ ကန်တင်ပေးပို့မှု ကနေပဲ အဒမ်က ခေါင်းတိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာလည်း အပြန်အလှန် ရှိခဲ့ပေမယ့် စိန့်တို့ အနိုင်ဂိုးတွေကို အကောင်းဆုံး ထိန်းကစားသွားခဲ့လို့ ၂-၃ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး စပါး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ အစဉ်အလာဆိုး အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

စပါးတို့ ဒီနေ့ပွဲမှာ ၂ ကြိမ်တိုင်တိုင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်း ကတော့ ဆောက်သမ်တန်ကို ပိုကောင်းခဲ့တယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ကွန်တီ စတင် ကိုင်တွယ်ချိန်က စလို့ ပထမဦးဆုံး အိမ်ကွင်း ရှုံးပွဲ တွေ့ခဲ့ရတဲ့ စပါး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာက ဝက်စ်ဟမ်းနဲ့ ၄ မှတ် ကွာဟသွားခဲ့ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက် ဆိုရင် စပါးတို့ လက်ကျန် ပွဲစဉ်တွေကို အားစိုက်ဖို့ လိုအပ်သွားခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ဆောက်သမ်တန် ကတော့ အသင်းလိုက် စုဖွဲ့မှု အားကောင်းလာခြင်းနဲ့ အတူ အဖိုးတန် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အက်စတန် ဗီလာ
1X2 ခရစ္စတယ်ပဲလေ့စ် @ 2.75
အက်စတန် ဗီလာ အာရှ ဟန်းဒီးကပ် -0.25 @ 2.21
ဂိုးအောက် 2.50 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေ့ပွဲမှာ ထူးထူးခြားခြား ခြေစွမ်းပြသွားခဲ့ပြန်တဲ့ ဝက်ဒ်ပရောက်စ် ကတော့ တစ်ပွဲလုံး အတိုင်းအတာနဲ့ အခွင့်အရေး ဖန်တီးမှု ၂ ကြိမ်၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်း နောက်ဆုံး ၃ ပွဲမှာ ၅ ဂိုး သွင်းနိုင်ခဲ့ပြီး သွင်းဂိုး ၁၇ ဂိုးမှာ ၁၂ ကြိမ် အထိ ပါဝင် ပတ်သတ်ခဲ့သူ ဟယ်ရီကိန်း ကတော့ ဒီနေ့ပွဲ မှာတော့ ဂိုးပေါက် တည့်ကန်ချက် ၁ကြိမ်တောင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဝုဗ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရဖို့ ရှိပြီး ဆောက်သမ်တန် ကတော့ မန်ချက်စတာယူနိုက်တက် အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်