နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ ချန်ပီယံကို ဂိုးပြတ် အနိုင်ယူပြီး အဆင့် ၄ နေရာ ရောက်လာတဲ့ ဘာဆာ (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ဘာစီလိုနာ ၄ – ၂ အက်တလက်တီကို မက်ဒရစ်

ညက ယှဉ်ပြိုင်ကစားသွားတဲ့ လာလီဂါ ပွဲစဉ် ၂၃ မှာတော့ ဘာစီလိုနာတို့ နူးကမ့်ပ်မှာ အက်တလက်တီကို မက်ဒရစ်ကို ၄-၂ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ကတ်တာလန် ကလပ် အနေနဲ့ အက်တလက်တီကို မက်ဒရစ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်ဆက် နိုင်ပွဲ မရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ခြင်း ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာ ကိုလည်း ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဇာဗီ အနေနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲက အော်ဘာမီယန်း ကလွဲလို့ ဖာရန်းတောရက်စ်၊ အဒမ်မာ ထရာအိုရေး၊ ဒန်နီအဲလ်ဗက်စ် ၃ ဦးလုံးကို ပထမ လူစာရင်းမှာ အသုံးပြုခဲ့ပြီး ၄-၃-၃ နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကလည်း ၄-၄-၂ ကစားကွက်နဲ့ ကိုမှာ ဆွာရက်ဇ်၊ ဂျာအိုဖီးလစ်၊ ဒီပေါလ်၊ ကိုကီ၊ ကာရက်စ်ကို၊ လီမား၊ ဆာဗစ် တို့ပါဝင်တဲ့ အတောင်းတင်းဆုံး လူစာရင်းနဲ့ နူးကမ့်ပ်မှာ လာရောက် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ဆီမြွန်နီရဲ့ အက်တလက်တီကို မက်ဒရစ် ကတော့ လာလီဂါ နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့ရလို့ အမှတ်ပေးဇယား အဆင့် ၅ နေရာ ဆင်းပေးခဲ့ရပြီး လက်ရှိ ခြေစွမ်းအရတော့ ချန်ပီယံဆု ကာကွယ်ဖို့ မပြောနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာကို ဆင်းပေးခဲ့ရတဲ့ ဘာစီလိုနာ

နှစ်သင်းလုံး ကစားသမားကောင်းတွေ ပါဝင်လာကြလို့ ပွဲစကတည်းက တော်တော်လေး ကြည့်ကောင်းခဲ့ပြီး ဘာစီလိုနာက အဒမ်မာ ထရာအိုရေး၊ ဂါဗီရာ တို့ရဲ့ တောင်ပံတွေကို အားပြု ကစားသွားခဲ့ပြီး အက်တလက်တီကို မက်ဒရစ် ကတော့ ဂျာအိုဖီးလစ်ရဲ့ အတိုးအလှုပ်တွေနဲ့ ပြိုင်ဘက် နောက်တန်းကို ထိုးဖောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဘာစီလိုနာတို့ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး စတင်ဂိုး စတင်ရရှိသွားခဲ့တာက အက်တလက်တီကို မက်ဒရစ် ဖြစ်ပြီး လူးဝစ် ဆွာရက်ဇ် ဧရိယာထဲ ချိုးပေးလိုက်တဲ့ ဘောလုံးကို အသင့်ပါလာတဲ့ ကာရက်စ်ကိုက အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် ဘာစီလိုနာ တို့ ပျာသွားခြင်း မရှိပဲ အက်တလက်တီကို မက်ဒရစ် နောက်တန်းကို အချိတ်အဆက် မိမိနဲ့ ထိုးဖောက်နိုင်ခဲ့လို့ ၂ မိနစ် အကြာမှာပဲ ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အဲလ်ဗက်စ်ရဲ့ ဖြတ်တင် ပေးပို့မှုကို ဂျော်ဒီ အဲလ်ဘာက လှလှပပ မြေမကျ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၂၁ မိနစ်မှာ ထရာအိုရေးရဲ့ ပေးပို့မှု ကနေ ဂါဗီရာက ခေါင်းတိုက် သွင်းယူပြီး ဒုတိယဂိုး ဖြစ်စေခဲ့သလို ၄၃ မိနစ်မှာ အဲလ်ဗက်စ်ရဲ့ ဖရီးကစ် ကန်ချက်ကြောင့် တိုင်ထိထွက်လာတာကို ဖာရန်းတောရက်စ် အဆုံးသတ်ရာမှာ လွဲချော်ခဲ့ပေမယ့် အသင့်ရှိနေတဲ့ အာရူဟိုက ထပ်ဆင့် ပိတ်သွင်းခဲ့လို့ ဘာဆာတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန် မှာလည်း ဘာစီလိုနာ တို့ပဲ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ၄၉ မိနစ်မှာ အဲလ်ဗက်စ်ရဲ့ အမှတ်မထင် အဝေးကန်ချက်နဲ့ စတုတ္ထ ဦးဆောင်ဂိုး ရရှိခဲ့လို့ ၄-၁ ရလဒ် ဖြစ်နေခဲ့ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ နှစ်သင်းလုံး ကစားပုံ ကြမ်းလာခဲ့ပြီး ၅၈ မိနစ်မှာ ကိုကီရဲ့ ထောင့်ကန်ဘော ကနေ ဂျင်မီနက်ဇ်နဲ့ ဆွာရက်ဇ်က ခေါင်းနှစ်ဆင့် တိုက်ပြီး အက်တလက်တီကို အတွက် ဒုတိယ ချေပဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် အော်ဘာမီယန်း၊ နီကို၊ ဒက်စ်တို့ လူစားဝင်လာခဲ့ပေမယ့် ပွဲချိန် မိနစ် ၇၀ လောက်မှာ ဒန်နီအဲလ်ဗက်စ် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဘာစီလိုနာ တို့ အက်တလက်တီကိုရဲ့ တစ်ဖက်သတ် ဖိကစားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ဇာဗီရဲ့ အသင်းက အမှားနည်းနည်းနဲ့ ပွဲပြီးတဲ့ အထိ အနိုင်ဂိုးတွေကို ထိန်းသွားခဲ့လို့ ၄-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အရင်က ဘာစီလိုနာကို ပြန်မြင်ခဲ့ရသလိုပါပဲ။ ဇာဗီ လက်ထက်မှာ ကစားဟန် မတူတော့ပေမယ့် ဘာစီလိုနာ ဆိုတဲ့ အတိုင်း ပြိုင်ဘက်ကို ပွဲချိန်ပြည့် လွှမ်းမိုး တိုက်စစ်ဆင် ကစားနိုင်တဲ့ အခြေအနေ တစ်ခုကို ပြန်လည် ရရှိခဲ့တဲ့ ပွဲလို့ ပြောလို့ ရပါတယ်။ ဇာဗီရဲ့ ဆောင်းရာသီ ကစားသမား ခေါ်ယူမှု မှန်ကန်တယ်လို့ ပြောရမှာ ဖြစ်ပေမယ့် လာမယ့် ပွဲစဉ် ခြေစွမ်းကို ဆက်ပြီး စောင့်ကြည့်ရပါဦးမယ်။ တစ်သင်းလုံး ကောင်းခဲ့ပြီး စီနီယာကြီး အဲလ်ဗက်စ် ကတော့ ဟီးရိုးလည်း ဖြစ်ခဲ့သလို ဗီလိန်လည်း ဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဘာစီလိုနာတို့ လာလီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေလည်း ပြန်လည် ရှင်သန်သွားခဲ့ပါတယ်။

ဆီမြွန်နီရဲ့ အက်တလက်တီကို မက်ဒရစ် ကတော့ လာလီဂါ နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့ရလို့ အမှတ်ပေးဇယား အဆင့် ၅ နေရာ ဆင်းပေးခဲ့ရပြီး လက်ရှိ ခြေစွမ်းအရတော့ ချန်ပီယံဆု ကာကွယ်ဖို့ မပြောနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘာစီလိုနာတို့ လာမယ့် လာလီဂါ ပွဲစဉ် မှာတော့ အက်စပန်ညိုနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အက်တလက်တီကို မက်ဒရစ် ကတော့ ဂီတာဖေးနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်