နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျရူးရဲ့ သွင်းဂိုးတွေနဲ့ အရေးပါတဲ့ ဒါဘီပွဲမှာ အနိုင်ရခဲ့တဲ့ အေစီမီလန် (စီးရီးအေ ပွဲပြီး သုံးသပ်ချက်)

အင်တာမီလန် ၁-၂ အေစီမီလန်

စနေနေ့ညရဲ့ နောက်ထပ် ပွဲကြီး ပွဲကောင်း တစ်ပွဲ ဖြစ်တဲ့ စီးရီးအေ မီလန် ဒါဘီ ကတော့ အစဉ်အလာ အတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ ပရိသတ်ကို ပွဲချိန်ပြည့် ဖျော်ဖြေသွားနိုင်ခဲ့ပါတယ်။
စကူဒက်တို ချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်တဲ့ အတွက် နှစ်သင်းလုံး အနိုင် ၃ မှတ် အတွက် အားစိုက်သွားကြပြီး အေစီမီလန်တို့ ဂျရူးရဲ့ သွင်းဂိုးတွေနဲ့ အတူ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး အသုံးပြုနေကျ ကစားကွက် ကိုယ်စီနဲ့ပဲ ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဆိုင်မွန် အင်ဇာဂီရဲ့ ၃-၅-၂ ကစားကွက်မှာ မာတီနက်ဇ်၊ ဂျက်ကို၊ ဘာရယ်လာ၊ ဘရိုဇိုဗစ်၊ ဒမ်ဖရီးစ်၊ ချလနောဂလူ၊ ဘရိုဇိုဗစ်၊ ပယ်ရီဆစ်ချ်၊ ဒီဗရစ်ဂျ်၊ ဆစ်ခရီညာ၊ ဘက်စတိုနီ၊ ဟန်ဒန်နိုဗစ်တို့ ပွဲထွက်လာခဲ့ပါတယ်။ ပီအိုလီ ကတော့ ၄-၂-၃-၁ ကစားကွက် ကိုပဲ သုံးသွားခဲ့ပြီး တိုက်စစ်မှာ အိုလီဗီယာ ဂျရူးကို အထောင်ထားပြီး လီယောင်၊ ကတ်ဆေး၊ တိုနာလီ၊ ဟာနန်ဒက်ဇ်၊ ရိုမက်ဂ်နိုလီ၊ မိုင်ဂ်နန် တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်စေခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လီဗာပူးလ်
လက်စတာ စီးတီး
1X2 သရေ @ 5.80
ဂိုးပေါ် 3.75 @ 2.21
ဂိုးပေါင်း 4-6 @ 2.21
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမပိုင်းမှာ အင်တာမီလန်တို့ ချလနောဂလူ၊ ဘရိုဇိုဗစ်၊ ပယ်ရီဆစ်ချ် တို့ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ကစားကွက်၊ အချိတ်အဆက် မိမိနဲ့ အေစီမီလန် နောက်တန်းကို အလုပ်ရှုပ်စေနိုင်ခဲ့ပါတယ်။ ဘရိုဇိုဗစ်နဲ့ ဒမ်ဖရီးစ် တို့ရဲ့ အပိုင်ကန်သွင်းမှု ၂ ကြိမ်စလုံး ဂိုးသမား မိုက်ဂ်နန် ကာကွယ်နိုင်ခဲ့သလို ဘာရယ်လာရဲ့ ကန်ချက် တိုင်ဘေးက ကပ်ထွက်သွားခဲ့တာကြောင့်လည်း အေစီမီလန်တို့ ကံကောင်းခဲ့ပါတယ်။ အေစီမီလန် အနေနဲ့လည်း တိုနာလီရဲ့ ကန်ချက်ကို ဟန်ဒန်နိုဗစ် လေပေါ်ဝဲပြီး လှလှပပ ကာကွယ်သွားနိုင်ခဲ့လို့ နစ်နာခဲ့ရသလို ရာဖေးလ် လီယောင်ရဲ့ အဆုံးသတ် အားနည်းချက်ကြောင့်လည်း ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၃၈ မိနစ် မှာတော့ ချလနောဂလူရဲ့ ထောင့်ကန်ဘော ကနေ ပယ်ရီဆစ်ချ်က မနားတမ်း မြေမကျ ကန်သွင်းခဲ့လို့ အင်တာမီလန်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ နှစ်သင်းလုံး ကစားသမား အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ပြီး အင်တာ ဘက်မှာ အလက်ဆစ် ဆန်းချက်ဇ်၊ ဒီမာကို၊ ဗီဒယ်တို့ ဝင်ကစားခဲ့သလို အေစီမီလန် ဘက်မှာတော့ မက်ဆီရာ၊ ဘရာဟင်မ် ဒီးရာ့ဇ်တို့ လူစားဝင်လာခဲ့ပါတယ်။ ပထမပိုင်းဟာ အင်တာမီလန် အတွက် ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်း ကတော့ အေစီမီလန် အတွက်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်း တောင့်တင်းသွားတဲ့ အေစီမီလန်တို့ အင်တာ ဘက်ကို အချိတ်အဆက် မိမိနဲ့ ထိုးဖောက်လာနိုင်ခဲ့ပြီး ပွဲက ပိုပိုပြီး ကြည့်ကောင်းခဲ့ပါတယ်။ ဒီးရာ့ဇ်ရဲ့ ကန်ချက်ကြောင့် လွတ်ထွက်သွားတဲ့ ဘောလုံးကို အိုလီဗီယာ ဂျီရူး က အဆုံးသတ်ပေးခဲ့လို့ ပွဲချိန် ၇၅ မိနစ်မှာ အေစီမီလန်တို့ ချေပဂိုး စတင် ရရှိခဲ့ပါတယ်။ ဂိုးရပြီးတဲ့နောက် စိတ်ဓာတ် တက်သွားတဲ့ အေစီမီလန်တို့ ၃ မိနစ် အကြာမှာ နောက်ထပ် သွင်းဂိုး ရရှိခဲ့ပြီး ဒီဂိုး ကိုလည်း တိုက်စစ်မှူး အိုလီဗီယာ ဂျရူးက ကာလာဘရီယာ ဖန်တီးပေးမှုကနေ နောက်ပြန် လှည့်ထွက်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ နာကျင် အချိန်ပိုမှာ နောက်တန်းက သီယို ဟာနန်ဒက်ဇ် အနီကတ် ပြသခံခဲ့ရပေမယ့် ပွဲအဖြေ ကတော့ မပြောင်းလဲခဲ့လို့ ၁-၂ ရလဒ် နဲ့ပဲ အေစီမီလန် တို့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီရှုံးပွဲကြောင့် ဆိုင်မွန် အင်ဇာဂီရဲ့ အသင်းက စီးရီးအေ ၁၁ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခု ရပ်တန့်ခဲ့ရပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ တစ်ပွဲလျော့ ၁ မှတ် အသာနဲ့ ဆက်လက် ဦးဆောင်နိုင်ဆဲ ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နေဆဲ အင်တာမီလန်

မီလန်ဒါဘီ ကတော့ ဘယ်အချိန်ပဲ ကစား၊ ကစား။ ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ ဖျော်ဖြေမှု ရသ အပြည့်အဝ ပေးနိုင်ဆဲ ဖြစ်ပါတယ်။ အင်တာမီလန်တို့ ဂိုးပေါက် ကန်ချက်၊ ဂိုးပေါက်တည့်မှု အပိုင်းတွေမှာ ပိုသာခဲ့ပေမယ့် အေစီမီလန် ကတော့ ဂိုးပေါက်တည့်မှု ၃ ကြိမ်မှာ ၂ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးသမား နှစ်ဦးရဲ့ ထိပ်တန်း လက်စွမ်းကို မြင်တွေ့ခဲ့ရပြီး ဂျရူးရဲ့ တောက်ပမှုကြောင့်သာ အင်တာမီလန်တို့ ရှုံးပွဲ တွေ့သွားခဲ့တာ ဖြစ်ပါတယ်။ အိုလီဗီယာ ဂျရူး ကတော့ အေစီမီလန် အတွက် ဒီရာသီ စီးရီးအေ ပွဲစဉ် ၁၅ ပွဲ ကစားပြီး ၇ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒီရှုံးပွဲကြောင့် ဆိုင်မွန် အင်ဇာဂီရဲ့ အသင်းက စီးရီးအေ ၁၁ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခု ရပ်တန့်ခဲ့ရပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ တစ်ပွဲလျော့ ၁ မှတ် အသာနဲ့ ဆက်လက် ဦးဆောင်နိုင်ဆဲ ဖြစ်ပါတယ်။ အေစီမီလန် ကတော့ စီးရီးအေ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှု ကနေ အကောင်းဆုံး ပြန်လည် ရုန်းထနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာကို ယာယီ တက်လှမ်းထားနိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

အင်တာမီလန် အနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ရိုးမားနဲ့ ပွဲကြပ် ကစားရဖို့ ရှိသလို အေစီမီလန် ကလည်း နောက်ထပ် ရောမ မြို့ခံ အသင်း ဖြစ်တဲ့ လာဇီယိုနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်