နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကွာတားဖိုင်နယ် တက်ခဲ့ကြတဲ့ အီဂျစ်နဲ့ အီကွေတိုရီရယ် ဂီနီ (အာဖရိကနိုင်ငံများဖလား ၁၆ သင်း အဆင့်)

အာဖရိကနိုင်ငံများဖလား ၁၆သင်းအဆင့် နောက်ဆုံး ပွဲစဉ် ၂ ပွဲ မှာတော့ အီဂျစ်က အိုင်ဗရီကို့စ်၊ အီကွေတိုရီရယ် ဂီနီက မာလီကို ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့ကြပါတယ်။

နှစ်ပွဲစလုံး အချိန်ပို ကစားပြီးချိန် အထိ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရတာ ဖြစ်ပြီး အများစု ကြိုတင် တွက်ဆထားတဲ့ အတိုင်း အီဂျစ်တို့ ကွာတားဖိုင်နယ် တက်ခဲ့ပေမယ့် အီကွေတိုရီရယ် ဂီနီ ကတော့ မထင်မှတ်ပဲ မာလီကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


အိုင်ဗရီကို့စ် ၀-၀ အီဂျစ်

(ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၅နဲ့ အီဂျစ် အနိုင်ရ)

၂၀၂၁ အာဖရိကနိုင်ငံများဖလား ၁၆သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်တဲ့ အတိုင်း အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အီဂျစ် ဘက်မှာ မိုဟာမက်ဆာလာ၊ မိုဟာမက် အယ်နီနီ တို့လို နာမည်ကြီး ကစားသမားတွေ ဦးဆောင်လာခဲ့ပြီး အိုင်ဗရီကို့စ် ကလည်း နီကိုလက်စ် ပေပေ၊ ကတ်ဆေး၊ ဆဘက်ရှန် ဟော်လာ၊ အော်ရီရာ၊ အဲရစ် ဘိုင်ယီ တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ လူစာရင်းအရ ဆိုရင် အိုင်ဗရီကို့စ် ကတောင် ပိုသာခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ခြေစွမ်းပိုင်း မှာတော့ သူမသာ ကိုယ်မသာ အခြေအနေမှာ ရှိခဲ့ပါတယ်။

တစ်ပွဲလုံး အတိုင်းအတာနဲ့ အိုင်ဗရီကို့စ်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ဂိုးပေါက် ခြိမ်းခြောက်နိုင်မှု မှာတော့ ဆာလာ ပါဝင်တဲ့ အီဂျစ် တိုက်စစ်က ပိုပြီး လုပ်အားနှုန်း ကောင်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အိုင်ဗရီကို့စ် တိုက်စစ်က ဂိုးပေါက် ပိုတည့်ခဲ့ပြီး နောက်ခံလူတွေ ဖြစ်တဲ့ အက်ဘ်ဒဲလ်မိုနမ်၊ အိုမာကာမဲလ်နဲ့ ဟီဂါဇီနဲ့ ဂိုးသမား အဲလ်ရှနဝီရဲ့ လက်စွမ်းပြမှုကြောင့်သာ အီဂျစ်တို့ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။

အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ် မှာတော့ အီဂျစ်တို့ မော်ရိုကိုနဲ့ တွေ့ဆုံနေလို့ ခက်ခက်ခဲခဲ ကစားရဦးမှာ ဖြစ်ပြီး အီကွေတိုရီရယ် ဂီနီ အနေနဲ့ ကလည်း ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး ဆီနီဂေါနဲ့ သွားတွေ့တာကြောင့် ဘယ်လိုနည်းနဲ့မှ လွယ်ကူနိုင်ဖို့တော့ မရှိပါဘူး။
အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ အအောင်မြင်ဆုံး အဖြစ် အဆင့် ၄ နေရာ တစ်ကြိမ်သာ ရရှိဖူးတဲ့ အီကွေတိုရီရယ် ဂီနီ

ဒီနေ့ပွဲမှာ အာဆင်နယ် ကစားသမားတွေ ဖြစ်တဲ့ ပေပေနဲ့ အယ်နီနီတို့ သက်ဆိုင်ရာ အသင်းတွေ အတွက် ခြေစွမ်းပြခဲ့ကြပြီး အီဂျစ်က အယ်နီနီ ကတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ပင်နယ်တီ အဆုံးအဖြတ် မှာတော့ အီဂျစ်က ဆာလာ၊ မိုနမ်၊ ကာမဲလ်၊ ဆာလာ၊ ဇီဇို၊ အဲလ်ဆူလေယာတို့ အားလုံး ဂိုးဝင်ခဲ့ပြီး အိုင်ဗရီကို့စ် ကတော့ ပေပေ၊ ကော်နတ်၊ ဇာဟာ၊ ဆန်ဂါရီတို့ ဝင်အောင် ကန်သွင်းနိုင်ခဲ့ပေမယ့် အဲရစ် ဘိုင်ယီ လွဲချော်ခဲ့လို့ ၄-၅ ရလဒ်နဲ့ အီဂျစ်တို့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။


မာလီ ၀-၀ အီကွေတိုရီရယ် ဂီနီ

(ပင်နယ်တီ အဆုံးအဖြတ်မှာ ၅-၆နဲ့ အီကေတိုရီရယ်ဂီနီ အနိုင်ရ)

အသင်းငယ်တွေ ဖြစ်ပေမယ့် အဆိပ် ဘယ်လောက် ရှိသလဲ ဆိုတာ ဘာကီနာဖာဆို၊ ဂမ်ဘီယာ ပြီးရင် အီကွေတိုရီရယ် ဂီနီ တို့ သက်သေပြသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆက်ခို၊ ကီကီ ကိုယာတေး၊ ဟိုက်ဒါရာ၊ ထရာအိုရေး၊ ဘစ်ဆူးမား တို့လို့ ဥရောပ အခြေစိုက် ကစားသမားတွေနဲ့ ပွဲထွက်လာတဲ့ မာလီကို အားနည်းတဲ့ အီကွေတိုရီရယ်ဂီနီတို့ ပွဲချိန် မိနစ် ၁၂၀ ကျော် ခံကစားသွားခဲ့တာ ဖြစ်ပါတယ်။
မာလီ တိုက်စစ်က ပြိုင်ဘက်ကို တစ်ပွဲလုံး အလုပ်ရှုပ်စေနိုင်ခဲ့ပေမယ့် အီကွေတိုရီရယ်ရဲ့ မာကျောတဲ့ ခံစစ်ကြောင့် ဂိုးပေါက်တည့်မှု ၁ကြိမ်သာ ရှိခဲ့တဲ့ အထိ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီ မှာတော့ အီကွေတိုရီရယ် ဂီနီ ဘက်က အန်ဆူး၊ ဂနတ်တို့ နှစ်ဦးပဲ လွဲချော်ခဲ့ပေမယ့် မာလီ ဘက်က ဟိုက်ဒါရာ၊ ထရာအိုရေး၊ ဆက်ခို တို့ သုံးဦး အထိ လွဲချော်ခဲ့တာကြောင့် ၅-၆ ရလဒ်နဲ့ အီကွေတိုရီရယ်တို့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ် မှာတော့ အီဂျစ်တို့ မော်ရိုကိုနဲ့ တွေ့ဆုံနေလို့ ခက်ခက်ခဲခဲ ကစားရဦးမှာ ဖြစ်ပြီး အီကွေတိုရီရယ် ဂီနီ အနေနဲ့ ကလည်း ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး ဆီနီဂေါနဲ့ သွားတွေ့တာကြောင့် ဘယ်လိုနည်းနဲ့မှ လွယ်ကူနိုင်ဖို့တော့ မရှိပါဘူး။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်